နာတာရှည် လေပြွန်ရောင် ရောဂါ (Chronic bronchitis) ဆိုတာ နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)ရဲ့ ရောဂါအခွဲတစ်ခုပါပဲ။ ဒါကြောင့် ဖြစ်တဲ့ အကြောင်းရင်းတွေကလည်း ခပ်ဆင်ဆင်ပါပဲ။ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကို သိထားရင် ကြိုတင်ကာကွယ်နိုင်သလို ကိုယ်က ဖြစ်နိုင်ခြေများတဲ့သူလားဆိုတာကိုလည်း ဆန်းစစ်နိုင်ပါတယ်။