အသက်ရှူလမ်းကြောင်းရောဂါတွေကို ဘယ်လိုကုသလို့ရသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 10, 2020 . 2 mins read
Share now

အသက်ရှူလမ်းကြောင်းတလျှောက်မှာ ရောဂါမျိုးစုံဖြစ်နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါတစ်ခုခု ခံစားနေရပြီဆိုရင် “ငါ ကုလို့ ရပါ့မလား။ ဘယ်အလောက်ကြာအောင် ကုရမှာလဲ။ သောက်ဆေးလား။ ထိုးဆေးလား။ ခွဲရ စိတ်ရမှာလား “ စသဖြင့် စိုးရိမ်တတ်ပါတယ်။

ဒီဆောင်းပါးမှာ အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပြဿနာတွေနဲ့ သူတို့ရဲ့ ကုသနည်း အကြမ်းဖျင်းကို ပြောပြပေးပါ့မယ်။

အသက်ရှူလမ်းကြောင်း ရောဂါများ

အသက်ရှူလမ်းကြောင်းရောဂါတွေကို အကြမ်းဖျင်း ၃မျိုးခွဲလိုက်လို့ ရပါတယ်။

လေပြွန်ကျဉ်း/ ပိတ်တဲ့ရောဂါ (Obstructive conditions)

အဆုတ်က လေကောင်းကောင်း လက်မခံနိုင်တဲ့ ရောဂါ (Restrictive conditions)

ပိုးဝင်တာ

ဒါတွေက မြန်မာနိုင်ငံမှာ အတွေ့ရများတဲ့ အဆုတ်ရောဂါတွေပါပဲ။ သူတို့ကို ဘယ်လိုကုသနေကြလဲဆိုတာ ဆက်ကြည့်ရအောင်။

အသက်ရှူလမ်းကြောင်းရောဂါတွေကို ဘယ်လိုကုသလို့ရသလဲ။

အသက်ရှူလမ်းကြောင်းရောဂါတွေဟာ တစ်ခုနဲ့ တစ်ခု မတူတဲ့အတွက် ကုသနည်းတွေက မတူပါဘူး။ ရောဂါချင်း တူရင်တောင် ရောဂါအခြေအနေ၊ လူနာအခြေအနေပေါ် မူတည်တဲ့အတွက် ကုသနည်းတွေ အနည်းငယ် ကွာသွားနိုင်ပါတယ်။

ခုပြောပြမှာကတော့ အသုံးများတဲ့ နည်းလမ်းတွေပါပဲ။

  • COPDလို့ ခေါ်တဲ့ နာတာရှည် လေပြွန်ကျဉ်း ရောဂါ

ပြင်းထန်မှု အဆင့်ပေါ်လိုက်ပြီးတော့ ရှူဆေးတွေ၊ စက်နဲ့ ဆေးငွေ့ရှူတာတွေ၊ သောက်ဆေးတွေ၊ ထိုးဆေးတွေ လိုနိုင်ပါတယ်။ အိမ်မှာ အောက်ဆီဂျင် ရှူရနိုင်ပါတယ်။

  • ပန်းနာရင်ကြပ်

သူ့အတွက် ရှူဆေးနဲ့ ဆေးငွေ့ရှူတာက အဓိကပါပဲ။ ဒီနှစ်ခုနဲ့ မရလို့ ရောဂါအဆင့်မြင့်လာရင် သောက်ဆေးတွေ၊ စတီးရွိုက်တွေ ပါလာနိုင်ပါတယ်။ တစ်ခါ တစ်ခါ ရောဂါကြွရင်လည်း အရေးပေါ် စတီးရွိုက်ထိုးရတတ်ပါတယ်။ ပန်းနာရင်ကြပ်က ရောဂါသဘာဝအရ ထိန်းထားရုံပဲ ရတာကြောင့် ရေရှည်မှာ ကိုယ်နဲ့ မတည့်တာကို ရှောင်တာကသာ အဖြေဖြစ်ပါတယ်။

