ကလေးဘဝတုန်းတည်းက ပန်းနာရင်ကြပ်ရှိနေပေမယ့် ဘာလက္ခဏာမှ မပြဘဲ ကြီးကောင်ဝင်မှ လက္ခဏာပြတာမျိုးပါ။ တချို့တွေကျတော့လည်း ကိုယ်နဲ့ ဓာတ်မတည့်တာကို ငယ်တုန်းမှာ ရှောင်နိုင်လို့ လက္ခဏာ မပြဘဲ ကြီးလာမှ ဓာတ်မတည့်တဲ့ အရာနဲ့ ထိတွေ့ပြီး လက္ခဏာပြတာမျိုးပါ။ ဥပမာ အသက်ကြီးမှ ဖုန်တွေ၊ အမှုန်တွေ ကြားမှာ အလုပ်လုပ်ရလို့ ပန်းနာရင်ကြပ်လက္ခဏာ ပြလာတာမျိုးပေါ့။
အများစုကတော့ လုပ်ငန်းခွင်မှာ ဓာတ်မတည့်တာတွေနဲ့ ထိတွေ့မိလို့၊ ကြီးကောင်ဝင်လာတဲ့အခါ ဟော်မုန်းအပြောင်းအလဲတွေ ရှိလို့၊ ဆေးလိပ်သောက်လို့၊ စိတ်ဖိစီးမှုတွေ များလို့ ပန်းနာရင်ကြပ် လက္ခဏာပြတတ်ပါတယ်။
လူတစ်ယောက်ဆီမှာတော့ တစ်မျိုးစီ ဓာတ်မတည့်တာလေးတွေ ရှိတတ်ပါတယ်။ စားတာဖြစ်ချင် ဖြစ်မယ်။ ရှူတာဖြစ်ချင်ဖြစ်မယ်၊ ထိတွေ့မိတာ ဖြစ်ချင် ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်တာရှိတိုင်း ပန်းနာရင်ကြပ် မဖြစ်နိုင်သလို၊ ပန်းနာရင်ကြပ်တိုင်းမှာလည်း ဓာတ်မတည့်တာ ရှိမနေပါဘူး။
ဥပမာ ပြောရရင် လူအများစုက မတည့်တာစားမိရင် ဝမ်းလျှောရုံလောက်ပါပဲ။ မတည့်တ ထိမိရင် အင်ပြင်ထွက်ရုံလောက်ပါပဲ။ ပန်းနာရင်ကြပ် မထပါဘူး။ ဓာတ်မတည့် ပန်းနာရင်ကြပ်ရှိတဲ့သူကတော့ အထက်က လက္ခဏာတွေ အပြင် ပန်းနာရင်ကြပ်ပါ ဖောက်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ ဓာတ်မတည့် ပန်းနာရင်ကြပ်ရှိတယ်ဆိုရင် ဘာနဲ့ မတည့်လဲဆိုတာ သိဖို့လိုပါတယ်။ သိလို့ ရှောင်လိုက်ရင် ပန်းနာရင်ကြပ်မကြွအောင် ကောင်းကောင်း ကာကွယ်နိုင်ပါတယ်။
- ဓာတ်မတည့်တာကြောင့် မဟုတ်သောပန်းနာရင်ကြပ်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။