အချိန်ကြာလာတာနဲ့အမျှ မွေးလမ်းကြောင်းတစ်ခုက ဘယ်လိုပြောင်းလဲသွားသလဲ။
ကလေးမွေးပြီးသား မွေးလမ်းကြောင်းနဲ့ မမွေးရသေးတဲ့ မွေးလမ်းကြောင်းတွေရဲ့ အလျားဟာ ဘာကွာခြားမှုမှ မရှိဘူးလို့ လေ့လာချက်တွေ ကဆိုပါတယ်။ ဒါ့အပြင် မွေးလမ်းကြောင်းတစ်ခုဟာ ပုံပန်းသွင်ပြင်နဲ့ အတွင်းပိုင်း အစိတ်အပိုင်းဖွဲ့စည်းပုံတွေလည်း ပြောင်းလဲသွားခြင်းမရှိပါဘူး။ ဒါ့အပြင် မွေးလမ်းကြောင်းတစ်ခုရဲ့ အလျားဟာ အသက်ကြီးလာရင်လည်း ပြောင်းလဲသွားခြင်းမရှိပါဘူး။
သို့ပေမဲ့ labia ၂ ခုဖြစ်တဲ့ labia majora လို့ခေါ်တဲ့ အမျိုးသမီး အင်္ဂါဇာတ်ရဲ့ အပြင်ဘက်နှုတ်ခမ်းကြီးနဲ့ labia majora ၂ ခုကြားမှာရှိတဲ့ labia minora လို့ခေါ်တဲ့ အတွင်းပိုင်း နှုတ်ခမ်းသေးတို့နဲ့ ဖွဲ့စည်းထားတဲ့ Labia တို့ဟာ အချိန်ကြာလာတာနဲ့အမျှ ပိုပြီးသေးသွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓါကိုယ်တွင်း အီစရိုဂျင် ဟော်မုန်း ထုတ်လုပ်မှုဟာ အသက်ကြီးလာတာနဲ့ အမျှ လျော့နည်းသွားပါတယ်။ ဒီလိုလျော့နည်းသွားတဲ့ အခါမှာ ခန္ဓါကိုယ်က အဆီတွေနဲ့ ကိုလာဂျင် ပရိုတင်းတို့လည်း နည်းပါးသွားတာကြောင့် Labia တွေပိုသေးသွားတာ ဖြစ်ပါတယ်။
ဒီလိုအသက်ကြီးလာတဲ့နဲ့ အမျှ ဟော်မုန်းပြောင်းလဲမှု ဖြစ်ပြီး လိင်အင်္ဂါအရောင်တွေကလည်း ပိုပြီး နုသွားနိုင်လို ပိုပြီး အရောင်နက်သွားနိုင်ပါတယ်။ တစ်ချို့သော အမျိုးသမီးတွေကတော့ ကလေးမွေးပြီးနောက် မွေးလမ်းကြောင်းက အနည်းငယ်ပြောင်းလဲသွားတာကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါက စိုးရိမ်စရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလို ခံစားရတာဟာ ကလေးမွေးစဉ်မှာ ကလေးရဲ့ အရွယ်အစားအလိုက် မွေးလမ်းကြောင်းတွေက ချဲ့ထားရတဲ့ အတွက်ဖြစ်ပါတယ်။ ဒီဖြစ်စဉ်က အမြဲတမ်း ဖြစ်သွားမှာ မဟုတ်ပါဘူး။ မကြာခင်ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ။
တကယ်လို့ အမျိုးသမီးတစ်ဦးက ကလေးမွေးဖွားပြီးနောက် တစ်မျိုးဖြစ်နေတယ်လို့ ခံစားနေရရင် Kegel လေ့ကျင့်ခန်းတွေ လုပ်ဆောင်သင့်ပါတယ်။ Kegel လေ့ကျင့်ခန်းဟာ ဆီးသွားခြင်းကို ထိန်းချုပ်ပေးတဲ့ ကြွက်သားတွေကို ညှစ်၊ ဆန့်ကာ လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းဖြစ်ပြီး တင်ပါးဆုံအောက်ခြေ ကြွက်သားတွေကိုသန်မာစေပါတယ်။
အမျိုးသမီးမွေးလမ်းကြောင်း အရွယ်အစားနဲ့ လိင်တံအလျား။
ထောင်မတ်နေတဲ့ လိင်တံတစ်ခုရဲ့ အလျားဟာ ပုံမှန်မွေးလမ်းကြောင်းတစ်ခုထက် ၃၃ ရာခိုင်နှုန်းလောက် ပိုရှည်နေပါတယ်။ မွေးလမ်းကြောင်းနဲ့ လိင်တံအရွယ်အစားက တစ်ယောက်နဲ့ တစ်ယောက်ကွာခြားနိုင်ပေမဲ့ ဒီအင်္ဂါတွေဟာ တစ်ခုနဲ့ တစ်ခု လိုက်လျော ညီထွေ ဖြစ်အောင် နေထိုင်နိုင်ကြပါတယ်။ ၂၀၁၅ ခုနှစ်က လေ့လာချက်တစ်ခုအရ သာမန် ထောင်မတ်နေတဲ့ လိင်တံတစ်ခုရဲ့ အလျားဟာ ၅ လက်မ (၁၃.၁၂ စင်တီမီတာ) ရှိတယ်လို့ဆိုပါတယ်။ အမျိုးသားအများစုက လိင်တံကို ရှိရင်းစွဲ အလျားထက် ပိုကြီးချင်ကြပေမဲ့ အမျိုးသမီး အချို့ကတော့ သူတို့ အဖော်ရဲ့ လိင်တံဟာ သာမန်အလျားထက် ပိုကြီးနေရင် သူတို့အတွက် သက်တောင့်သက်သာ မဖြစ်ဘူးလို့ ဆိုထားပါတယ်။
တကယ်လို့ လိင်တံ သို့မဟုတ် Sexy Toy တွေက သားအိမ်ခေါင်းကို သွားထိမယ်ဆိုရင် နာကျင်နိုင်တဲ့ အတွက် သင့်တော်တဲ့ ချောဆီသုံးတာမျိုး၊ ကိုယ့် အဖော်ကို ပွင့်ပွင့်လင်းလင်းပြောပြတာမျိုးက လိင်ခံစားမှုကို ပိုပြီးကောင်းမွန်စေမှာ ဖြစ်ပါတယ်။
မိမိကိုယ်ကို ကာကွယ်ဂရုစိုက်နည်းစနစ်များ။
ကျန်းမာတဲ့ မွေးလမ်းကြောင်းတစ်ခု ဖြစ်နေစေဖို့ အတွက် လုပ်ဆောင်ရမယ့် အချက်တွေကတော့-
- မွေးလမ်းကြောင်းကို အရမ်းအနံ့ပြင်းတဲ့ ရေချိုးဆပ်ပြာတွေနဲ့ မဆေးကြောရန်၊ Tampon ကို အရမ်း အနံ့ပြင်းတဲ့ ဆေးတွေနဲ့ မဆေးခြင်း၊ အရမ်းအနံ့ပြင်းတဲ့ ရေမွှေများ သုံးစွဲခြင်းကို ရှောင်ကြဉ်ခြင်း။
- ရာသီသွေးထိန်းအချပ်များကို ပုံမှန်လဲပေးခြင်း။
- ကူးစက်ရောဂါ ရနိုင်ခြေကို နည်းပါးစေရန်အတွက် အဝတ်အစားအစိုများနဲ့ ရေကူးဝတ်စုံတို့ကို တတ်နိုင်သမျှ အမြန်လဲခြင်း။
- မီးယပ်လာချိန်တွင် ရာသီသွေးထိန်းရန် ထည့်ရတဲ့ အတောင့် (Tampon) များကို မကြာခဏ လဲပေးခြင်း။
- လိင်မှတစ်ဆင့် ကူးစက်ရောဂါ ကာကွယ်နည်းများကို လိင်ဆက်ဆံချိန် အသုံးပြုခြင်း။
- အဝတ်အစားအကြပ်တွေဟာ ယားယံခြင်းနဲ့ ချွေးတရားလွန်ထွက်စေနိုင်တဲ့ အတွက်မဝတ်ဆင်ကြရန်။
- ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေ ကူးစက်နိုင်ခြေကို လျော့ချဖို့ အတွက် လိင်ဆက်ဆံအပြီး ဆီးသွားပေးခြင်း။
နိဂုံးချုပ်။
မွေးလမ်းကြောင်းတစ်ခုရဲ့ ပုံပန်းသွင်ပြင်နဲ့ အရွယ်အစားဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ ပုံမှန်အားဖြင့် မွေးလမ်းကြောင်းတစ်ခုရဲ့ အရှည်ဟာ ၃ လက်မကနေ ၇ လက်မ အထိရှည်ပါတယ်။ မွေးလမ်းကြောင်းဆိုတာ ကလေးမွေးဖွားတို့ အတွက်ရော၊ လိင်မှု ကိစ္စတွေ လုပ်ဆောင်ဖို့အတွက်ရော ရှိနေတဲ့အင်္ဂါ တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတစ်ယောက်ဟာ သူလိင်ဆက်ဆံချိန် နာကျင်ရတာဟာ သူမ မွေးလမ်းကြောင်းကတိုနေလို့ဆိုပြီး ထင်နေမယ်ဆိုရင် ဆရာဝန်နဲ့သွားရောက်ပြသသင့်ပါတယ်။ ဆရာဝန်တွေဟာ နာကျင်ရခြင်း အကြောင်းရင်းကို စုံစမ်းမှာ ဖြစ်ပြီး မွေးလမ်းကြောင်းအလျားတိုလည်း ပျော်ရွှင်ဖွယ်လိင်မှုကိစ္စရရှိရန်တင်ပါးဆုံ အောက်ခြေ ကုသမှုပဲ ဖြစ်ဖြစ်၊ လိင်မှု ဆိုင်ရာ ကုသမှုတွေနဲ့ ကုသပေးနိုင်မှာ ဖြစ်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။