အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတလျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ အပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မွေးလမ်းကြောင်း အနံ့အသက်တွေကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်း (၇) ချက်

သင်ကိုယ်တိုင်က ခန္ဓာကိုယ်နဲ့ မွေးလမ်းကြောင်းဆိုင်ရာ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ပုံမှန်လုပ်နေမယ်ဆိုရင်တောင် မွေးလမ်းကြောင်း ( Vagina) က အနံ့ ထွက်နေနိုင်ပါသေးတယ်။ ဒါက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ ဒါပေမဲ့ အနံ့ပြင်းနေပြီး အနံ့ အမြဲ ထွက်နေမယ်ဆိုရင်တော့ ဒါကို ပုံမှန်မဟုတ်ဘူးလို့ ခေါ်ဆိုရမှာပါ။ ပုံမှန်ပဲဆိုရင်တောင် အနံ့ပြင်းလွန်းရင် အဆင်မပြေနိုင်တာကြောင့် မွေးလမ်းကြောင်း အနံ့အသက်တွေကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်း တွေကို လေ့လာထားဖို့ လိုပါတယ်။ မွေးလမ်းကြောင်းကနေ အနံ့တွေ ဘာကြောင့်ထွက်တာလဲ။ ပထမဆုံး သိထားဖို့လိုတာက သဘာဝဖြစ်နေတဲ့ အနံ့က ဘယ်လိုမျိုးလဲဆိုတာပါပဲ။ အမျိုးသမီးတစ်ယောက်ချင်းစီရဲ့ မွေးလမ်းကြောင်း အနံ့ အသက်တွေက တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ ကျန်းမာတဲ့ မွေးလမ်းကြောင်းတစ်ခုရဲ့ အနံ့ဟာ အမိုးနီးယား ဓာတ်ငွေ့ပုံစံ ဆီးနံ့နဲ့ဆင်တဲ့ ကတိုးနံ့နဲ့ အသားနံ့ထွက်တတ်ပါတယ်။ ဓမ္မတာ လာချိန်မှတော့ သတ္တုနံ့လို့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားပင့်တင်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်   ရင်သားပင့်တင်ခြင်း-၎င်းကို mastopexy လို့လည်းခေါ်ပါတယ်။ ခွဲစိတ်တဲ့နည်းလမ်းတစ်ခုဖြစ်ပြီးတော့ သင့်ရဲ့ရင်သားပုံစံကို ပြောင်းလဲပေးခြင်းဖြစ်ပါတယ်။ ရင်သားပင့်တင်ခြင်း၊ ပြင်ဆင်ခြင်းလုပ်တဲ့အခါမှာ ပိုနေတဲ့ အရေပြားတွေကိုဖယ်လိုက်ပြီးတော့ရင်သား တစ်ရှုးတွေကိုပြန်လည်ပုံစံပြောင်းကာ ရင်သားကိုတင်းတင်းရင်းရင်းရှိပြီး အပေါ်လေးမှာ တင်နေအောင်ပြန်လည်ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ ရင်သားပင့်တင်ပြုပြင်ခြင်းရဲ့ရည်ရွယ်ချက်ကဘာလဲ။   ရင်သားပင့်တင်ပြုပြင် ခွဲစိတ်ခြင်းဆိုတာ ပိုနေတဲ့အရေပြား အစိတ်အပိုင်းတွေကို ဖယ်ရှားပစ်ပြီးတော့ ရင်သားပုံစံမပျက်အောင် ပုံဖော်ခြင်းနဲ့ တင်းရင်းအောင်ပြုပြင်ပေးခြင်းဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ရင်သားကို တင်ရင်းအောင်နဲ့ ပင့်တင်ကြပါတယ်။ ရင်သား ပင့်တင်ခြင်းက areola ရဲ့ အရွယ်အစားကိုပါ သေးသွားစေပါတယ် အချိန်ကြာလာတာနဲ့အမျှ ပြန်ပြီးကြီးနိုင်ပါတယ်။   ဘယ်လိုလူတွေလုပ်သင့်သလဲ။   ၁။ ရင်သားပင့်တင်ပြုပြင်ခြင်း ကို ဘယ်အချိန်မှာ ပြုလုပ်သင့်သလဲ။   တကယ်လို့ သင့်မှာ ရင်သားတွဲလာတာရှိရင်သို့မဟုတ် သင့်နို့သီးခေါင်းက အောက်ကိုတွဲကျနေတယ်ဆိုရင် သင်က ရင်သားပင့်တင်ပြုပြင်ခြင်းကို ပြုလုပ်သင့်ပါတယ်။ ရင်သားပင့်တင်ပြုပြင်ခြင်းက သင့် ပုံစံနဲ့ သင့် ကိုယ်ပိုင်ယုံကြည်မှု ကိုပိုပြီး တိုးတက်စေမှာပါ။   ၂။ ရင်သားပင့်တင်ပြုပြင်ခြင်း ကို ဘယ်လိုလူတွေက ပြုလုပ်သင့်သလဲ။   ရင်သားပင့်တင်ပြုပြင်ခြင်းကို သင့်ရင်သား […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်သန့်စင်ဆေးရည်သုံးခြင်းကြောင့်ရရှိနိုင်တဲ့ကောင်းကျိုး၉ချက်

အမျိုးသမီးတို့ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုမှာမိန်းမကိုယ်သန့်ရှင်းမှုကိုချန်ထားခဲ့လို့မရပါဘူး။အတွင်းပိုင်းမိန်းမကိုယ်ကသူ့ဘာသာသူသန့်ရှင်းရေးလုပ်တတ်တယ်ဆိုပေမယ့်အပြင်ပိုင်းမိန်းမကိုယ်ကသာမန်အရေပြားပဲဖြစ်တာကြောင့်မိန်းမကိုယ်အတွက်သီးသန့်ထုတ်ထားတဲ့သန့်စင်ဆေးရည်သုံးပေးရင်ပိုကောင်းပါတယ်။ရေချိုးရင်းတိုက်တဲ့ဆပ်ပြာတွေကမိန်းမကိုယ်အတွက် ပြင်းအားအရမ်းများတာကြောင့် ပြင်းအားပျော့တဲ့သန့်စင်ဆေးရည်များကိုသာ သုံးပေးသင့်ပါတယ်။ ဒီဆောင်းပါးမှာတော့ မိန်းမကိုယ်သန့်စင်ဆေးရည်သုံးခြင်းအားဖြင့် ရနိုင်တဲ့ကောင်းကျိုး (၉) ချက်ကို ပြောပြပေးသွားမှာပါ။ ၁။ရောဂါပိုးတွေရန်ကနေကာကွယ်ပေးတယ်။ မိန်းမကိုယ်သန့်ရှင်းမှုကအမျိုးသမီးတစ်ယောက်ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ရောဂါတွေကို ကာကွယ်ပေးတဲ့နေရာမှာ အရေးကြီးပါတယ်။ သာမန်အရေပြားဖြစ်တဲ့မိန်းမကိုယ်အပြင်ပိုင်းအတွက်ကတော့သန့်စင်ဆေးရည်တွေသုံးပေးတာကသာအကောင်းဆုံးပါ။သန့်စင်ဆေးရည်တွေကသင့်မိန်းမကိုယ်ကိုသန့်ရှင်းမှုနဲ့ပိုးမွှားကင်းစင်မှုကိုပေးစွမ်းနိုင်မှာအသေအချာပါ။ ၂။ pHပမာဏကိုထိန်းညှိပေးတယ်။ ။ မိန်းမကိုယ်ရဲ့ pH ဓါတ်က ရောဂါပိုးတွေမဝင်အောင်၊ မယားယံအောင်နဲ့ အနံ့အသက်တွေမထွက်အောင် ကျန်းမာနေအောင် ထိန်းသိမ်းပေးထားပါတယ်။ မိန်းမကိုယ်ကသူ့ဘာသာ pHပမာဏကိုထိန်းထားနိုင်စွမ်းရှိပေမယ့်လည်းအကြောင်းအမျိုးမျိုးကြောင့်ပျက်သွားနိုင်ပါတယ်။ pHပမာဏကိုပုံမှန်အတိုင်းမထိန်းနိုင်တဲ့အခါမိန်းမကိုယ်တွင်းပိုးဝင်ခြင်းနဲ့အခြားပြဿနာအမျိုးမျိုးဖြစ်နိုင်ပါတယ်။မိန်းမကိုယ်သန့်စင်ဆေးရည်အများစုကpHကိုထိန်းပေးတဲ့အာနိသင်ဘာတာကြောင့်မိန်းမကိုယ်သန့်စင်ဆေးရည်သုံးလိုက်တာနဲ့pHပမာဏလည်းထိန်းပြီးသားဖြစ်သွားပါတယ်။ ၃။အရေပြားအားလုံးနဲ့သင့်တော်တယ်။ ။ အချို့သောအမျိုးသမီးတွေကမိန်းမကိုယ်သန့်စင်ဆေးရည်သုံးရင်ကိုယ့်အသားအရေနဲ့မသင့်တော်ဘဲဓါတ်မတည့်မှုတွေ ဖြစ်မှာကြောက်ကြပါတယ်။ ဒီလိုဆိုရင်တော့ အသားအရေအားလုံးနဲ့သင့်တော်အောင်ထုတ်ထားတဲ့သန့်စင်ဆေးရည်မျိုးကို အသုံးပြုဖို့ပြောပါရစေ။ ဒီလိုအသုံးပြုပေးတာက အရေပြားကို ထိခိုက်မှုမရှိနိုင်ဘဲ သန့်ရှင်းကျန်းမာစေနိုင်ပါတယ်။ ၄။အနံ့ဆိုးတွေကနေကင်းဝေးအောင်စွမ်းဆောင်ပေးနိုင်တယ်။ ။ သန့်စင်ဆေးရည်အများစုကမွှေးပျံ့တဲ့ရနံ့တွေအမျိုးမျိုးနဲ့ထုတ်ထားတာဖြစ်လို့သန့်ရှင်းမှု၊မွှေးပျံ့မှုကိုပေးစွမ်းပြီးသင့်ကိုဆွဲဆောင်မှုရှိစေမှာအသေအချာပါ။ဒါပေမယ့်အရမ်းကြီးအနံ့ပြင်းတဲ့သန့်စင်ဆေးရည်တွေကမိန်းမကိုယ်အရေပြားကိုထိခိုက်စေတတ်ပြီးခြောက်သွေ့စေပါတယ်။ ဒါကြောင့် သန့်စင်ဆေးရည်ရွေးချယ်တဲ့အခါ အမွှေးနံ့သိပ်ပြင်းတာမျိုးကိုရွေးချယ်ပေးပါ။ ဒါမှအသားအရေခြောက်သွေ့တာတွေမဖြစ်စေဘဲ သန့်စင်ပြီးအနံ့အသက်ကင်းတဲ့ မိန်းမကိုယ်ဖြစ်စေမှာပါ။ ၅။ပုံမှန်မဟုတ်သောအရည်များမိန်းမကိုယ်မှဆင်းခြင်းကိုကာကွယ်ပေးတယ်။ ။ မိန်းမကိုယ်သန့်စင်ဆေးရည်တွေကမကောင်းတဲ့ပိုးမွှားတွေကိုသန့်စင်ပေးနိုင်လို့မိန်းမကိုယ်ပိုးဝင်ခြင်းရဲ့လက္ခဏာတစ်ခုဖြစ်တဲ့အနံ့နံတဲ့အရည်များဆင်းခြင်းကိုကာကွယ်ပေးပါတယ်။ ၆။မိန်းမကိုယ်အရေပြားအစိုဓါတ်ကိုထိန်းပေးတယ်။ ။ မိန်းမကိုယ်သန့်စင်ဆေးရည်များဟာအရေပြားခြောက်သွေ့ခြင်းကိုကာကွယ်ပေးပြီးအစိုဓါတ်ကိုထိန်းပေးတာကြောင့်သုံးပြီးတာနဲ့ခြောက်ခြောက်သွေ့သွေ့မဖြစ်နေဘဲ သက်တောင့်သက်တာရှိစေမှာပါ။ ၇။မိန်းမကိုယ်ပိုးဝင်ခြင်းကိုကုသဖို့တစ်ဘက်တစ်လမ်းကကူညီပေးတယ်။ ။ မိန်းမကိုယ်ပိုးဝင်ခြင်းကြောင့် ဖြစ်တဲ့ယားယံခြင်းကိုသက်သာစေဖို့အတွက်မိန်းမကိုယ်သန့်စင်ဆေးရည်တွေကတစ်ဖက်တစ်လမ်းမှကူညီပေးနိုင်ပါတယ်။ ၈။မိန်းမကိုယ်ကနေအခြားနေရာများကိုပိုးများပျံ့ ခြင်းကိုကာကွယ်ပေးနိုင်တယ်။ သင့်တွင်မိန်းမကိုယ်ပိုးဝင်ခြင်းရောဂါအစတည်းကရှိနေရင်မိန်းမကိုယ်အနီးနားကနေရာတွေကိုပါပိုးထပ်ဝင်ခြင်းမရှိစေဖို့အတွက် မိန်းမကိုယ်သန့်စင်ဆေးရည်တွေက ကာကွယ်ပေးပါတယ်။ ၉။သဘာဝမှရတဲ့ပစ္စည်များနဲ့ထုတ်ထားလို့ နေ့စဉ်အသုံးပြုနိုင်တယ်။ မိန်းမကိုယ်သန့်စင်ဆေးရည်တွေဟာသဘာဝကရတဲ့ပစ္စည်းများနဲ့သာအဓိကထားထုတ်ထားတဲ့အတွက်ကြောင့်အသားအရေကိုထိခိုက်ခြင်းမရှိ၊ ဓါတ်မတည့်ခြင်းတွေကို မဖြစ်စေနိုင်ဘဲ နေ့စဉ်အသုံးပြုနိုင်တယ်။ ဒါက […]


မိန်းမကိုယ်ရောင်ရမ်းခြင်း

မိန်းမကိုယ်ရောင်ရမ်းခြင်း

Vaginitis (မိန်းမကိုယ်ရောင်ရမ်းခြင်း) ဆိုတာ အရွယ်ရောက်နေတဲ့ မိန်းကလေး ၇၀ ရာခိုင်နှုန်းလောက်ကြုံတွေ့ဖူးတဲ့ ကိစ္စ တစ်ခုပါ။ မိန်းမကိုယ်ရောင်တာက တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိလို့ ဖြစ်တာလို့ တစ်ထစ်ချ ပြောလို့မရပါဘူး။ ဖြစ်နိုင်တဲ့အကြောင်းတရားတွေ အမျိုးမျိုးရှိပါတယ်။ ဒါကြောင့်ခုပြောပြချင်တာက မိန်းမကိုယ်​ရောင်တာ ဘာကြောင့်လဲ ၊ ဘယ်လို လက္ခဏာတွေရှိလဲ၊ ဘယ်လိုကုသရလဲ ၊ ဘယ်လိုကာကွယ်ရမလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ မိန်းမကိုယ်ရောင်ရမ်းခြင်း ဘာကြောင့်ဖြစ်ရတာလဲ။ အဓိကအားဖြင့် အဖြစ်များတဲ့အကြောင်းရင်း ၄ မျိုးခွဲလို့ရပါတယ်။ ၁။ ဘက်တီးရီးယားပိုးဝင်လို့ ရောင်တာ ။ (Bacterial vaginosis) မိန်းမကိုယ်မှာ သာမန်အတိုင်း ပေါက်ပွားနေကြတဲ့ lactobacillus လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးလေးတွေ အနည်းငယ်ရှိပါတယ်။ အဲဒီပိုးလေးတွေ များများပေါက်ပွားလာရင် ကောင်းကျိုးပြုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီပိုးလေးတွေ နည်းပြီး ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေ များလာရင် မိန်းမကိုယ်ရောင်လာတတ်ပါတယ်။ ၂။ Trichomonas […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရက်နဲ့ မိန်းမကိုယ်ယားယံရတဲ့ အကြောင်းအရင်းက

