လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းတွေကို ဂရုစိုက်တာက တစ်ကိုယ်ရည်သန့်ရှင်းရေးကို ထိန်းသိမ်းရာရောက်သလို ဘက်တီးရီးယားပိုးတွေ မဝင်အောင် ကာကွယ်ပြီးသားလည်း ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်

လက်သည်းနီ ဆိုးပြီးရင် အ‌ရောင်မညီတော့လို့၊ အရောင်မကြိုက်တော့လို့ လက်သည်းဖျက်ဆေး နဲ့ ဖျက်ပြီး အသစ်ပြန်ဆိုးကြတယ်ဟုတ်။ အဲ့ဒီအခါ လက်သည်းဖျက်ဆေး သုံးပြီးရင် လက်သည်းတွေက ခြောက်သွားသလိုလို၊ ကြွပ်သွားသလိုလို ခံစားရတယ်ဟုတ်။ လက်သည်းဖျက်ဆေး အနံ့ကလည်း တစ်မျိုးလေးဆိုတော့ ဒါက သုံးလို့ကောင်းပါ့မလား။ ရေရှည်မှာ ဘာဖြစ်နိုင်လဲဆိုပြီး တွေးမိကြရဲ့လား။ လက်သည်းဖျက်ဆေးထဲမှာ ဘာတွေပါတာလဲ။ လက်သည်းဖျက်ဆေးထဲမှာ ပါတဲ့ ဓာတုပစ္စည်းကို Acetoneလို့ ခေါ်ပါတယ်။ လက်သည်းဖျက်ဆေးရဲ့ ခပ်အေးအေးအနံ့ကလည်း အဲ့ဒီ acetone ကြောင့်ပဲ ဖြစ်တာပါ။ Acetone ဆိုတာက ခန္ဓာကိုယ်ထဲမှာလည်း ရှိပါတယ်။ ကီတုန်းဓာတုပစ္စည်းတစ်မျိုးပါ။ လက်သည်းဖျက်ဆေးမှာ ပါတာကတော့ လူလုပ် ဓာတုပစ္စည်းပေါ့။ လက်သည်းဖျက်ဆေး မှာ ပါတဲ့ acetoneက အန္တရာယ်ရှိသလား။ Acetoneက ကင်ဆာဖြစ်စေနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါကြောင့်လည်း FDAက ခွင့်ပြုထားတာ ဖြစ်ပါတယ်။ အဆိပ်သင့်နိုင်ခြေလည်း နည်းပါတယ်။ ရံဖန်ရံခါပဲ အသုံးပြုတာက […]

လက်သည်းခြေသည်း ထိန်းသိမ်းခြင်း ကို ရှာဖွေမည်။

လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်း၊ခြေသည်း သွေးခြည်ဥခြင်း ဖြစ်စေသော အကြောင်း နှင့် ကုသနည်းများ

လက်သည်းခွံ၊ ခြေသည်းခွံတွေအောက်မှာ အနီရောင်၊ အညိုရောင်တွေ ပြောင်းပြီး သွေးယိုနေတာမျိုး သတိထားမိဖူးပါသလား။ ‘ဒုက္ခပဲ၊’ ‘ဘာလို့သွေးတွေယိုနေပါလိမ့်၊’ ‘သွေးယိုနေတယ်၊ ရောဂါကြီးတစ်ခုခုတော့ဖြစ်ပြီထင်တယ်’ စသည်ဖြင့်ကော တွေးခဲ့ဖူးပါသလား ။ စိတ်မပူပါနဲ့။ ထို လက်သည်းခွံအောက် သွေးယိုခြင်း၊ သွေးခြည်ဥခြင်းဟာ ထိုလက်သည်း၊ အရိုး နဲ့ အခြားတစ်ရှူးတွေမှာ ထိခိုက်မှုတွေရှိတာမဟုတ်ရင် စိတ်ပူစရာအရာတစ်ခု မဟုတ်ပါဘူး။ အကြောင်းအရင်းတွေ လက်သည်းအောက်မှာ သွေးခြည်ဥခြင်းဟာ များသောအားဖြင့်တော့ လက်သည်း ထိခိုက်မှုကြောင့် ရလာတာပါ။ ဥပမာ- • လက်ချောင်းတွေကို ထုမိခြင်း • အလေးတုံး ခြေချောင်းတွေပေါ်  ပြုတ်ကျခြင်း • ကားတံခါးကြား လက်ချောင်းညပ်ခြင်း၊ အိမ်တံခါးကြား ခြေချောင်းညပ်ခြင်း • ကြမ်းပြင်၊ လမ်းပေါ်မှာ ခြေမဖြင့်ဆောင့်ပြီး နင်းမိခြင်း စတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ အကျိတ်များပေါ်ခြင်းကဲ့သို့ အခြားအချက်တွေကြောင့်လည်း လက်သည်းအောက် သွေးခြည်ဥနိုင်ပါတယ်။ လက်သည်း၊ ခြေသည်းအောက်မှာ အကျိတ်ပေါ်တဲ့အခါ လက်သည်း၊ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းပန်းကုံးတွေကို ဂရုစိုက်ခြင်း

လက်သည်းညှပ်ခြင်း ပြုလုပ်မယ်ဆိုရင် လူတွေဟာ ပန်းကုန်းတွေကိုပါ ညှပ်လိုက်ကြပါတယ်။ ဒါပေမယ့် သူဟာ လက်သည်းခြေသည်းတွေရဲ့ ကျန်းမာစွာ ကြီးထွားလာနိုင်မှုကို ကာကွယ်ပေးတာကြောင့် အရေးကြီးပါတယ်။ တကယ်တော့ ပန်းကုန်းဆိုတာ အရေပြားတစ်မျိုးပဲဖြစ်ပါတယ်။ သူဟာ အရေပြားကို ရောဂါပိုးဝင်ခြင်းကနေ ကာကွယ်ပေးမယ့် ပါးလွှာတဲ့ အလွှာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် လက်သည်းပန်းကုန်းတွေကို သေချာစွာ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ သူတို့ကို သေချာစွာ ကာကွယ်ပေးဖို့ အောက်ဖေါ်ပြပါ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ ပန်းကုန်းတွေကို ချန်ထားပါ။ အရေပြား ဆရာဝန်တွေက လက်သည်းပန်းကုန်းတွေကို ညှပ်ပစ်ခြင်းဟာ လက်သည်းကျန်းမာရေးအတွက် မကောင်းဘူးလို့ ဆိုပါတယ်။ ပန်းကုန်းတွေဟာ လက်သည်းနဲ့ eponychium ကြားက နေရာကို ပိတ်ထားပေးပြီး သူ့ကို ဖယ်ရှားလိုက်ခြင်းဟာ ရောဂါပိုးဝင်ခြင်းနဲ့ ယားယံခြင်းတွေကို ပိုဖြစ်စေနိုင်ပါတယ်။ လက်သည်းပန်းပန်ုးတွေကို ညှပ်လိုက်ခြင်းဟာ အခြားလက်သည်းပြဿနာတွေဖြစ်တဲ့ အဖြူရောင်အကြောင်းများ၊ အဖြူရောင်အကွက်များကို […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းပန်းကုံးများကို ဂရုစိုက်ရန်နည်းလမ်း ၆သွယ်

