backup og meta

အကောင်းဆုံး အမျိုးသမီးသန့်စင်ဆေးရည် (Feminine wash) ရွေးချယ်ကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 01/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကောင်းဆုံး အမျိုးသမီးသန့်စင်ဆေးရည် (Feminine wash) ရွေးချယ်ကြမယ်

    တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် သန့်ရှင်းရေးသုံးပစ္စည်းအမျိုးစုံကို ရွေးချယ်ကြရပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီတိုင်းအတွက် ထုတ်ထားတဲ့ပစ္စည်းကတော့ အများကြီးပါ။ သေချာရွေးချယ်ဖို့ကတော့ ကိုယ်တိုင်မှာ တာဝန်အရှိဆုံးပါ။ ဒီနေရာမှာလေဒီတော်တော်များများက မလိုဘူးထင်ပြီး မေ့ထားတဲ့အရာတစ်ခုရှိနေပါတယ်။ ဒါကတော့ မိန်းမကိုယ်သန့်ရှင်းရေးပါ။ မိန်းမကိုယ်သန့်ရှင်းကျန်းမာမှ ကျန်းမာလှပတဲ့ လေဒီလေးဖြစ်မှာပါ။ ဒီတော့ ပြီးပြည့်စုံပြီးကျန်းမာတဲ့ မိန်းကလေးဖြစ်ဖို့ ဘယ်လိုနေရမလဲ။ ခေါင်းအစခြေအဆုံး အသုံးပြုတဲ့ ပစ္စည်းတွေကို သေချာရွေးမှာပေါ့။ ဒီတော့ အကောင်းဆုံး အမျိုးသမီးသန့်စင်ဆေးရည် (Feminine wash) ကို ဘယ်လို ရွေးချယ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲကို ဖတ်ကြည့်လိုက်ပါ။

    ခေါင်းလျှော်ရည်ဆိုလည်း ဆံသားနဲ့ ကိုက်ညီမှုရှိအောင်၊ မျက်နှာသစ်ဆေးဆိုလည်း အသားအရေနဲ့ ကိုက်အောင်၊ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းဆိုရင်လည်း အသားအရေနဲ့ လိုက်ဖက်မယ့်ဟာမျိုးကို ရွေးချယ်ပေးရမှာပါ။ အမျိုးသမီးသန့်စင်ဆေးရည်ဆိုလည်း ကိုယ်နဲ့ကိုက်ညီမယ့် အမျိုးအစားဖြစ်ဖို့လိုတာပေါ့။ ဒီဆောင်းပါးလေးထဲမှာ လေဒီတွေအတွက်လိုအပ်တဲ့ အမျိုးသမီးသန့်စင်ဆေးရည်ကို ဘယ်လိုရွေးချယ်ရမလဲ ပြောပြပေးမယ်နော်။

    လေဒီတိုင်း သိထားသင့်တဲ့ အကြောင်းအရာလေးတွေ

    တစ်နေ့တာလုံး အနံ့အသက်ဆိုးကင်းစင်ပြီး လတ်ဆတ်တဲ့ ကိုယ်သင်းနံ့နဲ့ ကျန်းမာလန်းဆန်းတဲ့ လေဒီလေးဖြစ်နေစေဖို့ အမျိုးသမီးသန့်စင်ဆေးရည်ကို အသုံးပြုကြပါတယ်။ လစဉ်ကြုံတွေ့နေကျပြဿနာကို ခံစားရချိန်မှာဆိုရင် အနံ့အသက်ဆိုးကြောင့် ကိုယ်တိုင်မှာရော အခြားသူတွေကိုပါ စိတ်အနှောင့်အယှက်ဖြစ်မှာကို မလိုလားတဲ့အတွက်လည်း အမျိုးသမီးသန့်စင်ဆေးရည်ကို အသုံးပြုကြပါတယ်။

    အမျိုးသမီးသန့်စင်ဆေးရည် (Feminine wash) အသုံးပြုတဲ့အခါ အရေးအကြီးဆုံးအချက်က ရွေးချယ်မှုမှန်ကန်ဖို့နဲ့ အသုံးပြုနည်းမှန်ကန်ဖို့ပါ။ မိန်းမကိုယ်ကို သန့်စင်တဲ့နည်းလမ်းမမှန်ဘူး။ ရွေးချယ်မှုမှားမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလာနိုင်ပါတယ်။ နောက်တစ်ခုက မိန်းမကိုယ်သန့်စင်တဲ့နည်းလမ်းက မမှန်ဘူးဆိုရင် မှိုပိုးကူးစက်ခံရနိုင်ခြေပိုများသလို ၊ ဆီးလမ်းကြောင်းပိုးဝင်တာမိန်းမကိုယ်ခြောက်သွေ့တာ နဲ့ ဘက်တီးရီးယားတွေပေါက်ဖွားမှုကြောင့် အနံ့အသက်ဆိုးဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။

    အကောင်းဆုံး အမျိုးသမီးသန့်စင်ဆေးရည် (Feminine wash) ရွေးချယ်တဲ့အခါ

    ခန္ဓာကိုယ်ရဲ့ နူးညံ့တဲ့အစိတ်အပိုင်းကို သန့်စင်ဆေးကြောမှာဖြစ်တဲ့အတွက် သေချာရွေးချယ်ပေးပါ။ အမျိုးသမီးသန့်စင်ဆေးရည်ရွေးတဲ့အခါ သေချာသတိထားနိုင်မှ တော်ကာကျမှာပါ။ ဒီအချက်လေးကို သတိထားရွေးချယ်မယ်ဆိုရင် ကျန်းမာလန်းဆန်းတဲ့လေဒီလေးအဖြစ် နေ့ရက်တိုင်းကို ပေါ့ပါးစွာနဲ့ ဖြတ်သန်းနိုင်မှာပါ။

    • သဘာဝဆန်တာကို ရွေးချယ်ပါ

    အလှကုန်ဖြစ်ဖြစ်၊ သန့်စင်ဆေးရည်တွေဖြစ်ဖြစ် ရွေးချယ်တဲ့အခါ သဘာဝနဲ့နီးစပ်လေလေ အဆင်ပြေလေလေပါ။ Organic Productsတွေက ဓာတုပစ္စည်းအပြင်းစားတွေပါတာထက် ကောင်းကျိုးများပါတယ်။ ဓာတ်မတည့်မှု ဖြစ်နိုင်ခြေနည်းစေပါတယ်။ ဒါကြောင့် အမျိုးသမီးသန့်စင်ဆေးရည် ရွေးချယ်တဲ့အခါ သဘာဝပစ္စည်းတွေကို အခြေခံပြီးထုတ်ထားတာမျိုးကို ရွေးချယ်ပေးပါ။

    • pH ပမာဏ သင့်တင့်မျှတတာကို ရွေးချယ်ပေးပါ

    pH ပမာဏက များလည်း မကောင်းသလို နည်းလွန်းရင်လည်း အဆင်မပြေပါဘူး။ ဒါကြောင့် အစိုဓာတ်ထိန်းပေးပြီး ဘက်တီးရီးယားပေါက်ဖွားမှုတွေကနေ ကာကွယ်ဖို့အတွက် pH ပမာဏ သင့်တင့်မျှတတဲ့ အမျိုးသမီးသန့်စင်ဆေးရည်ကိုရွေးချယ်ဝယ်ယူပေးပါ။

    • Povidone Iodine ပါတာကို ရွေးချယ်ပေးပါ

    Povidone Iodine 10% က ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေကို ဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။ မိန်းမကိုယ်ယားယံပြီး စပ်ဖျင်းဖျင်းဖြစ်တာကိုလည်း သက်သာစေနိုင်ပါတယ်။ ပိုးတွေကို ရှင်းလင်းပေးတဲ့အတွက် အနံ့ဆိုးထွက်တာကိုလည်း ကာကွယ်ပေးပါတယ်။

    ဘက်တီးရီးယားဆိုတိုင်း မကောင်းတာမဟုတ်ပါဘူး။ အကျိုးပြုဘက်တီးရီးယားတွေ ရှိသလို အကျိုးမပြုတဲ့ဘက်တီးရီးယားတွေလည်း ရှိပါတယ်။ ဒီတော့ အကျိုးပြု ဘက်တီးရီးယားလေးတွေ ကောင်းကောင်းရှင်သန်ပြီး ရောဂါဖြစ်စေတဲ့ ပိုးတွေ ဝင်ရောက်မှုအခြေအနေတွေကနေ ကာကွယ်နိုင်ဖို့အတွက် အမျိုးသမီးသန့်စင်ဆေးရည်ဝယ်ယူတဲ့အခါ အကျိုးပြုဘက်တီးရီးယားအာဟာရပါတာမျိုးကို ရွေးချယ်ပေးပါ။

    • အရောင်မပါတာကို ရွေးချယ်ပါ

    အရောင်မပါတာက အရောင်ဆိုးဆေး မပါဝင်ဘူးလေ။ ဒါကြောင့် အရောင်မပါတာက ပိုအဆင်ပြေမှာပါ။ အရောင်တောက်လေလေ ဓာတုပစ္စည်းပါဝင်မှုများလေလေပါ။ ဒါကြောင့် အရေပြားကိုထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းကင်းစင်စေဖို့ဆိုရင် အရောင်မပါတာကိုရွေးပေးပါ။

    မွှေးရနံ့ကို လေဒီတိုင်းကြိုက်တာသိပေမယ့် အမျိုးသမီးသန့်စင်ဆေးရည် ရွေးချယ်မယ်ဆိုရင်တော့ အနံ့ပြင်းတာမျိုးကို ရှောင်ပါ။ အနံ့ပြင်းတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေမှာ မိန်းမကိုယ်ကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးသန့်စင်ဆေးရည် ဝယ်ယူတဲ့အခါ အနံ့လုံးဝမပါတာမျိုး ဒါမှမဟုတ် အနံ့ခပ်ပျော့ပျော့လေးပါတာမျိုးကိုပဲ ရွေးချယ်ဝယ်ယူပေးပါ။

    • Lactic acid ပါတာကို ရွေးချယ်ပေးပါ

    Latic acid က သန့်စင်ပေးနိုင်တဲ့ အာနိသင်ရှိသလို pH ပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ဘက်တီးရီးယားပေါက်ဖွားမှုကို ထိန်းညှိပေးပြီးရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးသန့်စင်ဆေးရည် ဝယ်ယူတဲ့အခါ ပါဝင်ပစ္စည်းထဲမှာ Latic acid ပါဝင်တာကိုရွေးချယ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 01/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement