backup og meta

အဆုတ်မှာ ဖြစ်နိုင်တဲ့ ရောဂါ အမျိုးမျိုး ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆုတ်မှာ ဖြစ်နိုင်တဲ့ ရောဂါ အမျိုးမျိုး ။ ။

    အဆုတ်လို့ဆိုလိုက်တာနဲ့ အဆုတ်ကင်ဆာ။ အဆုတ်ရောင်၊ အဆုတ်ပိုးဝင်၊ ပန်းနာရင်ကြပ် ၊ တီဘီ လောက်သာသိကြတဲ့များပါတယ်။ တကယ်လည်း သူတို့က နာမည်ကြီး အဆုတ်ရောဂါတွေဖြစ်ပြီး ဖြစ်တဲ့သူတွေကလည်း အများကြီးပါ။ ဒါပေမယ့် အဆုတ်ဆိုတဲ့ ကိုယ်တွင်း အစိတ်အပိုင်းလေးမှာ ဖြစ်နိုင်တဲ့ ပြဿနာတွေ၊ ရောဂါတွေ အများကြီးပါ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။

    လြေ့ပွန်ပိုင်းဆိုင်ရာ အဆုတ်ပြဿနာတွေ ။ ။

    အဆုတ်တစ်ခုရဲ့ ဖွဲ့စည်းပုံအရ trachea ( လေပြွန်) ကနေ ဖြာထွက်လာတဲ့ လေပြွန်အတက်လေး bronchi တွေမှာ ဖြစ်တဲ့ ပြဿနာတွေကို လေပြွန်ပိုင်းဆိုင်ရာ ပြဿနာတွေအဖြစ် တစ်အုပ်စုထားပါတယ်။ သူတို့တွေကတော့

    • Asthama (ပန်းနာရင်ကြပ် )- ဓါတ်မတည့်တာတွေနဲ့ ထိမိတာကြောင့် လေပြွန်လေးတွေ တစ်ချိန်လုံးရောင်နေပြီး အသက်ရှူ့ကြပ်တဲ့ ပြဿနာတစ်ခုပါ။
    • Chronic obstructive pulmonary disease( လေပြွန်ပိတ်ဆို့ နာတာရှည်အဆုတ်ရောဂါ )- ဒါကတော့ ရှူသွင်းတဲ့နေရာမှာ ပြဿနာမရှိဘဲ ရှူထုတ်တဲ့ နေရာမှာ ပြဿနာရှိတဲ့ အဆုတ်ရောဂါတစ်မျိုးပါ။
    • Emphysema( လေအိတ်ပျက်စီး ရောဂါ) – လေအိတ်လေးတွေပျက်စီးပြီး ပိတ်ကုန်တာကြောင့် လေကို ပြန်ရှူထုတ်ရခက်တဲ့ ပြဿနာတစ်ခုပါ။
    • Chronic bronchitis ( နာတာရှည် လေပြွန်ရောင်ခြင်း) – COPD ရောဂါတစ်မျိုးဖြစ်ပြီး တစ်ချိန်လုံ သလိပ်ထချောင်းဆိုးနေတာက အဓိက ပြဿနာတစ်ခုပါ။
    • Acute bronchitis ( လောလောလတ်လတ် လေပြွန်ရောင်ခြင်း) – ဗိုင်းရပ်စ်ကြောင့်အဖြစ်အများဆုံဖြစ်တဲ့ အဆုတ်ပိုးဝင်ရောင်ရမ်းခြင်းပါ။
    • Cystic fibrosis – မျိုးရိုးဗီဇဆိုင်ရာ ရောဂါတစ်ခုဖြစ်ပြီး လေပြွန်တွေထဲက ချွဲတွေ ကောင်းကောင်းမရှင်းနိုင်တဲ့ ပြဿနာတစ်ခုပါ။ ဒီလိုနဲ့ အဆုတ်ပိုးဝင်တာတွေ ခဏခဏ ဖြစ်နေတော့မှာပါ။

    လေအိတ်လေးတွေကို ထိခိုက်နိုင်တဲ့ အဆုတ်ပြဿနာတွေ ။ ။

    • Pneumonia( အဆုတ်ရောင်ခြင်း)- ဘက်တီးရီးယားကြောင့် အဆုတ်ပိုးဝင်ပြီးလေအိတ်လေးတွေ ရောင်ရမ်းကုန်ပါတယ်။
    • Tuberculosis ( တီဘီရောဂါ) -Mycobacterium tuberculosis ဘက်တီးရီးယား အကောင်ကြောင့်ဖြစ်တဲ့အဆုတ်တီဘီကလည်း လေအိတ်လေးတွေကို ထိခိုက်စေတဲ့အရာတစ်ခုပါ။
    • Emphysema – လေအိတ်တွေပျက်စီးတဲ့ရောဂါတစ်မျိုးဖြစ်ပြီး ဆေးလိပ်သောက်တဲ့သူတွေမှာ အများဆုံး တွေ့ရပါတယ်။
    • Pulmonary edema – အဆုတ်တွင်းရေစုတဲ့ ပြဿနာဖြစ်ပြီးလေအိတ်လေးတွေကို သွားဖိလို့ အသက်ရှူရကြပ်တဲ့ ပြဿနာတစ်ခုပါ။ နှလုံးညှစ်အားကျတဲ့ ပြဿနာ၊ အဆုတ်သွေးကြောတွေထိခိုက်တဲ့ ပြဿနာတွေက Pulmonary edema ဖြစ်ရခြင်း အကြောင်းတွေပါ။
    • အဆုတ်ကင်ဆာ – အဆုတ်ရဲ့ ဘယ်နေရာမှာမဆိုဖြစ်နိုင်တဲ့ အဆုတ်ကင်ဆာက လေအိတ်လေးတွေကိုလည်းသွားထိနိုင်ပါတယ်။
    • Pneumoconiosis – အဆုတ်ကိုထိခိုက်နိုင်တဲ့ဓါတုပစ္စည်း၊ သတ္တုပစ္စည်းတွေ ရှူလိုက်မိရာကနေ ဖြစ်တဲ့ အဆုတ်ရောဂါ တစ်မျိုးပါ။ ကျောက်မီးသွေးမှုန့်တွေ၊ မီးသွေးမှုန့်တွေ ရှူမိတဲ့ အခါမျိုးတွေမှာပေါ့။

    လေအိတ်ခြားအလွှာပါး (interstitium) လေးတွေမှာဖြစ်တဲ့ ပြဿနာတွေ

    လေအိတ်လေးတွေ ကြားထဲမှာ ခြားထားတဲ့ interstitium ကိုသွားထိခိုက်တဲ့ အဆုတ်ပြဿနာတွေကတော့

    • Interstitial lung disease – Sarcoidosis,idiopathic pulmonary fibrosis( အဆုတ်ခဲခြင်း) ,နဲ့ autoimmune disease (ခုခံအားဆိုင်ရာ ပြဿနာ) တွေက လေအိတ်လေးတွေ ကြားထဲမှာ ခြားထားတဲ့ interstitium ကို ထိခိုက်နိုင်တဲ့ ပြဿနာတွေပါ။
    • Pneumonia ( အဆုတ်ရောင်ခြင်း) နဲ့ pulmonary edemas ( အဆုတ်မှာရေစုခြင်း) ကြောင့်လည်း interstitiumမှာ ထိခိုက်နိုင်ပါသေးတယ်။

    အဆုတ်သွေးကြောတွေကို ထိခိုက်စေတဲ့ အဆုတ်ပြဿနာများ

    အောက်ဆီဂျင် တွေ အဆုတ်ဆီ သယ်လာဖို့ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေအဆုတ်ကနေ ပြန်သယ်သွားဖို့အတွက် သွေးကြောတွေက အရေးပါတဲ့ အရာတစ်ခုပါ။ ဒီလို သွေးကြောတွေကို ထိခိုက်နိုင်တဲ့ အဆုတ်ပြဿနာတွေကတော့

    • Pulmonary embolism ( အဆုတ်သွေးခဲပိတ်) – ကိုယ်တွင်းတစ်နေရာက သွေးကြောမှာဖြစ်နေတဲ သွေးခဲလေးပြုတ်ထွက်သွားပြီး အဆုတ်ဆီသွားတဲ့ သွေးကြော Pulmonary artery မှာပိတ်တဲ့ပြဿနာတစ်ခုပါ။
    • Pulmonary hypertension – သွေးတိုးနဲ့ နှလုံး ပြဿနာတွေကြောင့် pulmonary arteries သွေးလွှတ်ကြောတွေထဲ ဖိအားတက်လာတဲ့ ပြဿနာပါ။

    Pleura လို့ခေါ်တဲ့ အဆုတ်ပေါ်ဖုံးထားတဲ့ အလွှာပါးလေးကိုထိခိုက်တဲ့ ပြဿနာ။

    • Pleural effusion ( Pleura မှာအရည်စုခြင်း) – pleura အတွင်းမှာ ပုံမှန်ဆိုအရည်တွေရှိနေတတ်တယ်ဆိုပေမယ့် နှလုံးမညှစ်နိုင်တော့တာ၊ အဆုတ်ရောင်တဲ့ အခါမျိုးတွေမှာတော့ အရည်တွေပုံမှန်ထက်ပိုစုလာတတ်ပါတယ်။ ဒီလို အခါမျိုးမှာ အသက်ရှူရကြပ်တာ၊ ရင်ဘတ်အောင့်တာမျိုးတွေ ဖြစ်တတ်ပြီး အရည်တွေ စုပ်ထုတ်ဖို့လိုပါတယ်။
    • Pneumothorax – ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့် ( ဥပမာ ထိုးသွင်းဓါးဒဏ်ရာ) ကြောင့် အဆုတ်နဲ့ရင်ဘတ်ကြားထဲ လေဝင်သွားတဲ့ ပြဿနာပါ။
    • Mesothelioma – pleural မှာဖြစ်တဲ့ ရှားပါး ကင်ဆာတစ်မျိုးဖြစ်ပြီး ကျောက်မီးသွေးနဲ့ ထိတွေ့မှု များတာကြောင့် အဓိကဖြစ်ရတာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement