backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Vaginismus (နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်း)


Phyo Wai Yan မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်း ဆိုတာဘာလဲ။

တချို့မိန်းမတွေအတွက် ယောနိအတွင်းဖောက်ထွင်းဝင်ရောက်မှုခံရတဲ့အခါ မွေးလမ်းကြောင်း ကြွက်သားတွေက သူ့အလိုလို၊ အချိန်ကြာမြင့်စွာ ညှစ်ကြပါတယ်။ ထိုကြွက်သားညှစ်မှုကို Vaginismus လို့ခေါ်ပြီး လိင်မဆက်ဆံနိုင်ခြင်း၊ နာကျင်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အောက်ပါတို့ ပြုလုပ်တဲ့အခါ ဖြစ်ပွားနိုင်ပါတယ်။

  • ထိုးသွင်းလိင်ဆက်ဆံမှုပြုလုပ်ခံရခြင်း
  • တမ်ပွန်ထည့်ခြင်း
  • ယောနိတစ်ဝိုက်ကို ထိမိခြင်း

နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်းက လိင်စိတ်ကြွမှုကို မထိခိုက်စေနိုင်သော်လည်း ထိုးဖောက်လိင်ဆက်ဆံခြင်းကိုတော့ မပြုလုပ်နိုင်စေပါဘူး။

  • မူလ နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်း – ထိုအခြေအနေမှာ ထိုးဖောက်လိင်ဆက်ဆံခြင်း မပြုလုပ်ဖူးပါဘူး။
  • အခြားအကြောင်းအရင်းများကြောင့် နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်း – ထိုးဖောက်လိင်ဆက်ဆံခြင်းပြုလုပ်ဖူးသော်လည်း နောက်ထပ်မပြုလုပ်နိုင်တော့ပါဘူး။ မီးယပ်ဆိုင်ရာခွဲစိတ်မှုများ၊ ထိခိုက်မှုများနဲ့ ဓါတ်ရောင်ခြည်သင့်မှုများကြောင့် ဖြစ်နိုင်ပါတယ်။

နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

  • နာကျင်သောလိင်ဆက်ဆံခြင်း – နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်းရဲ့ ပထမဆုံး လက္ခဏာဖြစ်တာများပါတယ်။ ထိုးသွင်းလိင်ဆက်ဆံမှသာ နာကျင်တာပါ။ ထုတ်လိုက်တာနဲ့ ပျောက်ကွယ်သွားတယ်ဆိုသော်လည်း အမြဲတမ်းတော့ မဟုတ်ပါဘူး။ နာကျင်မှုကို ဆွဲဖြဲသလို/ နံရံနဲ့ကိုင်ရိုက်ခံရသလို ဖော်ပြနိုင်ပါတယ်။
  • ဆရာဝန်တင်ပါးဆုံတစ်ဝိုက် စစ်ဆေးမှုပြုလုပ်ချိန်နဲ့ တမ်ပွန်သွင်းတဲ့အချိန်မှာလည်း နာကျင်နိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်း ဖြစ်ပွားစေသလဲ။

နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်း ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ဆရာဝန်တွေ မသိကြပါဘူး။ လိင်ဆက်ဆံမှုကို ကြောက်ရွံ့မှု၊ စိတ်လှုပ်ရှားမှုတွေကြောင့် ဖြစ်ရတယ်လို့တော့ ထင်ရပါတယ်။ ဘယ်ဟာက အရင်လာလဲဆိုတာတော့ မသေချာမရေရာသေးပါဘူး။

