banner

ဆီးချိုရောဂါ စစ်ဆေးခြင်း

Subot Icon

သင့်ရဲ့ ဆီးချိုအကြိုအဆင့် ဖြစ်နိုင်ခြေ ကို အွန်လိုင်းက‌နေ စစ်ဆေးမယ်

Subot Icon

အလွယ်ကူဆုံးနည်းလမ်းများနဲ့ အွန်လိုင်းကနေ ဆီးချိုထိန်းကြမယ်

ဆီးချိုရောဂါအကြောင်း သိသင့်သမျှ

အမျိုးအစား (၂) ဆီးချို

မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုရောဂါ ခံစားရသူအရေအတွက်

မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုရောဂါ ခံစားရသူအရေအတွက် .... ဆီးချိုက ကမ္ဘာတလွှားမှာတင် ဖြစ်ပွားမှုနှုန်း မြင့်တက်နေတာ မဟုတ်ဘဲ မြန်မာနိုင်ငံမှာလည်း ဆီးချို ရောဂါ ခံစားရသူ အရေအတွက်က ပြီးခဲ့တဲ့ နှစ်တွေအတွင်း အတော်လေး မြင့်တက်လာခဲ့ပါတယ်။ ဆီးချိုက ရုတ်တရက် သေဆုံးတာမျိုး မဖြစ်ပေမယ့် ကုသပျောက်ကင်းဖို့ မဖြစ်နိုင်တဲ့ နာတာရှည် ရောဂါတစ်ရပ်ပါ။ ကူးစက်တာမျိုး မရှိဘူးဆိုပေမယ့် မျိုးရိုးလိုက်တာကြောင့် နောက်မွေးလာမယ့် သားစဉ်မြေးဆက်မှာ ဆီးချို ခံစားရတာမျိုးဖြစ်နိုင်ပါတယ်။  ဒါကြောင့် သေချာ သိရှိ ကာကွယ်ဖို့ လိုအပ်တဲ့ ရောဂါတစ်မျိုးလို့ ပြောပါရစေ။ မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုရောဂါ ခံစားရသူအရေအတွက် မြန်မာနိုင်ငံရဲ့ ဆီးချို ဖြစ်ပွားမှုနှုန်း ဘယ်လောက်တောင် မြင့်တက်နေသလဲ။၂၀၁၄ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါဖြစ်ပွားနှုန်း နှင့် ကူးစက်မဟုတ်သောရောဂါများ ဖြစ်စေနိုင်သော အကြောင်း […]

ဆီးချိုရောဂါအား ကုသခြင်းနှင့် ဂရုစိုက်ခြင်း

အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါအတွက် ဘယ်လိုဆင်ခြင်နေထိုင်မလဲ - နေထိုင်မှုပုံစံ၊အစားအသောက်၊ဆေးဝါးကုသမှု

ဆီးချို ရှိလာရင် နေထိုင်စားသောက်မှုတွေကို သေချာလေး ဂရုစိုက်ဖို့ လိုသလို ဆေးဝါးကုသမှုကိုရော နေထိုင်မှု ပုံစံကိုပါ သေချာလေး ဂရုစိုက်ဖို့ လိုမှာပါ။ ဒီတော့ ဆီးချိုရောဂါအတွက် ဘယ်လိုဆင်ခြင်နေထိုင်မလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ဆီးချိုရောဂါအတွက် ဘယ်လိုဆင်ခြင်နေထိုင်မလဲ ဆီးချိုရောဂါအတွက် ဘယ်လိုဆင်ခြင်နေထိုင်မလဲ ဆိုတာကို အတူတူ လေ့လာလိုက်စို့နော်။ ဆီးချိုရောဂါကဘာလဲ ဆီးချိုရောဂါ အဓိကအမျိုးအစား ၃ မျိုးရှိပါတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါ - ခန္ဓာကိုယ်က အင်ဆူလင် ထုတ်မပေးနိုင်တော့ပါဘူး။ ကိုယ်စားလိုက်တဲ့ အစားအစာတွေဆီက ရရှိတဲ့ သကြားဓာတ်(ဂလူးကို့စ်)ကို ခန္ဓာကိုယ်အတွက် အားအဖြစ် ပြောင်းလဲပေးနိုင်ဖို့ အင်ဆူလင် လိုအပ်လာတာကြောင့် ပြဿနာ ရှိလာပါတယ်။ ဒီအမျိုးအစားအတွက် အင်ဆူလင်နေ့တိုင်း ထိုးသွင်းဖို့ လိုအပ်ပါတယ်။ အမျိုးအစား ၂ ဆီးချိုရောဂါ -ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းစွာမထုတ်လုပ်နိုင်၊ အသုံးမပြုနိုင်ပါဘူး။ […]

အမျိုးအစား (၂) ဆီးချို

အိမ်မှာ အင်ဆူလင် ဘယ်လိုထိုးမလဲ။

အိမ်မှာ အင်ဆူလင် ဘယ်လိုထိုးမလဲ။ ဆီးချို ရှိတဲ့အခါ ဆေးသောက်တာအပြင် အင်ဆူလင်ထိုးတာကလည်း ဆီးချိုအတွက် ကုသမှု နည်းလမ်းတစ်ရပ်ပါ။ ဒီလို အင်ဆူလင် ထိုးတာကို ဆရာဝန် အကူအညီမလိုဘဲ အိမ်မှာတင် ကိုယ်တိုင် ထိုးလို့ ရပါတယ်။ ဒီတစ်ခေါက်တော့ အင်ဆူလင်ကို အိမ်မှာထိုးတဲ့အခါ အမှန်ကန်ဆုံး ဖြစ်အောင် ဘယ်လို ထိုးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ အင်ဆူလင် ဆိုတာ အင်ဆူလင်ဆိုတာ ဟော်မုန်း တစ်မျိုးပါ။ ဆဲလ်တွေက ဂလူးကို့စ်ကို စွမ်းအင်အဖြစ် ပြောင်းလဲနိုင်စေဖို့ ကူညီပေးတဲ့ ဟော်မုန်းပါ။ အင်ဆူလင်က သကြားဓာတ်ကို သွေးထဲကနေတဆင့် ဆဲလ်တွေဆီ ဝင်ရောက်နိုင်စေဖို့ ထောက်ကူပေးတာပါ။ အမျိုးအစား -၁ ဆီးချိုရှိသူတွေမှာဆိုရင် ခန္ဓာကိုယ်က အင်ဆူလင်ကို မထုတ်ပေးနိုင်ပါဘူး။ အမျိုးအစား -၂ ဆီးချို ရှိသူတွေမှာတော့ အင်ဆူလင်ကို မှန်မှန်ကန်ကန် အသုံးမချနိုင်တာပါ။ […]

ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရှိသူအတွက် ပြုစုစောင့်ရှောက်ရသူတစ်ယောက်ရဲ့စိတ်သောကကို လျှော့ချပေးနိုင်မယ့် (၇) ချက်

နာတာရှည်ရောဂါရှိသူတွေရဲ့ လိုအပ်သမျှကို ဘေးကနေ ဖြည့်ဆည်းစောင့်ရှောက်ပေးနေသူတွေမှာ စိတ်ဖိစီးမှု၊ ပူပန်မှုနဲ့ ဖိအားတွေ မကြာခဏခံစားရတတ်ပါတယ်။ ဆီးချို ရောဂါရှိသူတစ်ယောက်ကို ပြုစုဂရုစိုက်ရတဲ့အခါ ကြုံတွေ့လာရတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဘယ်လိုလျှော့ချကြမလဲ။ ဆီးချိုရှိသူအတွက် ပြုစုစောင့်ရှောက်ရသူတစ်ယောက်ရဲ့စိတ်သောကကို လျှော့ချပေးနိုင်မယ့်အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။ ပြုစုစောင့်ရှောက်သူတစ်ယောက်အနေနဲ့ ဘာတွေ စိတ်ဖိစီးရလဲ လေ့လာမှုတွေအရ ပြုစုစောင့်ရှောက်သူတစ်ယောက်ဟာ ဆီးချိုလိုမျိုး နာတာရှည်ရောဂါရှိသူကို ဂရုစိုက်စောင့်ရှောက်ပေးရင်းနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းအရ မြှုပ်နှံလုပ်ဆောင်ရတာတွေကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်လာတတ်တာပါ။ တွေးကြည့်ပါ။ ဆီးချို ရှိသူတစ်ဦးရဲ့ လိုအပ်သမျှ ဆိုတဲ့အထဲမှာ သူ့ရဲ့သွေးတွင်းသကြားဓာတ် အတက်အကျကို ပုံမှန်စောင့်ကြည့်၊ စစ်ဆေး၊ မှတ်တမ်းတင်ထားရမယ်၊ ဆေးတွေ အချိန်မှန်သောက်ရဲ့လား သေချာဂရုစိုက်ရမယ် ဆိုတာတွေ ပါဝင်တယ်။ ဒါ့အပြင် သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း(hypoglycemia) နဲ့ သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း (hyperglycemia)တို့ရဲ့ လက္ခဏာတွေကိုလည်း အမြဲမပြတ် သတိထားနေရပါသေးတယ်။ လူနာက သက်ကြီးပိုင်းအရွယ် ဖြစ်နေရင် သူ့ရဲ့ဝေယျာဝစ္စတွေနဲ့ စားဖို့သောက်ဖို့ကို တာဝန်ယူထားရတဲ့ […]

အမျိုးအစား (၂) ဆီးချို

ဆီးချို အစားအသောက် နဲ့ ဆေးဝါးကုသမှုအတွက် ဘာတွေသိထားသင့်လဲ

ဆီးချိုသွေးချိုရှိလာပြီဆို အစားအသောက်နဲ့ပတ်သက်ပြီး အတော်လေး အခက်ကြုံရတတ်ပါတယ်။ စားလိုက်တဲ့ အစားအသောက်နဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနေရတာကိုး။ ဒါပေမယ့် ဆီးချို နဲ့ကျန်းမာစွာနေထိုင်နိုင်ဖို့ အစားအသောက်ဆင်ခြင်နည်းကိုသိထားပြီး ကုသမှုနဲ့ပတ်သက်တဲ့ ဗဟုသုတလည်း ရှိထားသင့်ပါတယ်နော်။ ကျန်းမာရေးနဲ့ညီအောင်စားသုံးခြင်းနဲ့လေ့ကျင့်ခန်းတို့က သင့်ရဲ့အလုံးစုံကျန်းမာရေးကိုကောင်းမွန်စေပြီးသွေးတွင်းအချိုဓါတ်ကို ထိန်းညှိနိုင်တဲ့အပြင် ဆီးချို ရဲ့နောက်ဆက်တွဲပြဿနာတွေခံစားရနိုင်တဲ့အန္တရာယ်လျော့နည်းစေနိုင်ပါတယ်။ ထမင်းစားတိုင်း အချိုးချတွက်ချက်ပြီးစားပါ။ ဆိုင်မှာစားဖြစ်တဲ့အခါဆို မှာလိုက်တဲ့အစားအစာက ကိုယ့်အချိုးထက်များနေရင် အတူပါလာတဲ့သူနဲ့မျှစားပါ ဒါမှမဟုတ် ပိုတာကို အိမ်သယ်သွားပါ။ ဂျုံအနု အစား whole grains အနှံတွေနဲ့လုပ်တဲ့ ကွေကာ၊ပေါင်မုန့်၊ပါစတာတို့ကိုစားပါ။ ဆန်အဖြူအစား ဆန်လုံးညို၊ အာလူးအစား ကန်စွန်းဥ တို့ကိုပြောင်းစားပါ။ ကွေကာ၊ ပေါင်မုန့်နဲ့ပါစတာတွေ ဝယ်ရင် ဘူးမှာပါတဲ့labelတွေကို ဖတ်ပြီး တစ်ခါစားအတိုင်းအတာမှာ အမျှင်ဓါတ်ပမာဏ အနည်းဆုံး ၃ဂရမ်နဲ့အထက် ပါတဲ့အမျိုးအစားတွေကိုရွေးချယ်ပါ။ ကယ်လိုရီနည်းပြီးအရောင်တောက်တဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ စားပါ။ အထူးသဖြင့် အစိမ်းရောင်ရှိတဲ့ […]

ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဝေဒနာတွေကို ကာကွယ်နိုင်စေဖို့ ဘဝနေထိုင်မှုပုံစံ

ဆီးချိုက ကမ္ဘာ့လူဦးရေ တော်တော်များများ ခံစားရတဲ့ ရောဂါ တစ်ခုပါ။ ဒီရောဂါက စစချင်းမှာ တစ်ယောက်တည်း လာတတ်ပေမယ့် အချိန် ကြာလာနဲ့အမျှတွေ့သမျှ ရောဂါတွေကို ဖိတ်ခေါ်တော့တာပါပဲ။ အချိန်ကြာလာတာနဲ့အမျှ ဆီးချိုကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေ များလာပါတယ်။ ဒီတစ်ခေါက်တော့ ဆီးချိုဝေဒနာ ခံစားနေရတဲ့ သူတွေအတွက် ဆီးချိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဝေဒနာတွေကို ကာကွယ်နိုင်စေဖို့ ဘဝနေထိုင်မှုပုံစံ ကို ပြောပြပေးချင်ပါတယ်။ ဆီးချိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဝေဒနာတွေ ဆီးချို သက်တမ်းရင့်လာတဲ့အခါ ဒီရောဂါတွေက မဖိတ်ခေါ်ဘဲ သူ့သဘောနဲ့ သူဝင်လာတတ်ပါတယ်။ နှလုံးရောဂါ ကျောက်ကပ် ပျက်စီးခြင်း မျက်လုံးထိခိုက်ခြင်း အာရုံကြော ထိခိုက်ပျက်စီးခြင်း လေဖြတ်ခြင်း ခြေတွေ လက်တွေ သွေးကြောပိတ်ခြင်း https://hellosayarwon.com/diabetes/diabetes-complications/diabetes-complications-overview/ ဆီးချိုကြောင့်ဖြစ်လာမယ့်နောက်ဆက်တွဲဝေဒနာတွေကို ဒီလိုကာကွယ်ပါ ဆီးချိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဝေဒနာတွေကို ကာကွယ်နိုင်စေဖို့ ကိုယ်အလေးချိန် ချပါ - ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ အထောက်အကူပြု ပေးနိုင်ပါတယ်။ ဒါကြောင့် […]

ဆီးချိုရောဂါနှင့် ယှဉ်တွဲနေထိုင်ခြင်း

အမျိုးအစား (၁) ဆီးချို

အမျိုးအစား (၁) ဆီးချိုရောဂါ ရှိနေတဲ့ ကလေးကို ဘယ်လို ပျိုးထောင်ပေးမလဲ။

သင့်ကလေးလေးမှာ အမျိုးအစား  (၁) ဆီးချိုရောဂါ ရှိနေပြီလို့ သိလိုက်ရပြီဆိုရင် သင့်အနေနဲ့ ပြင်ဆင်စရာတွေ အများကြီး ရှိပါတယ်။  ဒီကလေးအတွက် စားသောက်နေထိုင်မှုပုံစံတွေ၊ ဆေးဝါးတွေ၊ နောက်ဆက်တွဲတွေ ဝင်မလာအောင်၊ ရောဂါပိုဆိုးမလာအောင် စသဖြင့် တတ်ကျွမ်းသူဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ပြုစုပေးရမှာပါ။ ဆီးချိုရောဂါဟာ အမြစ်မပြတ်တဲ့ အတွက် ကလေးကို တစ်သက်လုံးစောင့်ရှောက်ရမှာမို့လို့ နည်းလမ်းလေးတွေ မျှဝေပေးလိုပါတယ်။ အမျိုးအစား (၁) ဆီးချိုရောဂါ ရှိနေတဲ့ ကလေးကို ဘယ်လို ပျိုးထောင်ပေးမလဲ။ ကလေးကို ကျန်းမာအောင် ဆီးချိုရောဂါရဲ့ အခြေခံအချက်တွေ ဖြစ်တဲ့ ဆေးဝါး၊ အစားအသောက်၊ လေ့ကျင့်ခန်း စတာတွေနဲ့ ပြုစုပေးရပါမယ်။ ဒါ့ပြင် ကလေးကို ရောဂါကြောင့် စိတ်ထိခိုက်ခြင်း မရှိအောင်လည်း အားပေးပျိုးထောင် ပေးရမှာ ဖြစ်ပါတယ်။ အစပိုင်းကာလတွေမှာတော့ မိဘရော ကလေးပါ အသားမကျသေးလို့ ပင်ပန်းနိုင်ပါတယ်။ တဖြည်းဖြည်းကြိုးစားသွားရင်တော့ […]

အမျိုးအစား (၁) ဆီးချို

အမျိုးအစား ၁ ဆီးချိုအတွက် စားသောက်မှုပုံစံ

အမျိုးအစား ၁ ဆီးချိုဆိုတာ ကိုယ်ခန္ဓာကနေ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးမယ့် အင်ဆူလင်ကို ထုတ်လုပ်မပေးတဲ့ အခြေအနေဖြစ်ပါတယ်။ အမျိုးအစား ၁ ဆီးချိုအတွက် စားသောက်ပုံဟာ အရေးကြီးပါတယ်။ ကာဘိုဟိုက်ဒရိတ်၊ ပရိုတိန်းနဲ့ အဆီဓာတ် စတာတွေကို သူ့အချိုးအဆနဲ့သူ စားသောက်ပေးဖို့ လိုပါတယ်။ တကယ်တော့ ဆီးချိုရောဂါရှိသူအနေနဲ့ ဘယ်လိုစားသောက်ရမယ်ဆိုတာ တရားသေ သတ်မှတ်ထားတဲ့ စားသောက်မှုပုံစံ မရှိပါဘူး။ ဘယ်လိုစားသလဲ၊ ကိုယ်ခန္ဓာက ဘယ်လိုတုံ့ပြန်သလဲ စတဲ့ တစ်ဦးချင်းအခြေအနေပေါ် မူတည်ပါတယ်။ အမျိုးအစား ၁ ဆီးချိုအတွက် တနေ့တာစားသောက်ရာမှာ လိုက်နာသင့်တဲ့ အချက်တွေကတော့ မနက်စာ၊ ညစာ စတာတွေကို မှန်မှန်စားပေးရပါမယ်။ လုံး၀ မစားဘဲ မနေပါနဲ့။ နေ့စဉ် ပုံမှန်အချိန်သတ်မှတ်ပြီး စားပေးပါ။ အစားအစာတွေ ဝယ်ယူရာမှာ ပါဝင်ပစ္စည်းတွေကို သေချာလေ့လာဖတ်ရှုပါ။ ဒါ့အပြင် အမျိုးသမား ၁ ဆီးချိုဖြစ်ပွားနေသူတွေဟာ […]

အခြား ကျန်းမာရေး ကိရိယာများ