ရုတ်တရက်ကျောက်ကပ်ပျက်စီး ရင်ဘာလက္ခဏာတွေပြမှာလဲ
-
-
- ဆီးနည်းတာ(တစ်ခါတစ်လေ ဆီးပုံမှန်သွားတာလည်းဖြစ်နိုင်ပါတယ်။)
- ရေတွေစုပြီး ခြေထောက်နဲ့ ခြေကျင်းဝတ်မှာ ဖောနေတာ
- မောတာ
- နုံးတာ
- သတိမကောင်းတာ
- ပျို့တာ
- အားနည်းတာ
- နှလုံးခုန်မမှန်တာ
- ရင်ဘတ်အောင့်တာ
- သိပ်ပြင်းထန်ရင် တက်တာ၊ သတိလစ်တာအထိဖြစ်တတ်ပါတယ်။
တစ်ခါတစ်လေဘာလက္ခဏာမှမပြဘဲ သွေးစစ်လိုက်မှသိတာမျိုးလည်းရှိပါတယ်။
ဘယ်သူတွေပိုဖြစ်နိုင်လဲ။
-
-
- အသက်၆၅နှစ်အထက်တွေ
- နာတာရှည်ကျောက်ကပ်ရောဂါရှိသူတွေ
- နှလုံးမကောင်းတဲ့သူတွေ၊ ဆီးချို၊ အသည်းရောဂါရှိတဲ့သူတွေ
- ရေဓာတ်အလွန်နည်းတဲ့သူတွေ၊ ကိုယ်တိုင်မစားမသောက်နိုင်တဲ့သူတွေ
- ဆီးလမ်းကြောင်းမှာ တစ်ခုခုပိတ်ဆို့နေတဲ့သူတွေ
- သွေးဆိပ်သင့်တဲ့သူတွေ
- အကိုက်အခဲပျောက်ဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ တခြားကျောက်ကပ်ထိခိုက်စေတဲ့ဆေးတွေကို စွဲသောက်နေတဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။
နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။
-
-
- ကျောက်ကပ်ထိခိုက်ပြီး အရည်တွေစုလာတဲ့အတွက် ဖောတာ၊ မောတာ ဖြစ်တတ်ပါတယ်.
- နှလုံးအမြှေးပါးရောင်ရမ်းပြီး ရင်ဘတ်အောင့်နိုင်ပါတယ်။
- ကိုယ်တွင်းမှာ ဓာတ်ဆားတွေမမျှတတဲ့အတွက် ကြွက်သားတွေအားပျော့တာ ဖြစ်တတ်ပါတယ်။
- ကျောက်ကပ်လုံးဝပျက်စီးတာ
- အသက်အန္တရာယ်ရှိတာတွေဖြစ်တတ်ပါတယ်။
ဘယ်လိုကုသကြမလဲ။
ရုတ်တရက်ကျောက်ကပ်ပျက်စီးတဲ့သူတွေက ဆေးရုံတက်ပြီး ကုသမှုခံယူရမှာပါ။ ဆေးရုံတက်ပြီး
-
-
- ကျောက်ကပ်ပျက်စီးစေတဲ့ အကြောင်းရင်းတွေကို ရှာရပါမယ်။
- ဆေးကုသနေချိန်၊ ဖြစ်ရတဲ့အကြောင်းရင်းကို ရှာဖွေချိန်မှာ နောက်ဆက်တွေမဖြစ်အောင်လို့ကုသပေးရပါမယ်။ ဥပမာပြောရရင်
-ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေပမာဏကို သေချာတွက်ချက်ပေးရပါမယ်။ နည်းရင် ကျောက်ကပ်ကို ပိုပျက်စီးစေပြီး များရင်လည်း ပိုဖော ပိုမောလာမှာပါ။
-သွေးတွင်းပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်ဓာတ်ကို ထိန်းထားရပါမယ်။
-လိုအပ်ရင်ကျောက်ကပ်ဆေးပြီး သွေးထဲက အညစ်အကြေးတွေကို ဖယ်ထုတ်ပစ်ရပါမယ်။
ဘယ်လိုကာကွယ်ကြမလဲ။
ဘယ်တော့ကျေက်ကပ်ပျက်မလဲဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေနည်းအောင်လို့
-
- အကိုက်အခဲပျောက်ဆေးတွေကို အလွန်အကျွံမသောက်ပါနဲ့။ အထူးသဖြင့် နဂိုတည်းက ကျောက်ကပ်မကောင်းတဲ့သူတွေ၊ ဆီးချို၊ သွေးတိုးရှိတဲ့သူတွေက ပိုပြီးသတိထားသင့်ပါတယ်။
- တကယ်လို့ သင့်မှာ တခြားနာတာရှည်ရောဂါတစ်ခုခုရှိနေတယ်ဆိုရင် ဆရာဝန်နဲ့ပြသပြီး သေချာကုသပါ။
- ကျန်းမာတဲ့ နေထိုင်မှုပုံစံရှိပါစေ။ (ဥပမာ လှုပ်လှုပ်ရှားရှားနေပါ။ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ။ အရက်လျှော့သောက်ပါ။)
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။