တချို့မိန်းမတွေက မွေးလမ်းကြောင်းထဲကို ဘယ်အချိန်ပဲဖြစ်ဖြစ် ဘာပဲဝင်ဝင် နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်းခံစားကြရပါတယ်။ တချို့တွေကတော့ လိင်ဆက်ဆံဖော်တစ်ယောက်တည်းနဲ့သာဖြစ်ပြီး အခြားအဖော်တို့ဖြင့် မဖြစ်ခြင်း၊ လိင်ဆက်ဆံမှုတစ်ခုတည်းနဲ့သာဖြစ်ခြင်း၊ တမ်ပွန်ဖြင့်မဖြစ်ခြင်း၊ ကျန်းမာရေးစစ်ဆေးမှုတို့ပြုလုပ်စဉ်မဖြစ်ပေါ်ခြင်းတို့ ရှိတတ်ကြပါတယ်။ တချို့က သွေးဆုံးပြီး ရရှိတတ်ပါတယ်။ အီစထရိုဂျင်နည်းသွားတဲ့အခါ မွေးလမ်းကြောင်း ချောဆီမထွက်တော့ခြင်း၊ ကျုံ့နိုင်ဆန့်နိုင်စွမ်းမရှိတော့ခြင်းတို့ကြောင့် လိင်ဆက်ဆံဖို့ ခက်ခဲသွားကာ မဖြစ်နိုင်တော့သလောက်ပါပဲ။ ပိုးဝင်ခြင်းလိုမျိုး အခြေအနေတွေကြောင့်လည်း နာကျင်သောလိင်ဆက်ဆံမှုမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ လိင်ဆက်ဆံစဉ် ဘာကြောင့်နာကျင်ရသလဲဆိုတာနဲ့ ပတ်သက်ပြီး ဆရာဝန်ပြသဖို့ အရေးကြီးပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

ဘယ်အရာတွေက နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

ထိုအခြေအနေဟာ အရင်တုန်းက မုဒိန်းကျင့်ခံရခြင်း၊ နာကျင်စွာလိင်ဆက်ဆံခံရခြင်းနဲ့ စိတ်ခံစားမှုတို့ဖြင့် သက်ဆိုင်နေပါတယ်။

နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်း ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်းကို စစ်ဆေးအတည်ပြုဖို့က ရောဂါလက္ခဏာများကို ပြောပြခြင်းဖြင့် စတင်ပါတယ်။ ဖြစ်တာဘယ်လောက်ကြာပြီလဲ၊ ဘယ်နှစ်ကြိမ်လောက်ဖြစ်လဲ၊ ဘာတွေကြောင့်ဖြစ်နေတာလဲဆိုတဲ့ မေးခွန်းတွေ မေးမြန်းနိုင်ပါတယ်။ အဓမ္မပြုကျင့်ခံရလား၊ မုဒိန်းကျင့်ခံရလားဆိုတဲ့ မေးခွန်းတွေလည်း မေးမြန်းနိုင်ပါတယ်။ ယေဘုယျအားဖြင့် တင်ပါးဆုံတစ်ဝိုက် စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။ နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်းရှိတဲ့မိန်းမတွေက တင်ပါးဆုံတစ်ဝိုက်စစ်ဆေးမှုကို ကြောက်ကြတာများပါတယ်။ တကယ်လို့ ပြုလုပ်ရမယ်ဆိုရင် သင့်အတွက် သက်တောင့်သက်တာအဖြစ်ဆုံး စမ်းသပ်နည်းပုံစံကို ဆရာဝန်ဖြင့် ညှိနိုင်ပါတယ်။ တချို့မိန်းမတွေက ဒူးထောင်ပေါင်ကားပုံစံကို မကြိုက်ကြဘဲ အခြားသော ပုံစံတွေဖြင့် ပြုလုပ်ချင်ကြပါတယ်။ ဆရာဝန်ဘာလုပ်နေတယ်ဆိုတာကို မှန်ဖြင့် ကြည့်နေခြင်းဖြင့် စိတ်ချလက်ချနေနိုင်ပါတယ်။

နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်းရှိမယ်လို့ ဆရာဝန်က သံသယရှိမယ်ဆိုရင် တတ်နိုင်သမျှညှင်သာစွာ ပြုလုပ်ပေးပါလိမ့်မယ်။ မွေးလမ်းကြောင်းထဲကို လက်ထည့်ရာမှာ ပိုမိုလွယ်ကူစေဖို့ သင့်အကူအညီတောင်းနိုင်ပါတယ်။ ဘာတွေလုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။