မိန်းမလှလေးတစ်ယောက်ဖြစ်ဖို့က တစ်ကိုယ်ရေသန့်ရှင်းရေးတော်တော်လေးအရေးကြီးပါတယ်။ အသန့်ကြိုက်တာကပြဿနာမဟုတ်ပါဘူး။ သန့်ရှင်းမှုအားနည်းတာကသာ ပြဿနာဖြစ်မှာပါ။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် တစ်ကိုယ်ရေသန့်ရှင်းရေးကို ပိုပြီးဂရုစိုက်ဖို့လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တာက ကျန်းမာရေးအတွက်တော်တော်လေးအထောက်အကူဖြစ်စေတဲ့အရာပါ။ တစ်ခါတလေ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရက်နဲ့ အဆင်မပြေတာမျိုးဖြစ်ဖူးကြလားလေဒီတို့ရေ.... ဥပမာ အရေပြားယားယံတာ။ မိန်းမကိုယ်ယားယံတာတို့လိုမျိုးပြဿနာတွေပေါ့။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရက်နဲ့ မိန်းမကိုယ်ယားယံရတဲ့ အကြောင်းအရင်းက ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုမှာ ယားယံနေတဲ့အခါ နေရထိုင်ရတော်တော်လေးခက်ခဲပါတယ်။ ဒီလိုယားယံမှုတွေထဲမှာမှ မိန်းမကိုယ်မှာ ယားယံတဲ့အခါ တော်တော်လေးနေရထိုင်ရခက်စေပါတယ်။ ဒီလိုဖြစ်တာက အရမ်းကြီးစိတ်ပူရမယ့်ကိစ္စမဟုတ်ဘူးဆိုပေမယ့် တစ်ခါတရံမှာ မိန်းမကိုယ်ယားယံမှုက ရောဂါပိုးတစ်ခုခုကူးစက်ခံထားရတဲ့ လက္ခဏာတစ်ရပ်ဖြစ်နေနိုင်ပါတယ်။ မိန်းမကိုယ်ယားယံမှုဖြစ်စေတဲ့ အကြောင်းအရင်းတွေက မိန်းမကိုယ်ကပျော့ပျောင်းတဲ့ တစ်ရှုးလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းတစ်ခုပါ။ မိန်းကလေးတစ်ယောက် ပေါ့ပါးကျန်းမာနေစေဖို့ဆိုရင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းကျန်းမာဖို့လိုအပ်မှာပါ။ ဒီထဲမှာ မိန်းမကိုယ်ကျန်းမာဖို့ကလည်း ချန်ထားလို့မရတဲ့ အချက်တစ်ခုပေါ့။ ကျန်းမာတဲ့ မိန်းမကိုယ်တစ်ခုဖြစ်ဖို့ဆိုရင် အကျိုးပြုဘက်တီးရီးယားလေးတွေ ရှင်သန်ဖို့လိုအပ်ပါတယ်။နောက်တစ်ချက်က အဖြူရောင် ဒါမှမဟုတ် အကြည်ရောင် အချွဲလေးတွေထုတ်ပေးဖို့လည်းလိုပါမယ်။ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်သန့်စင်ခြင်းနဲ့ပတ်သက်တဲ့ လုပ်သင့်၊ မလုပ်သင့်အချက်များ

ရနံ့မွှေးမွှေးလေးနဲ့ အသားကိုနူးညံ့စေတဲ့ ရေချိုးဆပ်ပြာလေးနဲ့ ရေချိုးတယ်၊ ခြေထောက်နဲ့ လက်ကို သေချာသန့်စင်တယ်၊ အရည်အသွေးကောင်းတဲ့ မျက်နှာသစ်ဆေးသုံးတယ်၊ ရေဓာတ်ထိန်းဖို့ အစိုဓာတ်ထိန်းတာတွေ၊ လိုးရှင်းတွေလူးတယ်၊ ခေါင်းလျှော်တဲ့အခါလည်း ဆံသားအတွက် ဂရုတစိုက်ပေါင်းတင်ရသေးတယ်။ ရောဂါပိုးမွှားကင်းစင်ပြီး အမြဲလန်းဆန်းသန့်ရှင်းနေဖို့အတွက် မိန်းကလေးတစ်ယောက်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးက ဒီလောက်နဲ့မပြီးသေးပါဘူး။ တစ်ခုကျန်နေသေးတာက မိန်းကလေးတွေရဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်ဖြစ်တဲ့ မိန်းမကိုယ်သန့်ရှင်းရေးပါပဲ။ ဒီတစ်ခေါက်တော့ လေဒီလေးတိုင်း သိထားဖို့ လိုမယ့် မိန်းမကိုယ်သန့်စင်ခြင်းနဲ့ပတ်သက်တဲ့ လုပ်သင့်၊ မလုပ်သင့်အချက်များ အကြောင်း ပြောပြပေးချင်ပါတယ်။ မိန်းကလေးဆိုတာ ဘယ်အရွယ်ပဲဖြစ်ဖြစ် မိန်းမကိုယ်မှာသန့်ရှင်းနေဖို့နဲ့ ရောဂါပိုးမဝင်ဖို့ကို ဂရုစိုက်သင့်ပါတယ်။ မိန်းမကိုယ်လေးက အထိခိုက်မခံနိုင်အောင် နုနယ်တဲ့ အစိတ်အပိုင်းဖြစ်ပေမယ့် သန့်ရှင်းကျန်းမာရေးအတွက်ထိန်းသိမ်းရတာ သိပ်ရိုးရှင်းပါတယ်။ အနံ့ဆိုးကင်းပြီး သန့်ရှင်းကျန်းမာတဲ့ မိန်းမကိုယ်ဖြစ်ဖို့က ညင်သာတဲ့ ပုံမှန်သန့်ရှင်းရေးတစ်ခုပဲ လိုအပ်ပါတယ်။ သန့်စင်တဲ့ရေနဲ့ အရည်အသွေးကောင်းပြီး ဘေးကင်းစိတ်ချရတဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်ရှိရင်ရပါပြီ။ သန့်ရှင်းချင်တာက ဟုတ်ပါပြီ၊ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

သင်ဟာ Single mother တစ်ယောက်လား

ဒီစာလုံးလေးဟာ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတယ်ဆိုပေမယ့် လူအတော်များများနဲ့ ရင်းနှီးပြီးသား စာလုံးလေးပါ။ မသိသေးသူတွေအတွက် နည်းနည်းလေး မိတ်ဆက်ပေးရမယ်ဆိုရင် Single mother ဆိုတာဟာ မိမိကလေး ကြီးပြင်းလာသည်အထိ (ခင်ပွန်းသည် မရှိဘဲ) တစ်ဦးတည်း ပြုစုပျိုးထောင်ပေးနေတဲ့ မိခင်တွေကို ဆိုလိုပါတယ်။ လူသိများထင်ရှားသူတွေထဲမှာလည်း Single mother တွေ ဒုနဲ့ဒေး ရှိပါတယ်။ Single mother ဖြစ်လာရခြင်း နောက်ခံအကြောင်းရင်းတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် တူချင်မှ တူပါလိမ့်မယ်။ လက်ထပ်ပြီး ကိုယ်ဝန်ရှိချိန်မှာမှ ခင်ပွန်းသည်နဲ့ ကွဲသွားလို့၊ လက်မထပ်ခင် ကိုယ်ဝန်ရှိခဲ့ပေမယ့် ယောက်ျားလေးဖက်က တာဝန်မယူ၊ လက်မထပ်လို့၊ ခင်ပွန်းသည် ဆုံးပါးသွားလို့ စသဖြင့် အကြောင်းရင်းအမျိုးမျိုးကြောင့် Single mother ဖြစ်လာရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Single mother တစ်ဦးအနေနဲ့ မိမိရဲ့ ကလေးကို ပြုစုပျိုးထောင်ရာမှာ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သန့်ရှင်းတဲ့ မိန်းမကိုယ်တစ်ခုဖြစ်ဖို့ ဘာတွေလုပ်သင့်လဲ

