home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ရာသီလာချိန် ထွက်တတ်တဲ့ အနံ့ဆိုးတွေကို ဘယ်လို ကာကွယ်ကြမလဲ။

ရာသီလာချိန် ထွက်တတ်တဲ့ အနံ့ဆိုးတွေကို ဘယ်လို ကာကွယ်ကြမလဲ။

မိန်းကလေးတွေ အတွက် ဓမ္မတာ လာချိန်ဆိုတာ အင်မတန်မှ စိတ်ညစ်စရာ ကောင်းပြီး အလုပ်ရှုပ်တဲ့ အချိန်တစ်ခုလို့ ပြောရပါမယ်။ ဒီကြားထဲ မိန်းမကိုယ်က အနံ့ဆိုးတွေထွက်နေတာ၊ ဓမ္မတာကြောင့် ကိုက်ခဲနေတာတွေ ပါ ဖြစ်လို့ကတော့ အတော်ကိုမှ စိတ်ရှုပ်ကြရပါတယ်။ ဒါပေမယ့်လည်း တစ်လတစ်ခါ ရှောင်လွဲလို့မရတဲ့ ဓမ္မတာဆိုတော့ ဒီလိုထွက်နေတဲ့ အနံ့အသက်ဆိုးတွေ ထပ်မထွက်အောင် တားဆီးပေးဖို့ပဲရှိတော့တာပေါ့ ။ ။

ရာသီလာချိန် ဘာကြောင့် မိန်းမကိုယ်ကနေ အနံ့ဆိုးတွေ ထွက်တာလဲ ။။

မိန်းမကိုယ်မှာ ကိုယ်ပိုင်အနံ့တစ်မျိုးရှိတတ်တယ်ဆိုပေမယ့် ရာသီလာချိန်မှာတော့ အနံ့ဆိုးတွေ ပြောင်းသွားတတ်ပါတယ်။

  • ရာသီလာချိန် မိန်းမကိုယ်သန့်ရှင်းရေးကို သေချာ ဂရုစိုက်မလုပ်ဖြစ်တာ
  • ဆင်းနေတဲ့ သွေးတွေ ဘက်တီးရီးယားအကြိုက်ဖြစ်နေတာ
  • သုံးနေတဲ့ လစဉ်သုံးပစ္စည်းကို ၆ နာရီတစ်ခါ မလဲမိဘဲ တစ်နေ့လုံးသုံးနေတာ
  • ထည့်ထားတဲ့ တမ်ပွန်ကို ပြန်ထုတ်ဖို့ မေ့သွားခဲ့တာ စတာတွေက ရာသီလာချိန် မိန်းမကိုယ် အနံ့ဆိုးထွက်စေတဲ့အကြောင်းအရင်းတွေ ဖြစ်ပါတယ် ။ ။

ရာသီလာတယ်ဆိုတာ ညစ်ညမ်းတဲ့အရာတော့ မဟုတ်ပေမယ့် အနံ့ဆိုးမထွက်အောင်၊ မလိုလားအပ်တဲ့ရောဂါပိုးတွေမဝင်နိုင်အောင် ရာသီလာစဉ်အချိန်အတွင်းမှာ ပုံမှန်ထက်ပိုပြီးသန့်ရှင်းမှုရှိဖို့ အရေးကြီးပါတယ်။

ဒါဆို ဘာနဲ့သန့်စင်မလဲ။

ဆပ်ပြာတွေ မသုံးပါနဲ့

မိန်းမကိုယ်မှာ အကျိုးပြုဘက်တီးရီးယားတွေကိုထိန်းညှိထားတဲ့ သဘာဝကာကွယ်မှုစနစ်ရှိပါတယ်။ အမွှေးနံ့တွေ၊ ဓါတုပစ္စည်းတွေပါဝင်တဲ့ ဆပ်ပြာတွေကြောင့်အကျိုးပြုဘက်တီးရီးယားတွေကိုထိခိုက်စေနိုင်လို့ရောဂါပိုးဝင်ဖို့ လွယ်ကူစေနိုင်ပါတယ်။ ဆပ်ပြာရဲ့ အပြင်းစား အက်ဆစ်ကြောင့် မိန်းမကိုယ်အရေပြားကို ပူတာ၊ လောင်တာ၊စပ်တာ၊ရောင်ရမ်းတာ၊ ဓါတ်မတည့်တာတွေဖြစ်လာစေနိုင်တယ်။ ဒါကြောင့် မိန်းမကိုယ်သန့်ရှင်းရေးလုပ်တော့မယ်ဆို ဆပ်ပြာလုံးဝ မသုံးပါနဲ့။

ဒါဆို ဘာသုံးပြီး သန့်ရှင်းရေးလုပ်ရမလဲ။ ။

  • အမျိုးသမီးသန့်စင်ဆေးရည်တွေ သုံးလို့ရပါတယ်။ မိန်းမကိုယ်အတွင်းက pH နဲ့ကိုက်ညီအောင်ထုတ်ထားတာကြောင့် အကျိုးပြုဘက်တီးရီးယားတွေကို ထိခိုက်မှုမရှိစေဘဲ pH မျှတစေလို့ အစိုဓါတ်ထိန်းပြီး ခြောက်သွေ့ယားယံတဲ့ မိန်းမကိုယ်တစ်ခု မဖြစ်အောင် ကာကွယ်ပေးပါတယ်။
  • နောက်ပြီး ရာသီလာချိန် ရေမချိုးရဘူးဆိုတဲ့ အယူမှားကြီးကို ဖယ်ထားလိုက်ပါ။ ဒီအချိန်ဟ ာအခြား အချိန်တွေထက်ပိုပြီး သန့်ရှင်းပေးဖို့လိုအပ်တဲ့အချိန်ပါ။
  • လစဉ်သုံး ပစ္စည်းတွေကို ၆ နာရီတစ်ခါ မဟုတ်ရင်တောင် တစ်နေ့ကို ၂ ခုလောက်တော့ လဲပေးပါ။
  • အတွင်းခံတွေကိုလည်း သေချာ လျှော်ဖွပ်ပါ။ နေသေချာလှန်းပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 5 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။