ယေဘူယျအားဖြင့်လူအများစုသည် လက်သည်းခြေသည်းများကို ပါတီပွဲမတက်ခင်ထိ၊ပြောင်လက်သောလက်သည်းဆိုးဆေးများမဆိုးမိခင်ထိ သတိမပြုမိတတ်ကြပေ။ သို့သော်လည်း မိခင်သဘာဝတရားက လက်သည်းခြေသည်းများကို ပေးအပ်ထားသည်မှာ အကြောင်းရင်းရှိပါသည်။ လက်သည်း ပန်းကုံးလေးများသည်သင်၏လက်ချောင်းလေးများကို အခုအခံအဖြစ် ကာကွယ်ပေးထားသည်။ ခြေထောက် နှင့် လက်တို့ကဲ့သို့ပင် သူတို့သည်လည်း ခန္ဓါကိုယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အောက်ပါတို့သည် သင်၏လက်သည်းပန်းကုံးလေးများကလိုအပ်နေသော ဂရုစိုက်ရန် နည်းလမ်း (၆) ခုဖြစ်သည်။   (၁)လက်သည်းပန်းကုံးလေးများပါအောင် လက်သည်းညှပ်ခြင်းကိုရှောင်ပါ အရေပြားဆရာဝန်များက လက်သည်းပန်ကုံးလေးများပါအောင် မညှပ်သင့်ကြောင်း သေသေချာချာသတိပေးတတ်သည်။ ထိုသို့ညှပ်ပါက မကြာခဏဆွပေးသကဲ့သို့ရှိပြီး ရောဂါပိုးများလည်းဝင်တတ်သောကြောင့်ဖြစ်သည်။ လက်သည်းပန်ကုံးများကို ညှပ်ခြင်းဖြင့် လက်သည်းတွင် အစင်းကြောင်းများဖြစ်ခြင်း၊အဖြူစက်များ အဖြူစင်းများထခြင်း၊ဘက်တီးရီးယားပိုးဝင်ခြင်းစသော ကျန်းမာရေးပြဿနာများအပြင် အနေရခက်သည့်အပြင် အမြင်မတင့်တယ်ခြင်းမျိုးလည်းဖြစ်တတ်သည်။   (၂)လက်သည်းညှပ်ကို အဝေးမှာထားပါ သင်၏လက်သည်းပန်းကုံးများသည်နူးညံ့သော အစိတ်အပိုင်းဖြစ်ပြီးသူတို့ကို ညှပ်ခြင်းဖြင့် မာကျောကြွပ်ဆတ်လာတတ်သည်။ လက်သည်းမညှပ်ရဟု ဆိုလိုက်လျှင် အချို့ က မည်သည်အထိရှည်မည် မသိသော လက်သည်းမျိုးဖြစ်၍ လက်ခံချင်မှ လက်ခံလိမ်မည်။ လက်သည်းညှပ်ခြင်း မညှပ်ခြင်းက လက်သည်း၏ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းတွေမဝါအောင် ဘယ်လိုကာကွယ်ရမလဲ

လက်သည်းတွေမဝါအောင်ဘယ်လိုကာကွယ်ရမလဲ။ သင့်လက်သည်းတွေဟာ မာကျောသိပ်သည်းနေတဲ့ အပေါ်ယံအရေပြားဆဲလ်ပြင်ကြီးပါ (epidermis cells)။ သင့်အရေပြားကို ဖြစ်စေတဲ့ ဆဲလ်တွေနဲ့အတူတူပါပဲ။ ဒါပေမဲ့ လက်သည်းပေါ်က ဆဲလ်တွေကတော့ ဆဲလ်သေတွေဖြစ်ပြီး keratin လို့ခေါ်တဲ့ ပရိုတိန်းတွေနဲ့ ဖြည့်ဆည်းထားပါတယ်။ သင့်လက်သည်းခွံရဲ့ ၄ပုံ၃ပုံကသာ အရေပြားနဲ့တွဲဆက်ထားပြီးအရေပြားပေါ်မှာ ရှိနေတာပါ။ လက်သည်းလေး ပြီးပြည့်စုံစွာကြီးထွားလာဖို့ အချိန် ၆လခန့်ယူရပြီး အမျိုးသားတွေရဲ့ လက်သည်းက အမျိုးသမီးတွေရဲ့ လက်သည်းထက် ပိုရှည်လွယ်ပါတယ်။ အရေပြားလိုပါပဲ၊ လက်သည်းကျန်းမာဖို့ အောက်ဆီဂျင်လိုပါတယ်။ လက်သည်းထဲမှာရှိတဲ့ keratin က သူတို့ထဲကို ရေတွေဖြတ်သန်း စီးဆင်းစေပါတယ်။ ပုံမမှန်လက်သည်းခွံတွေနဲ့ အရေခွံကွာခြင်း၊ ကွဲအက်ခြင်း၊ အရောင်မညီခြင်းတွေက ဖြစ်နိုင်ခြေရှိတဲ့ ကျန်းမာရေး ပြဿနာတွေရဲ့ သင်္ကေတပါ။ အဝါရောင် လက်သည်းတွေက ဆိုရီရေးစစ်ရောဂါသို့မဟုတ် မှိုစွဲကပ်ခြင်းကို ပြပါတယ်။ အဆုတ်ရောဂါတစ်ခုခု သို့မဟုတ် ဆေးလိပ်သောက်ခြင်း တွေကြောင့်လည်း […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