စစ်ဆေးမှုမှာ ပိုးဝင်ခြင်းနဲ့ အမာရွတ်တို့ကို ရှာဖွေမှာပါ။ နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်းမှာဆိုရင် ကြွက်သားတွေညှစ်ဖို့ရာ ရုပ်ပိုင်းဆိုင်ရာ အကြောင်းပြချက်တွေ မတွေ့ရပါဘူး။ ဆိုလိုတာက နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်းရှိမယ်ဆိုရင် ရောဂါလက္ခဏာရဲ့ နောက်ထပ်အကြောင်းအရင်းတွေ ရှာဖွေမှာ မဟုတ်တော့ပါဘူး။

နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်း ကို ဘယ်လိုကုသလဲ။

နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်းဆိုတာ ကုသနိုင်သော ရောဂါပါ။ ကုသမှုမှာ ပညာပေးခြင်း၊ တိုင်ပင်ဆွေးနွေးပေးခြင်းနဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ပါဝင်ပါတယ်။

လိင်ပိုင်းဆိုင်ရာကုထုံးနဲ့တိုင်ပင်ဆွေးနွေးခြင်း

ပညာပေးခြင်းမှာ ခန္ဓါကိုယ်ဖွဲ့စီးတည်ဆောက်ပုံ၊ လိင်စိတ်ကြွနေစဉ်နဲ့ လိင်ဆက်ဆံနေစဉ်ဖြစ်ပျက်သောအရာများအား သိရှိစေခြင်းတို့ပါဝင်ပါတယ်။ နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်းမှာ ပါဝင်တဲ့ ကြွက်သားတွေကိုလည်း သိရမှာပါ။ ခန္ဓါကိုယ် အစိတ်အပိုင်းတွေ ဘယ်လိုအလုပ်လုပ်တယ်၊ ဘယ်လိုတုံ့ပြန်တယ်ဆိုတာတွေကို သိရှိသွားမှာပါ။ လိင်မှုရေးရာကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးတာက အထောက်အကူပြုနိုင်ပါတယ်။ စိတ်ပြေလျော့ခြင်းနဲ့ အိပ်ငွေ့ချကုထုံးတွေကလည်း လိင်ဆက်ဆံမှုမှာ စိတ်သက်တောင့်သက်တာဖြစ်စေဖို့ အကူအညီပေးနိုင်ပါတယ်။

မွေးလမ်းကြောင်းချဲ့ခြင်း

ဆရာဝန်တွေ အကြံပေးသူတွေက ကျွမ်းကျင်သူတွေရဲ့ ကြီးကြပ်မှုဖြင့် မွေးလမ်းကြောင်းချဲ့ဖို့ အကြံပြုနိုင်ပါတယ်။

ကတော့ပုံစံချဲ့စက်ကို မွေးလမ်းကြောင်းထဲထည့်ပါတယ်။ ထိုစက်က တစ်ဖြည်ဖြည်းချင်း ကြီးလာပါလိမ့်မယ်။ ထိုသို့ပြုလုပ်ခြင်းက မွေးလမ်းကြောင်း ကြွက်သားတွေကို ပြေလျော့စေပြီး ပိုပြီး ကျုံ့နိုင်ဆန့်နိုင်ဖြစ်လာစေပါတယ်။ ကာမစပ်ယှက်ခြင်းကို ပိုမိုကောင်းမွန်စေဖို့ သင့်ကြင်ဖော်ကို ထိုစက်ထည့်တဲ့ နေရာမှာ ကူညီခိုင်းနိုင်ပါတယ်။ ထိုလုပ်ငန်းစဉ်ပြီးသွားပါက သင်နဲ့သင့်ကြင်ဖော် လိင်ဆက်ဆံဖို့ ကြိုးစားကြည့်နိုင်ပါပြီ။

