ဖြစ်နိုင်တဲ့ အကြောင်းအရာတွေကတော့
ရင်သားမှာ Fibrocystic breast changes တွေဖြစ်လာတာ- Fibrocystic breast changes ဆိုတာ ပုံမှန် အဆီပြင်နဲ့ ဖွဲ့စည်းထားတဲ့ရင်သားမှာ fibrous တစ်ရှူးတွေ ဆဲလ်တွေ ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒီလိုနဲ့ ရင်သားမှာ အကျိတ်လေးတွေ စမ်းမိတာ ဖြစ်ပါတယ်။ ဒီလို အလုံးတွေ စမ်းမိတိုင်း ကင်ဆာဖြစ်နေဆိုတာ တော့ မဟုတ်ပါဘူး။ အလုံးက နေရာရွေ့လို့ရမယ်၊ မာခဲနေတာမျိုးလည်း မဟုတ်ဘူးဆိုရင် ကင်ဆာ မဖြစ်နိုင်ပါဘူး။
Galactorrhea – Galactorrhea ဆိုတာ နို့တိုက်ကျွေးခြင်း မရှိဘဲနဲ့လည်း ရင်သားကနေ နို့ရည်တွေ ထွက်နေတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီ ဖြစ်စဉ်ဟာ ရောဂါတစ်ခု မဟုတ်ပါဘူး။ Galactorrhea ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ် ။ သူတို့တွေကတော့
- Pituitary gland ကင်ဆာ
- ဟော်မုန်းဆေးတွေ၊ စိတ်ရောဂါကုဆေးတွေ နဲ့ ဆေးခြောက် ကြောင့် Galactorrhea ဖြစ်နိုင်သလို
- သိုင်းရွိုက်ဟော်မုန်း နည်းတဲ့ ပြဿနာတွေနဲ့
- နာနတ်ပွင့်၊ စမုံစပါး စတဲ့ တိုင်းရင်းဆေးတွေကလည်း Galactorrhea ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါပဲ ။
ရင်သားပိုးဝင်ခြင်း – ရင်သားကနေထွက်လာတဲ့ အရည်တွေထဲမှာ ပြည်တွေပါ ပါနေပြီဆိုရင်တော့ ဒါရင်သားပိုးဝင်တာဖြစ်နိုင်ပါတယ်။ ပြည်တွေနဲ့အတူ ရင်သားက ရောင်ရမ်းနာကျင်နေမယ်ဆိုရင်တော့ ဒါရင်သားမှာ ပိုးဝင်ပြီးအနာဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ နို့တိုက်နေတဲမိခင်ရော အပျိုတွေမှာရော ဖြစ်တတ်ပါတယ်။
Mammary duct ectasia – ပုံမှန် မဟုတ်တဲ့ ရင်သားကနေ အရည်ထွက်ခြင်းကို ဖြစ်စေတဲ့ ဒုတိယ အဖြစ်အများဆုံး အကြောင်းအရင်းပါ။ သွေးဆုံးခါနီးတဲ့ အမျိုးသမီးတွေ မှာ အဖြစ်များပြီး နို့ချောင်းတွေ ပိတ်ရာကနေ ပိုးတွေဝင်ပြီး အစိမ်းရောင် အရည်တွေ ထွက်လာတတ်ပါတယ်။
Intraductal papilloma – ကင်ဆာကြောင့် မဟုတ်ဘဲ ရင်သားမှာ နို့ချောင်းတွေ ပွားလာတာဖြစ်ပါတယ်။ ပွားတာများပြီး ရောင်ရမ်းလာတဲ့ နို့ချောင်းတွေကနေ သွေးလိုမျိုး အရည်တွေကို ထွက်စေပါတယ်။
နို့သီးခေါင်းကနေ အရည်တွေထွက်တဲ့ ပြဿနာနဲ့ ရင်သားကင်ဆာ ဆက်စပ်မှုရှိလား ။ ။
ရင်သားကနေ အရည်တွေထွက်တဲ့ ပြဿနာ အများစုဟာ ကင်ဆာ ကြောင့် မဟုတ်တဲ့ အကြောင်းအရာတွေ များပါတယ်။ ဒါပေမယ့် အရည်လည်းထွက်တယ်၊ ရင်သားမှာ မာခဲခဲ အကျိတ်လေးလည်း စမ်းမိတယ်၊ နေရာရွေ့လို့လည်း မရဘူး၊ ရင်သားဓာတ်မှန်ရိုက်ကြည့်တဲ့အခါမှာလည်း ပုံမှန် မဟုတ်တဲ့ ဆဲလ်တွေကို တွေ့ရပြီဆိုရင်တော့ ဒီထွက်တဲ့ အရည်တွေဟာ ရင်သားကင်ဆာကြောင့် ဖြစ်နိုင်ပါတယ်။
ရင်သားကင်ဆာနေရာပေါ်မူတည်ပြီး နို့သီးခေါင်းကနေ အရည်တွေထွက်နိုင်တဲ့ ပြဿနာတွေကတော့
- intraductal carcinoma – နို့ချောင်းထဲမှာ ကင်ဆာဆဲလ်တွေ ပွားနေခြင်း
- Paget’s disease – ရှားပါးတဲ့ ရင်သားကင်ဆာတစ်မျိုးဖြစ်ပြီး ရင်သားနဲ့ နို့သားခေါင်းပတ်လည်ကနေ သွေးလိုမျိုး အရည်တွေကို စိမ့်ထွက်စေတတ်တဲ့ ကင်ဆာ တစ်ခုပါ။
ဒီလို နို့သီးခေါင်းကနေ အရည်တွေထွက်လာတိုင်း စိတ်ပူရမယ်လို့တော့ မဆိုလိုပါဘူး။ အကောင်းဆုံးကတော့ ဒီလို ပုံမှန် မဟုတ်တာတွေ ဖြစ်လာပြီ၊ စိုးရိမ်စိတ်တွေလည်း များလာပြီ ဆိုတာနဲ့ ဆရာဝန်ဆီ သွားပြတာသာ အကောင်းဆုံးပါ။ ဖြစ်ရတဲ့ အကြောင်းအရင်းကို စောစောသိသွားတော့ အချိန်မီ ကုသမှုခံယူလိုက်ရင် ပိုပြီး ဆိုးဝါးတဲ့ အခြေအနေမျိုးတွေ မကြုံတွေ့ရတော့ဘူးပေါ့။ ရင်သားကင်ဆာဆိုတာလည်း ဆေးကုသမှု အချိန်မီ ခံယူရင် လုံးဝကို ကုသလို့ ပျောက်ကင်းတဲ့ ကင်ဆာတစ်ခုထဲမှာ ပါတယ်နော် ။ ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။