အိမ်မှာ လက်သည်းသန့်စင်ခြင်း ကောင်းကောင်းပြုလုပ်နိုင်ရန်အတွက် အဆင့်၁၀ဆင့်

သင့်နေ့စဉ်လုပ်ငန်းဆောင်တာတွေရဲ့ ၅၀%ကို သင့်ခန္ဓါကိုယ်ရဲ့အခြားသော အစိတ်အပိုင်းတွေနဲ့စာရင် သင့်လက်တွေက ပိုပြီးလုပ်ဆောင် ပေးနေရတာပါ။ ဒီအသုံးများတဲ့ ခန္ဓါကိုယ် အစိတ်အပိုင်းလေးကို ဂရုစိုက်ဖို့ ကျွန်မတို့ ဘယ်လောက် စဉ်းစားပေးခဲ့ကြပါသလဲ။ အထူးသဖြင့် ကျွန်မတို့ အမျိုးသမီးတွေပေါ့။ သူတို့ဟာ ပန်းကန်ဆေးတာကစ ကြမ်းတိုက်တာ အဆုံးအိမ် အလုပ်တွေလုပ်ရင်း ကျွန်မတို့ရဲ့ လက်ချောင်းလေးတွေဟာ အသားအရေနဲ့ တည့်သည်ဖြစ်စေ မတည့်သည်ဖြစ်စေ chemical အမျိုးမျိုးနဲ့ ပုံမှန်နီးပါး ထိတွေ့နေကြရတာမဟုတ်လား။ သင့်ရဲ့ ပုံပန်းသဏ္ဍာန်ကို ဖော်ပြတဲ့ နေရာမှာ Manicure ကောင်းကောင်း လုပ်ထားခြင်းကလည်း တကယ်ကို အရေးပါပါတယ်။ ဒီနေရာမှာပဲ လက်သည်းတွေကို စွဲလမ်း တပ်မက်ခြင်း အစပြုတော့တာပါပဲ။ အောက်မှာဖော်ပြထားတဲ့ လက်သည်းနဲ့ လက်တွေအတွက် ရိုးရှင်းတဲ့ အလှအပဆိုင်ရာ နည်းလမ်းတွေက သင့်ရဲ့ပုံစံကို ပိုပြီးကြည့်ကောင်းလာစေရုံသာမက သင့်လက်သည်းတွေကို ကျန်းမာသန်စွမ်းတဲ့ ပုံစံလည်း ပေါက်စေပါတယ်။ သင်ကိုယ်တိုင် […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

ကိုယ့်အိမ်မှာပဲခြေသည်းလက်သည်းကိုအလှဆုံးပုံဖော်နိုင်ဖို့အဆင့်၇ဆင့်

ကိုယ့်အိမ်မှာပဲခြေသည်းလက်သည်းကိုအလှဆုံးပုံဖော်နိုင်ဖို့အဆင့်၇ဆင့် ဆိုင်မှာခြေသည်းလက်သည်းညှပ်ရတာပုံဖော်ရတာဟာအလှအပအတွက်အရေးကြီးသလိုပျော်ဖို့လည်းကောင်းပါတယ်။ ဒါပေမယ့်ဆိုင်သွားဖို့အချိန်ဒါမှမဟုတ်ပိုက်ဆံကသင့်ဆီမှာအမြဲတမ်းရှိချင်မှရှိနေမှာပါ။ ဒီလိုအခြေအနေမျိုးနဲ့ရင်ဆိုင်ရပြီဆိုရင်သင့်ဆီမှာပစ္စည်းကိရိယာလေးတွေစုံစုံလင်လင်ရှိရုံနဲ့ဆိုင်သွားစရာမလိုဘဲကိုယ့်ဖာသာအိမ်မှာခြေသည်းလက်သည်းအလှဆင်နိုင်ပါပြီ။ လိုအပ်တဲ့ပစ္စည်းကိရိယာလေးတွေက acetone ဓါတ်မပါတဲ့လက်သည်းဖျက်ဆေးနဲ့ဂွမ်းလုံးလေးတွေ လက်သည်းခြေသည်းပုံဖော်တဲ့ကိရိယာလေး (nail file) ဖော့တုံးလေးတွေ လက်ကိုဂျီးချွတ်ဖို့သကြားနဲ့လုပ်ထားတဲ့ scrub လက်သည်းပြင်ရာမှာသုံးတဲ့သွားကြားထိုးတံအရွယ်တုတ်ချောင်းလေးတွေ (Orangewood stick) Moisturizer လက်သည်းခွံတဝိုက်ကိုအစိုဓါတ်ပေးဖို့သုံးတဲ့အဆီလေးတမျိုး(cuticle oil လို့ခေါ်တယ်၊ လက်သည်းနီလိုပဲ ပုလင်းသေးသေးလေးနဲ့) လက်သည်းဆိုးဆေးလေးတွေ (အောက်ခံ၊အရောင်၊အပေါ်လွှာ) အဆင့်၁။ ။ အရင်ဆိုးထားတဲ့ လက်သည်းဆိုးဆေးတွေကို အရင်ဖျက်ပါ။ ပထမဆုံးအဆင့်အနေနဲ့acetoneမပါဝင်တဲ့လက်သည်းဖျက်ဆေးကိုသုံးပြီးလက်သည်းဆိုးဆေးအဟောင်းတွေကိုဖယ်ရှားပစ်ပါ(acetoneကအရမ်းပြင်းပါတယ်)။ ပြီးရင်လက်သည်းညှပ်နဲ့ပုံဖော်ကိရိယာလေး(nail file) ကို သုံးပြီး လက်သည်းကို လိုချင်တဲ့ပုံစံနဲ့ အရှည်ဖြစ်အောင်ပုံဖော်ပါ။ ဒီနေရာမှာ ပြောစရာရှိတာက သင့်ရဲ့နူးညံ့လှတဲ့ လက်သည်းလေးတွေကို အကောင်းဆုံးပုံဖော်နိုင်ဖို့နဲ့ အောက်ကခံထားတဲ့ ဘုတ်ပြားကိုမထိခိုက်စေဖို့ ဖန်နဲ့လုပ်ထားတဲ့ပုံဖော်ကိရိယာကို သုံးသင့်ပါတယ်။ အဲ့ဒီနောက်မှာဖော့တုံးလေးတွေကိုသုံးပြီး လက်သည်းခွံလေးတွေကို ပြောင်ချောသွားအောင် လုပ်ပေးရပါမယ်။ ပိုပြီးတောက်ပြောင်စေဖို့အတွက် ပိုနူးညံ့ညီညာတဲ့ ဖော့တုံးလေးကိုသုံးပြီးထပ်လုပ်နိုင်ပါတယ်။ အဆင့်၂။ ။ ခြေ၊လက်တွေကိုရေထဲမှာစိမ်ပြီးဂျီးချွတ်ပါ။ လက်တွေကိုရေထဲမှာ၂မိနစ်၃မိနစ်လောက် ၊ခြေထောက်ဆိုရင် ၅မိနစ်လောက်စိမ်ထားပါ။ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

Nail Fungus (လက်သည်းမှိုစွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Nail Fungus (လက်သည်းမှိုစွဲခြင်း) ကဘာလဲ။ အရေပြားမှိုစွဲရောဂါတွေက မှိုပိုး အမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး အရေပြားယားယံခြင်းရဲ့ အဖြစ်များတဲ့ တရားခံဖြစ်ပါတယ်။ မှိုတွေက သင့်ရဲ့ အရေပြား၊ အမွှေးနှင့် ခြေသည်းလက်သည်းတွေကို ဖြစ်စေတဲ့ အသားဓါတ်တစ်မျိုးဖြစ်တဲ့ keratin အသေမှာ ဝင်ရောက်ကျူးကျော်ကြီးထွားကြပါတယ်။ အောက်မှာ ပြထားတာကတော့ မှိုရောဂ့ အမျိုးအစား အချို့ပဲ ဖြစ်ကြပါတယ်။ Athlete’s foot (Tinea pedis) ဒီရောဂါကတော့ နွေးပြီးချိုင့်တဲ့ အရေပြားနေရာ အထူးသဖြင့် ခြေချောင်းတွေကြားမှာ ကြီးထွားတဲ့ မှိုပိုးကြောင့် ဖြစ်ပါတယ်။ ဒီပိုးက သင့် အရေပြားကို ယားစေပြီး နီစေပါတယ်။ သင့်ရဲ့ ခြေဖဝါးကိုလည်း ခြောက်သွေ့ပြီး အရေခွံကွာစေနိုင်ပါတယ်။ အရေကြည်ဖုတွေ တောင်ဖြစ်လာနိုင်ပါတယ်။ Athele’s foot ရောဂါကို သင်ဟာ ခြေဗလာနှင့် ညစ်ပတ်တဲ့ စိုထိုင်းတဲ့နေရာတွေဖြစ်တဲ့ အများသုံးရေချိုးခန်း၊ ရေကူးကန် သို့ ရေနွေးကန်တွေမှာမှာ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်