  • လေပြွန်တွေကျယ်ပြီး ပြည်တွေနဲ့ ပြည့်နေတဲ့ ရောဂါ (Bronchiectasis)

ဒါဆိုရင်တော့ ပိုးသတ်ဆေးတွေနဲ့  ကုသရမှာပါ။ ထိုးဆေး၊ သောက်ဆေး နှစ်မျိုးလုံး ဖြစ်နိုင်ပါတယ်။ လိုအပ်ရင် ခွဲစိတ်ကုသရပါမယ်။

  • အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာကလည်း အဆင့်အလိုက် ကုသရတာပါ။ ခွဲစိတ်တာ၊ ဆေးသွင်းတာ၊ ရောင်ခြည်ပြတာ၊ targeted therapyလို့ ခေါ်တဲ့ ကင်ဆာကျိတ်နဲ့ လိုက်ဖက်တဲ့ ဆေးသုံးပြီး ကုတာ စတာတွေနဲ့ ကုသနိုင်ပါတယ်။

  • အဆုတ်အမာရွတ်တွယ်တာ (pulmonary fibrosis)

သောက်ဆေးနဲ့ ကုကြတာ များပါတယ်။

  • အဆုတ်ရောင်

အဆုတ်က ဘာကြောင့်ရောင်တာလဲပေါ်မူတည်ပါတယ်။ ဘတ်တီးရီးယားလား၊ ဗိုင်းရပ်စ်လား၊ မှိုပိုးကြောင့်လား။ ဘတ်တီးရီးယားတို့၊ မှိုတို့ကြောင့်ဆိုရင် ပိုးသတ်ဆေးတွေ၊ မှိုသတ်ဆေးတွေ ပေးလို့ရပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဆိုရင်တော့ ကိုယ်ခံအားနဲ့ တိုက်ရပါတယ်။ ဒီထက်ပိုမဆိုးသွားအောင် ဂရုစိုက်ရပါတယ်။

  • တီဘီ

တီဘီဆိုရင်တော့ ဆေး၆လသောက်ရပါတယ်။ ဒါဆိုရင် အများစုက ပျောက်ပါတယ်။ ဆေးယဉ်ပါးဆိုရင်တော့ တစ်နှစ်နီးပါးလောက်သောက်ရပါတယ်။ နောက်ပိုင်းမှာတော့ တီဘီမှာ ထိုးဆေးအစား သောက်ဆေးတွေ ပြောင်းသုံးလာကြပါပြီ။

တခြားကုသနည်းတွေကတော့

ဆေးလိပ်ဖြတ်ဖို့ လိုပါတယ်။ ဆေးလိပ်သောက်နေရင် ရောဂါမသက်သာတဲ့အပြင် ကုသမှုကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။

-အောက်ဆီဂျင်ရှူဖို့လိုပါတယ်။

တချို့ နာတာရှည် လေပြွန်ကျဉ်း ဝေဒနာရှင်တွေဆိုရင် အိမ်မှာ အောက်ဆီဂျင်အိုးထားပြီး ရှူရပါတယ်။ ဒါကြောင့်လည်း ဆေးလိပ်ဖြတ်ဖို့ အရေးကြီးတယ်လို့ ပြောရတာပါ။ အခန့်မသင့်ရင် မီးလောင်နိုင်လို့ပါ။

အဆုတ်ပြန်လည် သန်စွမ်းရေး လေ့ကျင့်ခန်းတွေ လုပ်ပေးရပါတယ်။

ဆေးရုံမှာ အဆုတ်မကောင်းတဲ့သူတွေကို မနက်ဆို ရင်ဘတ်ကို တဘုန်းဘုန်း ရိုက်တာ မြင်ဖူးမှာပါ။ ဒါဟာ အဆုတ်မှာ ရှိတဲ့ အချွဲတွေ ထွက်သွားအောင်လို့ပါ။ ဒီလိုပဲ တခြားလေ့ကျင့်ခန်းတွေ၊ အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်ပေးရပါတယ်။ ဒါမှ အဆုတ်က မြန်မြန်နာလန်ထူနိုင်မှာပါ။

