နွေရာသီမှာ ရေဓာတ်မဆုံးရှုံးဖို့က အဓိကပါပဲ။ ရေများများသောက်ပေးဖို့ ဂရုစိုက်ပါ။ အထူးသဖြင့် မိုးလင်းတာနဲ့ ရေ ၂ ဖန်ခွက် ကနေ ၄ ဖန်ခွက်လောက်အထိ သောက်ထားပေးပါ။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်းလည်း အဆိုပါပမာဏအတိုင်း သောက်ပေးပါ။ တစ်နေ့တာအတွက် ရေ ၈ ခွက်ကနေ ၉ ခွက်ဝန်းကျင်အထိ သောက်ပေးဖို့ လိုအပ်ပါတယ်။ ဘယ်သွားသွား ရေဘူးဆောင်သွားဖို့လဲ မမေ့ပါနဲ့။
- လေ့ကျင့်ခန်းအလွန်အကျွံမလုပ်ပါနဲ့
အေရိုးဗစ်လို လေ့ကျင့်ခန်းမျိုးတွေက ကိုယ်တွင်း အပူချိန် ထိန်းညှိဖို့နဲ့ နှလုံးကျန်းမာဖို့အတွက် အရမ်းကို အထောက်အကူပြုတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ကိုယ်က နေ့စဉ်လေ့ကျင့်ခန်းလုပ်နေကြလူမျိုးဆိုရင် ပေါ့ပါးတဲ့လေ့ကျင့်ခန်းမျိုးတွေ၊ ယောဂလိုလေ့ကျင့်ခန်းမျိုးတွေပဲ လုပ်ပါ။ အလွန်အမင်းပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေဟာ ပူပြင်းတဲ့ရာသီဥတုတွေနဲ့ မသင့်လျော်ပါဘူး။
အစားအသောက် မှီဝဲရာမှာ အာဟာရပြည့်ဝစေဖို့ အဓိကထားရပါမယ်။ ကိုယ်အလေးချိန် လျှော့ချနေသူတွေအနေနဲ့ Diet စတိုင်နဲ့ အစားရှောင် စားသောက်တာမျိုးတွေကို တတ်နိုင်သမျှ လျှော့ချပြီး အာဟာရမျှတစွာစွားသောက်သင့်တဲ့အချိန်ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အသင့်စားအစားအသောက်တွေထက် အသီးအနှံတွေကို ပိုမိုမှီဝဲတာကလည်း ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။