သန့်ရှင်းတဲ့ မိန်းမကိုယ်တစ်ခုဖြစ်ဖို့ ဘာတွေလုပ်သင့်လဲ ....... မိန်းမကိုယ် သန့်ရှင်းဖို့ ဆိုတာ အမျိုးသမီး တစ်ယောက်အတွက် အရေးကြီးတဲ့ အရာတစ်ခုပါ။ အလေးထား ဂရုစိုက်ရမယ့် အရာတစ်ခုဆိုလည်း မမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီမိန်းမကိုယ်လေးဟာ အမျိုးသမီး တစ်ယောက်အတွက် အရေးပါဆုံးသော တာဝန်တွေကို ယူပေးနေရတာကြောင့်ဖြစ်တယ်။ အရွယ်ရောက်လာတာနဲ့ မိန်းမကိုယ်ကနေပဲ ရာသီသွေးဆင်းတယ်၊ ကလေးမွေးတော့လည်း သူကနေပဲဖြတ်ရတယ်၊ အိမ်ထောင်ရေး သုခ ခံစားရဖို့လည်း သူပါရတာပဲ။ ဒီလို မိန်းကလေးတစ်ယောက်အတွက် အရေးပါဆုံးသော တာဝန်တွေကို ထမ်းဆောင်နေရတဲ့ မိန်းမကိုယ်လေးကို သန့်ရှင်းအောင်ထားဖို့ဆိုတာ အရေးကြီးလွန်းပါတယ်။ ဒါကြောင့် ဘယ်လို သန့်ရှင်းပေးသင့်လဲဆိုတာ ကြည့်ရအောင်နော်။ သန့်ရှင်းတဲ့ မိန်းမကိုယ်တစ်ခုဖြစ်ဖို့ ဘာတွေလုပ်သင့်လဲ သန့်ရှင်းတဲ့ မိန်းမကိုယ်တစ်ခုဖြစ်ဖို့ ဘာတွေလုပ်သင့်လဲ ဆိုတော့ မိန်းမကိုယ်တာဝန်မှာ သန့်ရှင်းရေး အပိုင်းပါပါတယ်။ ။ မိန်းမကိုယ်ဆိုတာ သူ့ဘာသာ သန့်ရှင်းအောင် နေတတ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်သန့်စင်ဆေးရည် ရွေးချယ်မယ်ဆို သတိထားကြည့်သင့်တဲ့အချက် (၅) ချက်

မိန်းကလေးတွေရဲ့ကျန်းမာရေးမှာ မိန်းမကိုယ်သန့်ရှင်းရေးက တကယ်ကိုအရေးပါတဲ့အချက်ပါနော်။ မိန်းမကိုယ်သန့်ရှင်းရေးကိုဂရုမစိုက်မိရင် ရောဂါပိုးဝင်တာတွေ၊ နောက်ဆက်တွဲပြဿနာတွေရှိလာနိုင်ပါတယ်။ မှိုပိုးဝင်ခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ ယားယံခြင်း၊ အနံ့ဆိုးထွက်ခြင်းစတာတွေကို အမျိုးသမီးရောဂါလို့ခေါ်တာပေါ့။ ဒါတွေတစ်ခုမှ မဖြစ်အောင် သန့်ရှင်းရေးဂရုစိုက်ရမှာပေါ့။ ရေနဲ့ဆပ်ပြာသုံးရင်တော့ နုနယ်တဲ့မိန်းမကိုယ်ကို ထိခိုက်စေနိုင်တာကြောင့် pH level ထိန်းညှိပေးနိုင်တဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်နဲ့ကာကွယ်သင့်ပါတယ်။ မိန်းမကိုယ်သန့်စင်ဆေးရည်သုံးတဲ့အခါမှာလည်း တွေ့ရာဝယ်၊ ကြိုက်သလိုသုံးလို့တော့ ဘေးမကင်းနိုင်ပါဘူး။ အရွေးမှန်ဖို့နဲ့ အသုံးပြုပုံမှန်ကန်ဖို့အရေးကြီးပါတယ်။ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကင်းဝေးစေနိုင်ဖို့အတွက် အရည်အသွေးစိတ်ချရတဲ့အမှတ်တံဆိပ်ကိုရွေးချယ်နိုင်ဖို့လိုတာပေါ့။ Feminine Wash ဝယ်သုံးတော့မယ်ဆို ဘယ်လိုမျိုးတွေစဉ်းစားပြီးရွေးချယ်မလဲ စဉ်းစားကြည့်ရအောင်နော်။ (၁) အမွှေးနံ့ပြင်းတဲ့အမျိုးအစားတွေကိုရှောင်ပါ မိန်းမကိုယ်အနံ့အသက်ကောင်းအောင်ဆိုပြီး အနံ့မွှေးတဲ့အမျိုးအစားတွေကိုမရွေးလိုက်ပါနဲ့။ အနံ့ပြင်းတဲ့သန့်စင်ဆေးရည်တွေက ဓာတုပစ္စည်းတွေလည်းပါဝင်မှုပိုများသလို ဓာတ်မတည့်မှုတွေ၊ ယားယံမှုတွေဖြစ်လာစေနိုင်ပါတယ်။ (၂) သင့်တော်တဲ့ pH အဆင့် ကိုထိန်းပေးနိုင်မယ့်အမျိုးအစားကိုရွေးပါ ရိုးရိုးရေချိုးဆပ်ပြာတွေက အမျိုးသမီးတွေအတွက်က မိန်းမကိုယ်မှာ ရှိသင့်တဲ့ pH အဆင့်ထက်ကျော်လွန်နေတာကြောင့် pH အဆင့် ၃.၅ ကနေ ၄.၅ အတွင်းမှာထိန်းညှိပေးနိုင်မယ့် Feminine […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်ကျန်းမာရေးအတွက် အရေးပါတဲ့ အကျိုးပြုဘက်တီးရီးယား အာဟာရဓာတ်

မိန်းကလေးတစ်ယောက် စမတ်ကျကျလှပဖို့ဆိုရင် လှအောင်ပြင်တတ်ရုံနဲ့မပြီးပါဘူး။ တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့လိုသလို စမတ်ကျကျဝတ်စားတတ်ပြီး အနံ့အသက်ဆိုးတွေ ကင်းစင်ဖို့လည်း လိုအပ်မှာပါ။ အထူးသဖြင့်တော့ မိန်းမကိုယ်က ရောဂါကင်းစင်ပြီး ကျန်းမာဖို့ လိုပါတယ်၊၊ ကျန်းမာတဲ့ လေဒီလေးဖြစ်ဖို့ဆိုရင် အခုပြောပြမယ့် အကျိုးပြုဘက်တီးရီးယား အာဟာရဓာတ် လေးက အသုံးဝင်မှာပါ။ အကျိုးပြုဘက်တီးရီးယား ဘက်တီးရီးယားဆိုတာနဲ့ ခန္ဓာကိုယ်အတွက် မကောင်းတာဘဲ ဖြစ်စေတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက် ကောင်းကျိုးပေးနိုင်တဲ့ အကျိုးပြုစေနိုင်တဲ့ ဘက်တီးရီးယားတွေလည်းရှိပါတယ်။ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်မှာလည်း အကျိုးပြုဘက်တီးရီးယားလေးတွေရှိပါတယ်။ ဒီဘက်တီးရီးယားလေးတွေက မိန်းမကိုယ်ထဲကို တခြားသော အန္တရာယ်ရှိတဲ့ ပိုးမွှားတွေမဝင်ရောက်အောင်၊ မိန်းမကိုယ်ကျန်းမာသန့်ရှင်းနေအောင် ထိန်းသိမ်းပေးပါတယ်။ Vaginal Prebiotics (မိန်းမကိုယ် အကျိုးပြုဘက်တီးရီးယား အာဟာရဓာတ်) ဆိုတာ နားလည်လွယ်အောင်ပြောပြရရင် Vaginal Prebiotic ဆိုတာက အကျိုးပြုဘက်တီးရီးယားတွေအတွက် အစာအာဟာရတစ်မျိုးပါ။ မိန်းမကိုယ်ကို အနံအသက်ဆိုးစေတဲ့ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကိုပေါက်ဖွားစေနိုင်တဲ့ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးဖို့ ကောင်းကျိုးပြုဘက်တီးရီးယားတွေအတွက် အထောက်အကူပြုပေးပါတယ်။ မိန်းမကိုယ်ရဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း