backup og meta

မီးယပ်ရောဂါဖြစ်စေတဲ့ အချက် ၄ ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မီးယပ်ရောဂါဖြစ်စေတဲ့ အချက် ၄ ချက်

    မီးယပ်ရောဂါဟာ အတော်စိတ်ညစ်ရသလို မသက်မသာလဲ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လို တိတိပပကိစ္စတွေက မီးယပ်ရောဂါကို ဖြစ်စေတာလဲ။ အောက်မှဖော်ပြထားတဲ့ အကြောင်းအရာက မီးယပ်ရောဂါဖြစ်စေတဲ့ အချက် ၄ ချက်အကြောင်း အချက်အလက်တွေကို ပေးပါလိမ့်မယ်။

    မီးယပ်ရောဂါအကြောင်း ဘာသိလဲ။

    မီးယပ်ရောဂါကို အမျိုးသမီး မျိုးပွားစနစ်ရဲ့ လုပ်ဆောင်မှုအပေါ် ထင်ထင်ရှားရှား သက်ရောက်မှုရှိတဲ့ စနစ်မကျမှုလို့ မြင်ကြပါတယ်။ မကြာခဏ အမြင်ရဆုံးဖြစ်တဲ့ လက္ခဏာတွေကတော့ ယောနိယားယံခြင်း၊ ရာသီလာခြင်း၊ တင်ပါးဆုံနာကျင်ကိုက်ခဲခြင်း၊ ယောနိမှ မူမမှန်သော သွေးဆင်းခြင်း၊ ရင်သားနာကျင်ခြင်းနဲ့ အကျိတ်ထွက်ခြင်းတို့ ဖြစ်ပါတယ်။ အဲ့လက္ခဏာတွေရဲ့ ပြင်းထန်မှုက ပုံမှန်ဆိုရင် အမျိုးသမီးတွေရဲ့ အသက်ပေါ် မူတည်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလက္ခဏာတွေက အသက်ကြီးတာနဲ့အတူ ပြောင်းလဲလာတဲ့ ဟော်မုန်းတွေကြောင့် ဖြစ်လာတဲ့အတွက်ပါ။ ဒါ့အပြင် hairsutism သို့မဟုတ် hairiness လို့ သိကြတဲ့ အမွှေးအမျှင် ထူထပ်ခြင်းကလဲ မီးယပ်လက္ခဏာလို့ တခါတရံ သတ်မှတ်တတ်ပါတယ်။ အမျိုးသမီးတွေအတွက် အမွှေးအမျှင်ထူတယ်ဆိုတာ ပုံမှန်မဟုတ်လို့ပါ။ ထပ်ပြောရရင် အမွှေးအမျှင်ထူတာဟာ အမျိုးသမီး မျိုးပွားစနစ်ကို သက်ရောက်စေတဲ့ အမျိုးသားဟော်မုန်းပမာဏ များပြားခြင်းကြောင့်ဖြစ်ပါတယ်။

    မီးယပ်ရောဂါဖြစ်စေတဲ့ အချက် ၄ ချက်

    ၁။ သားအိမ်ခေါင်းကင်ဆာ

    သားအိမ်ခေါင်းကင်ဆာဟာ ထိန်းချုပ်လို့သာ ရနိုင်ပြီး ကုသလို့ မရနိုင်တဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ ဆိုလိုတာကတော့ အမျိုးသမီးတွေဟာ သူတို့ သက်တမ်းတလျှောက်မှာ တချိန်ချိန်တော့ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ပါတယ်။

    သားအိမ်ခေါင်းကင်ဆာရှိတဲ့ အမျိုးသမီးအချို့က ဗိုင်းရပ်စ်ရှိတဲ့ လက္ခဏာ မပြကြပါဘူး။ pap smear လို့ခေါ်တဲ့ စမ်းသပ်မှုဖြင့်သာ ရှိ၊ မရှိ သိနိုင်ပါတယ်။ တခြားတစ်ဖက်မှာ သားအိမ်ခေါင်းကင်ဆာ လက္ခဏာပြတဲ့ အမျိုးသမီးတွေမှာ အဖြူရောင်၊ ခရမ်းရောင်၊ မီးခိုးရောင် လိင်အင်္ဂါကြွက်နို့တွေက ယောနိ သို့မဟုတ် စအို၊ ယောနိအပြင်ပိုင်း သို့မဟုတ် ပေါင်ခြံတွေမှာ လက္ခဏာအနေနဲ့ ပေါ်လာတတ်ပါတယ်။ လိင်အင်္ဂါကြွက်နို့ဖြစ်တဲ့သူတွေဟာ နာကျင်မှုကို ခံစားရတတ်ပါတယ်။ တချို့အမျိုးအစားဗိုင်းရပ်စ်တွေက သားအိမ်ခေါင်းကင်ဆာ သို့မဟုတ် သားအိမ်ခေါင်းနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

    ၂။ မကူးစက်နိုင်တဲ့ ယောနိရောင်ရမ်းခြင်း

    မကူးစက်နိုင်တဲ့ ယောနိရောင်ရမ်းခြင်းဆိုတာ ယောနိအတွက်သုံးတဲ့ လိမ်းဆေး၊ မှုတ်ဆေး သို့မဟုတ် ဆပ်ပြာ၊ ချေးချွတ်ဆေးနဲ့ အဝတ်အမွှေးဆီတို့နဲ့ ဓါတ်မတည့်ခြင်း သို့မဟုတ် ကျိန်းစပ်ခြင်းတို့ရဲ့ စံရလဒ်တစ်ခု ဖြစ်ပါတယ်။ ဒါဖြစ်စေတဲ့ ပစ္စည်းတွေကို အသုံးမပြုတော့တာနဲ့ အချိန်အနည်းငယ် ကြာသွားရင် ဒီလက္ခဏာတွေဟာ ပျောက်ကွယ်သွားပါလိမ့်မယ်။ ဒါပေမယ့် သင့်ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့သူက ကျိန်းစပ်မှု ပျောက်တဲ့အထိ သက်သာအောင် လိမ်းဆေးတစ်မျိုးကို ညွှန်နိုင်ပါတယ်။

    ၃။ Yeast infections

    Yeast infection ဆိုတာ candida လို့ခေါ်တဲ့ မှိုတစ်မျိုးကြောင့် ဖြစ်တဲ့ ကူးစက်မှုမျိုးပါ။ yeast infection ရဲ့ သိသာထင်ရှားတဲ့ ရောဂါလက္ခဏာကတော့ စေးပစ်တဲ့ အဖြူတွေ ယောနိမှ ဆင်းတာ ဖြစ်ပါတယ်။ တချို့အမျိုးသမီးတွေမှာ ယောနိအပြင်သားက နီရဲပြီး ယားယံနေချိန်မှာကို အဖြူဆင်းတာ ခံစားကြရပါတယ်။ ဒါပေမယ့် yeast infection အတွက် ကုသမှုတွေဟာ ဆရာဝန်လက်မှတ်မပါပဲ အလွယ်တကူရနိုင်ပါတယ်။ အကယ်၍ သင့်မှာ yeast infection ရှိတယ်လို့ သံသယရှိပါက တခြားရောဂါရှာဖွေရန်နဲ့ ကုသမှုခံယူရန် ဆေးခန်းသွားတာက အကောင်းဆုံးပါ။

    ၄။ Bacterial vaginosis

    ယောနိမှာရှိတဲ့ ဘက်တီးရီးယားတွေ အဆမတန် ကြီးထွားမှုကြောင့် ဖြစ်တာပါ။ ဒီရောဂါခံစားရတဲ့ အမျိုးသမီးတွေမှာ ငါးညှီနံ့နဲ့ နို့နှစ်ရောင် အရည်ကျဲတွေ ဆင်းတတ်ပါတယ်။ ဒီဖြစ်ရပ်မှာဆိုရင် နောက်ထပ် ကုသမှုနဲ့ ဆေးတွေအတွက် ဆရာဝန်ဖြင့် ပြသသင့်ပါတယ်။

    မီးယပ်ရောဂါဟာ ဘဝရဲ့ ကဏ္ဍအတော်များများအပေါ် သက်ရောက်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ ဆေးခန်းကို မှန်မှန်သွားပြီး သူမတို့ ခန္ဓါကိုယ်သည် နာမကျန်းမှု၊ ရောဂါ ဘာမှမရှိဘဲ ပုံမှန် အလုပ်လုပ်နေသလားဆိုတာ စစ်ဆေးဖို့ အကြံဉာဏ်ပေးထားပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement