ပန်းနာရင်ကြပ် ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read
Share now

ပန်းနာရင်ကြပ် သမားတွေရဲ့ ၃၀ရာနှုန်းကနေ ၇၀ရာနှုန်းလောက်ဟာ နေ့ဘက်ထက် ညဘက်မှာ ပိုပြီးရင်ကျပ်တတ်ကြပါတယ်။ ညဘက်မှာ ရင်ကြပ်ခြင်း၊ အမောထဖောက်ခြင်းတို့ဟာ နေ့ဘက်ထက်စာရင် ပိုပြီးကသိကအောက်ဖြစ်စေမယ့်အပြင် တချို့လူတွေအတွက်ဆို ချက်ချင်းကုသမှုခံယူဖို့လိုအပ်စေပါတယ်။

ညဘက်မှာ ပန်းနာရင်ကြပ်ထဖောက်ခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းများကတော့

(၁) ဓာတ်မတည့်မှုဖြစ်စေသောအရာများနှင့် ထိတွေ့မှုများခြင်း

ဓာတ်မတည့်စေသောအရာဟာ အိပ်ရာပေါ်က ကြမ်းပိုးဖြစ်နိုင်သလို အခန်းထဲမှာရှိနေတဲ့ ဖုန်မှုန့်နှင့် ကြောင်အမွေးတွေလည်း ဖြစ်နိုင်ပါတယ်။ သင့်အနေနှင့် ညအိပ်ချိန်မှာ အနည်းဆုံး၇နာရီလောက်တော့ အခန်းထဲမှာ နေဖြစ်နေတဲ့အတွက် မိမိအခန်းထဲမှာ ခုနကလို ဓာတ်မတည့်စေတဲ့အရာတွေရှိနေရင်တော့ သင်အိပ်ပျော်ဖို့ကြိုးစားချိန်မှာပဲ အသက်ရှူကျပ်ခြင်းနှင့် အသက်ရှူစဉ် တရွီရွီအသံများမြည်လာခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။

(၂) ပက်လက်အိပ်စက်ပုံကြောင့် အစာအိမ်အက်ဆစ်များအထက်သို့ ဆန်တက်ခြင်း

ပက်လက်အိပ်တဲ့အခါမှာ အစာအိမ်တွင်းရှိ အက်ဆစ်တွေဟာ အစာရေမျိုကနေတဆင့်အထက်သို့ဆန်တက်ပြီးနောက် အသက်ရှူလမ်းကြောင်းတွင်းသို့ ဝင်မိပြီး ချောင်းဆိုးစေပါတယ်။
ဒီလို အစာအိမ်အက်ဆစ်တွေဟာ လေပြွန်တွေကို ကျုံ့စေပြီး အသက်ရှူကျပ်စေပါသေးတယ်။

(၃) နှာခေါင်းအနောက်ဖက်ကနေ နှာရည်ကျခြင်း

သင်လဲလျောင်းစဉ်မှာ နှာခေါင်းအတွင်းရှိနှာရည်တွေဟာ လည်ချောင်းတွေထဲ စီးဆင်းစေပြီး ချောင်းဆိုးခြင်းကို လှုံ့ဆော်ပေးပါတယ်။

(၄) ဆေးမသောက်မိခြင်း

သင့်အနေနှင့် အိပ်ခါနီးသောက်ရမယ့်ဆေးတွေကို ပုံမှန်မသောက်မိဘူးဆိုရင်တော့ အိပ်နေစဉ်ရင်ကျပ်စေပါလိမ့်မယ်။

(၅) စိတ်ဖိစီးမှု

စိတ်ဖိစီးခြင်းကြောင့်လည်း ညအိပ်ချိန် ပန်းနာရင်ကျပ်ထခြင်းကို ဖြစ်စေပါတယ်။ဒါဟာ စိတ်ဖိစီးချိန်ထွက်တတ်တဲ့ ဟော်မုန်းတွေက အသက်ရှူလမ်းကြောင်းတွင်ရောင်ရမ်းခြင်းဖြစ်စဉ်တွေကို ဖြစ်စေတတ်လို့ပါ။

(၆) အဆုတ်စွမ်းဆောင်ရည်

နေ့ဘက်မှာ လူတွေဟာ လှုပ်ရှားတက်ကြွနေတဲ့အတွက် အဆုတ်စွမ်းဆောင်ရည်ဟာ နေ့ဘက်မှာပိုမိုကောင်းမွန်ပြီး ညဘက်မှာ ကျဆင်းနေတတ်ပါတယ်။ ဒီအချက်က ပန်းနာရင်ကျပ်အမောဖောက်ခြင်းတွေဟာ ညဘက်မှာ အဖြစ်များရခြင်းရဲ့ အကြောင်းရင်းတစ်ချက်ဖြစ်ပါတယ်။

ညဘက်မှာ ပန်းနာရင်ကြပ် ကြောင့် ရုတ်တရက်အမောဖောက်လေ့ရှိသူတွေအနေနှင့် ကြိုတင်ပြင်ဆင်ရမယ့် အချက်တွေကတော့

Inhalerကို ကိုယ်နှင့်လက်လှမ်းမီသောနေရာတွင်သာ ထားပါ။
-ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးသောက်ချိန်ကို ညှိနှိုင်းပါ။လိုအပ်ပါက ဆေးပမာဏ တိုးသောက်ပါ။
-အိပ်ခန်းကို သန့်ရှင်းအောင်ထားပါ။ လေဝင်လေထွက်ကောင်းပါစေ။ အခန်းတွင်းသို့ အိမ်မွေးတိရစ္ဆာန်များအဝင်မခံပါနှင့်။
-ဆေးလိပ်ငွေ့၊အမွေးတိုင်ငွေ့စသော အငွေ့များနှင့်ဝေးဝေးနေပါ။
-မပြင်းထန်သော ကိုယ်လက်လေ့ကျင့်ခန်းများ နေ့စဉ်ပြုလုပ်ပေးပါ။

ရေးသားသူ – Dr. Rose

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘက်တီးရီးယားပိုးကြောင့် အဆုတ်ရောင်ခြင်း

—Meta description not set.

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု သက်သာစေဖို့ ဘာတွေစားမလဲ။

အစားအစာတွေက အာဟာရ ပြည့်ဝရုံတင် မဟုတ်ဘဲ ဓာတ်မတည့်မှုကို ခံစားရလေ့ရှိသူတွေမှာလည်း ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို သက်သာစေဖို့ ထောက်ပံ့ပေးပါသေးတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆီးချိုရှိသူအတွက် ပြုစုစောင့်ရှောက်ရသူတစ်ယောက်ရဲ့စိတ်သောကကို လျှော့ချပေးနိုင်မယ့် (၇) ချက်

ဆီးချိုရှိသူ အတွက် ပြုစုစောင့်ရှောက်ရသူ တစ်ယောက် ရဲ့ စိတ်သောက ကို လျှော့ချပေးနိုင်မယ့် အချက်လေးတွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon

သိမ်းဆည်းထားရမယ့် အရာတွေထဲမှာ စိတ်ဖိစီးမှု မပါပါ။

စိတ်ဖိစီးမှုက ပမာဏ နည်နည်းမှာ စိတ်အားထက်သန်မှု ဖြစ်စေတယ်ဆိုပေမယ့် ပမာဏ များလာရင် ထိခိုက်မှု ကြီးလာပါတယ်။ဒီတော့ နှစ်ရှည်လများ စိတ်ဖိစီးမှုကို စုမထားပါနဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်

ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း

သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 23, 2020 . 2 mins read
ဘေဘီလေးကို အစေ့အဆန် ကျွေးသင့်ရဲ့လား။

ဘေဘီလေးကို အစေ့အဆန် ကျွေးသင့်ရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 19, 2020 . 2 mins read
ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးတဲ့အခါ

ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 19, 2020 . 2 mins read