Takeaways

အသက်ရှူလမ်းကြောင်းရောဂါတွေက ကုသနည်းတွေကလည်း အစုံစုံပါပဲ။ နောက်ပိုင်းမှာ ကုသနည်းတွေက ပိုလိုတောင် တိုးတက်လာတာကြောင့် ရောဂါပျောက်ကင်းနှုန်းတွေလည်း မြင့်လာပါပြီ။ အရေးကြီးတာက စောစောသိပြီး စောစောကုနိုင်ဖို့ပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နာတာရှည် လေပြွန်ရောင် ဖြစ်စေတဲ့အကြောင်းရင်းနဲ့ ဖြစ်နိုင်ခြေများတဲ့သူများ

နာတာရှည်လေပြွန်ရောင် ရောဂါကို အဓိက ဖြစ်စေတာကတော့ ဆေးလိပ်သောက်ခြင်း၊ ဖုန်မှုန့်၊ အခိုးအငွေ့တွေနဲ့ လေထုညစ်ညမ်းမှုတို့ကြောင့်ပဲ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဆေးယဉ်ပါးမှုပြဿနာ အဖြေရှာကြမယ်(သို့မဟုတ်) ကိုယ်ချစ်ရတဲ့ ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ အဆုံးမသတ်မိပါစေနဲ့

ဆေးယဉ်ပါးတာက လူသားမျိုးနွယ်ကိုတင် မဟုတ်ဘဲ ကမ္ဘာမြေကြီးတစ်ခုလုံးကိုပါ ပျက်စီးစေနိုင်ပါတယ်။ ကိုယ်ချစ်တဲ့ကမ္ဘာမြေကြီးကို ကိုယ့်လက်နဲ့ကိုယ် အဆုံးမသတ်မိပါစေနဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အဆုတ်မှာ ဖြစ်တဲ့ granuloma အကျိတ်ဆိုတာ

Granuloma အကျိတ်က သာမန်အားဖြင့် ဘာမှမဖြစ်လို့ စိုးရိမ်စရာ မရှိပါဘူး။ ကင်ဆာကျိတ်လည်း မဟုတ်ပါဘူး။ နောက်ခံအကြောင်းရင်းကို သေချာကုသသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အအေးမိခြင်း

အအေးမိဖျားနာဆိုတာ သာမန်ရောဂါပါပဲ။ ကာကွယ်နည်းတွေကို စနစ်တကျ လိုက်နာရင် ဖြစ်နိုင်ခြေ နည်းသွားမှာပါ။ ခုခံအားကောင်းနေမယ်ဆိုရင် မြန်မြန်သက်သာမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ဆောင်းတွင်းမှာ အဖျားအနာကင်းအောင် ဘယ်လိုအာဟာရဓာတ်တွေ ဖြည့်စွက်ဖို့ လိုအပ်မလဲ

ဆောင်းတွင်းမှာ အဖျားအနာကင်းအောင် ဘယ်လိုအာဟာရဓာတ်တွေ ဖြည့်စွက်ဖို့ လိုအပ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 29, 2020 . 1 min read
ပဋိဇီဝပိုးတွေကို ဘယ်လိုသုတ်သင်နိုင်သလဲ။

ပဋိဇီဝပိုးတွေကို ဘယ်လိုသုတ်သင်နိုင်သလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 3 mins read
ကူးစက်တတ်တဲ့ ရောဂါများအကြောင်း

ကူးစက်တတ်တဲ့ ရောဂါများအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 3 mins read
ဘက်တီးရီးယားပိုးကြောင့် အဆုတ်ရောင်ခြင်း

ဘက်တီးရီးယားပိုးကြောင့် အဆုတ်ရောင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 18, 2020 . 2 mins read