banner

သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ စစ်ဆေးခြင်း

Subot Icon

သင် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်သလား ဆိုတာကို အွန်လိုင်းကနေ စစ်ဆေးကြည့်ကြမယ်

သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာ

သားအိမ်ခေါင်းကင်ဆာ

Cervical Cancer (သားအိမ်ခေါင်းကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက် သားအိမ်ခေါင်းကင်ဆာ ဆိုတာ ဘာလဲ။ တခြားကင်ဆာတွေနည်းတူ သားအိမ်ခေါင်းကင်ဆာဟာလည်း (သားအိမ်ခေါင်းဆိုတာသားအိမ်ရဲ့ အောက်ဖက်အဝတစ်လျှောက်ကို ဆိုလိုပါတယ်) ဆဲလ်တွေထိန်းမနိုင်သိမ်းမရ ပွားတာကနေ အစပြုပါတယ်။ ဆဲလ်တွေ ဒီလို အလွန်အကျွံပွားတာကြောင့် အလုံးအကျိတ်ဖြစ်လာပြီး သားအိမ်ခေါင်းကင်ဆာရယ်လို့ ဖြစ်လာရပါတယ်။ သားအိမ်ခေါင်းကင်ဆာဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Pap test လို့ခေါ်တဲ့ သားအိမ်ခေါင်းချွဲမြှေးစစ်တာကို သတ်မှတ်ထားတဲ့အချိန်တွေမှာ မှန်မှန်ပြုလုပ်စစ်ဆေးပေးမယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာကို စောစီးစွာ ဖော်ထုတ်သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီလို စောစီးစွာ သိရှိဖော်ထုတ်နိုင်မယ်ဆိုရင် ရောဂါကို ပျောက်ကင်းအောင်ကုသပေးနိုင်ခြေ ပိုများလာမှာအမှန်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျှော့ချထိန်းချုပ်ပေးနိုင်တဲ့ နည်းလမ်းတွေလည်း ရှိနေတာဖြစ်တဲ့အတွက် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းဟာ တဖြည်းဖြည်း လျော့နည်းလာပြီ ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ဘယ်လောက်အဖြစ်များသလဲ။ သားအိမ်ခေါင်းကင်ဆာဟာ အရမ်းအဖြစ်များပြီး အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ကာ အသက်အရွယ်မရွေး […]

သားအိမ်ခေါင်းကင်ဆာ ကာကွယ်နည်း

သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး Cervarix

သားအိမ်ခေါင်းကင်ဆာ အကြောင်း ညီမငယ်တို့ ကြားဖူးကြမှာပေါ့။ မိန်းကလေးတွေအတွက် သိပ်ကို အဖြစ်များပြီး အန္တရာယ်များတဲ့ ဒီရောဂါကို ကြိုတင် ကာကွယ်လို့ ရတယ်ဆိုတာရော သိထားပြီးပြီလား။ ဒီအကြောင်းကို ပြောပြချင်လို့ Cervarix ကာကွယ်ဆေးကို ဥပမာပေး ရှင်းပြသွားပါမယ်နော်။ Cervarix Cervarix ဆိုတာ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ Human papillomavirus (HPV) ဗိုင်းရပ်စ်အမျိုးအစားတွေ ဖြစ်တဲ့ HPV 16 နဲ့ HPV 18 တို့ကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတစ်မျိုး ဖြစ်ပါတယ်။ Cervarix ကာကွယ်ဆေးကို အသက် ၉နှစ်ကနေ ၂၆ နှစ်အတွင်း မိန်းကလေးတွေမှာ ထိုးပေးနိုင်ပါတယ်။ HPV ကူးစက်ခံရတာက အဖြစ်များကြပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံမှုကတဆင့် ကူးစက်နိုင်တဲ့ရောဂါပိုး ဖြစ်ပါတယ်။ ဒါပေမယ့် ကူးစက်ခံရတဲ့အမျိုးသမီးတိုင်းမှာ သားအိမ်ခေါင်းကင်ဆာ မဖြစ်နိုင်ပါဘူး။ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ […]

သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သော မေးခွန်းလေးများ

သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေမှာ အဖြစ်များလာတဲ့ ကင်ဆာ တစ်မျိုးပါ။ ဒီတစ်ခေါက်တော့ အမျိုးသမီးတွေ သတိထားနိုင်စေဖို့အတွက် သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သော မေးခွန်းလေးများ အကြောင်း မျှဝေပေးလိုက်ပါတယ်။ သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သော မေးခွန်းလေးများ သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သော မေးခွန်းလေးများ ကတော့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို အိမ်ထောင်သည် အမျိုးသမီးတွေ ထိုးလို့ ရပါသလား။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးက အမျိုးသမီးတိုင်းနဲ့ သင့်တော်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ကျပြီးသွားပြီ ဆိုရင်တော့ သားအိမ်ခေါင်းကင်ဆာစစ်ဆေးတဲ့နည်းက ပိုထိရောက်မှု ရှိမှာပါ။ အကယ်၍ အပျိုဖော်အရွယ် သမီးရှိရင်တော့ သူ့ကို ဉီးစားပေးလိုက်တာက ပိုသင့်တော်ပါတယ်။ ကာကွယ်ဆေးဆိုသည့်အတိုင်း လိင်ဆက်ဆံမှု မရှိခင် ထိုးတာက ပိုမို ထိရောက်နိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးတဲ့နည်းကရော အမျိုးသမီးတိုင်းစစ်လို့ရပါသလား။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်နည်းဆိုတာ ကင်ဆာ မဖြစ်ခင် အကြို စစ်ဆေးခြင်း ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးပြီးလည်း […]

အခြားကင်ဆာများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပေမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

သားအိမ်ခေါင်းကင်ဆာ စစ်ဆေးနည်း

သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း နှင့် အမေးအများဆုံးမေးခွန်းများ

သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း ဆိုတာ အမျိုးသမီးတိုင်းအတွက်  အရေးကြီးပါတယ်။ စစ်ချင်ပေမယ့် သေချာမသိတာကြောင့် မစစ်ဆေးရဘူးဆိုတာ မဖြစ်လေအောင် အမေးများတဲ့ မေးခွန်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ မေး ၁။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း ဆိုတာ ဘာလဲ။ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းဆိုတာ ကင်ဆာအဖြစ်သို့ ပြောင်းလဲနိုင်ခြေရှိတဲ့  သားအိမ်ခေါင်းက ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို စစ်ဆေးခြင်း (သို့) သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေများသော HPVပိုး အမျိုးအစားများကို စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ မေး ၂။ သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုစစ်တာလဲ။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းဟာ အင်မတန်မြန်ပြီး ရိုးရှင်းပါတယ်။ အမျိုးသမီးအနေနဲ့ စမ်းသပ်မှုပြုလုပ်မယ့် ခုတင်ပေါ်မှာ လဲလျောင်းရပါမယ်။ မိန်းမကိုယ်ထဲကိုမြင်ရဖို့ ဘဲနှုတ်သီးပုံစံကိရိယာကို အသုံးပြုပါတယ်။ ဒါမှသာ သားအိမ်ခေါင်းကို ရှင်းလင်းစွာမြင်ရမှာဖြစ်ပါတယ်။ သားအိမ်ခေါင်းရှိ ဆဲလ်များကို ထိပ်တွင် အမွေးပါသော အချောင်းအတံလေးတစ်ခုဖြင့် (သို့မဟုတ်) အခြားသော သင့်လျော်တဲ့ကိရိယာဖြင့် ထုတ်ယူပါတယ်။ ပြီးရင်တော့ သားအိမ်ခေါင်းမှာရှိတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေနဲ့ […]

သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးပြီးရင် ကင်ဆာဆက်စစ်ဖို့ လို၊ မလို

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးထားတာက တကယ်ကို ကောင်းပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာကို အထိုက်အလျောက်ကာကွယ်ပေးနိုင်လို့ ထိုးကို ထိုးထားသင့်ပါတယ်။ တစ်ခုရှိတာက သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးပြီးပေမယ့်လည်း ဆရာဝန်တွေက သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုကို ပုံမှန်လုပ်ဖို့ တိုက်တွန်းလေ့ရှိပါတယ်။ ဒါက ဘာကြောင့်များပါလဲ။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးပြီးတာတောင် ဆေးစစ်ဖို့က လိုသေးတာလား။ ကာကွယ်ဆေး ထိုးပြီးပေမယ့်လည်း ဆေးစစ်ဖို့က လိုပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အောက်ပါအချက်တွေကြောင့်ပါပဲ။ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတာက HPVလို့ ခေါ်တဲ့ လိင်အင်္ဂါကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ HPVက သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတဲ့ အဖြစ်များဆုံး အကြောင်းရင်း တစ်ခုပါ။ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ မြင့်စေတဲ့ အကြောင်းရင်းတွေထဲမှာ ဆေးလိပ်သောက်တာ၊ တားဆေးတွေကို ကြာရှည်စွဲသောက်တာ၊ လိင်ဆက်ဆံတာ စတာတွေလည်း ပါပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးထားရုံနဲ့ မလုံလောက်ပါဘူး။ ကာကွယ်ဆေးတွေက HPV ဗိုင်းရပ်စ်အကုန်ကို […]