ခြေသည်း မှိုပိုးဝင်တယ် ဆိုတာ
ခြေသည်း မှိုပိုးဝင်တယ်ဆိုတာက Fungi လို့ခေါ်တဲ့ သေးငယ်တဲ့ မှိုလေးတွေက ခြေသည်း အောက်ဘက်ကို ဝင်ရောက်ကူးစက်ခြင်း ကနေဖြစ်လာတဲ့ ကျန်းမာရေး ပြဿနာပါ။
ဒီမှိုပိုးက ခြေသည်းတွေ နဲ့ ခြေသည်းအောက်ဘက်က အရေပြားတွေမှာ အလွယ်တကူ ဝင်ရောက်ကူးစက်နိုင်ပါတယ်။
ခြေသည်း မှိုပိုးဝင်နေတဲ့အခါ တွေ့ရနိုင်တဲ့ လက္ခဏာတွေ
ခြေသည်း မှိုပိုးဝင်တဲ့အခါ ဝင်တဲ့ ပိုးအမျိုးအစားကို လိုက်ပြီး လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ များသောအားဖြင့်ကတော့
- ခြေသည်း အရောင် ပြောင်းလာမယ် (ဝါမယ်၊ ညိုမယ်၊ အစိမ်းရောင် ဒါမှမဟုတ် ခြေသည်းက ဖြူနေမယ်)
- ခြေသည်း အောက်ဘက်မှာ ချေး (ဂျေး)တွေ ဝင်နေမယ်
- ခြေသည်းခွံက အသားကနေ ကြွနေမယ်
- ခြေသည်းက ထူထူကြီးဖြစ်နေမယ်
- ခြေသည်းက အစအစတွေ ထွက်မယ်
- ခြေသည်း ပါးလာမယ်
- ခြေသည်းက ကွဲထွက်နေမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။