ကီဂယ်လေ့ကျင့်ခန်း

ကီဂယ်ဆိုတာ မွေးလမ်းကြောင်း၊ အူမကြီးနဲ့ ဆီးအိမ်တို့ကို ထိန်းချုပ်သည့် တင်ပါးဆုံအောက်ခံကြွက်သားကို ကျုံ့လိုက်၊ဆန့်လိုက်နဲ့ သန်မာအောင် လုပ်ပေးသော လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဆီးသွားတဲ့အချိန်မှာ ထိုကြွက်သားတွေကို ခံစားကြည့်နိုင်ပါတယ်။ ဆီးစသွားပြီဆိုတာနဲ့ ဆီးသွားတာကို ချက်ချင်းရပ်ဖို့ကြိုးစားပါ။ ကြွက်သားအချို့ညှစ်ပြီး ရွေ့လျားသွားတာကို ခံစားရမှာပါ။ ထိုကြွက်သားတွေဟာ အုပ်စုတစ်စုတည်းဖြစ်တဲ့အတွက်ကြောင့် ညှစ်ခြင်း၊လျော့ခြင်းကို အတူတကွပြုလုပ်ကြပါတယ်။

ကီဂယ်က သင့်ကြွက်သားတွေကို ပိုမိုထိန်းချုပ်လာနိုင်အောင် ကူညီပေးပါတယ်။ အောက်ပါအဆင့်များဖြင့် ပြုလုပ်သွားပါ။

  • ဆီးအကုန်သွားပါ။
  • တင်ပါးဆုံးအောက်ခံကြွက်သားကို ကျုံ့လိုက်ပြီး ၁၀အထိရည်ပါ။
  • ကြွက်သားကို ပြန်လျော့ပြီး နောက်ထပ် ၁၀ထိရည်ပါ။
  • ထိုသို့၁၀ခေါက်သွားပြီး တစ်ရက်ကို ၃ခါလုပ်ပါ။

လိုချင်တဲ့ကြွက်သားကို အပြည့်အဝသန်မာစေရန် လေ့ကျင့်ခန်းပြုလုပ်ရာမှာ ဝမ်းဗိုက်၊ တင်ပါးနဲ့ ပေါင်ကြွက်သားတို့ကို အသုံးမပြုပါနဲ့။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နာကျင်သောမွေးလမ်းကြောင်းညှစ်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

လိင်မှုကိစ္စချို့ယွင်းတယ်ဆိုတာ အချစ်ရေးအချစ်ရာမှာ ပြဿနာတစ်ခုဖြစ်စေပါတယ်။ ကုသမှုက အိမ်ထောင်တစ်ခု၊ အချစ်တစ်ခုကို ကယ်တင်တဲ့နေရာ အရေးကြီးပါတယ်။

ဘာမှရှက်စရာမလိုဘူးဆိုတာကို ခေါင်းထဲထည့်ထားရပါမယ်။ လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်တဲ့ ကြောက်ရွံ့မှုတွေ၊ ခံစားချက်တွေကို ကြင်ဖော်အားပြောပြခြင်းက စိတ်သက်သာရာ ရရှိစေနိုင်ပါတယ်။

ဆရာဝန်တွေက ထိုရောဂါကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ နည်းလမ်းတွေပေးနိုင်ပါတယ်။ လူအများစုက ပြန်လည်ကောင်းမွန်သွားကြပြီး ပျော်ရွှင်ဖွယ်လိင်မှုဘဝကို ရရှိသွားကြပါတယ်။ လိင်မှုရေးရာကျွမ်းကျင်သူဖြင့် ကုသမှုက အရေးပါပါတယ်။ ချောဆီသုံးတာ၊ လိင်ဆက်ဆံတဲ့ ကိုယ်နေကိုယ်ထားပြောင်းတာတွေက သက်တောင့်သက်သာဖြစ်သွားစေနိုင်ပါတယ်။ သင်နဲ့သင့်ကြင်ဖော်အတွက် ဘာကအဆင်ပြေမယ်ဆိုတာ စမ်းသပ်ရှာဖွေကြည့်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Phyo Wai Yan မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement