မှိုစွဲ တယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘက်တီးရီးယားတွေလိုပဲ သူတို့ကလည်း ခန္ဓာကိုယ်မှာ တိတ်တိတ်လေးရှိနေတတ်တယ်လေ။ များလာမှသာ လူကို ဒုက္ခပေးတာပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
မှိုစွဲ တယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘက်တီးရီးယားတွေလိုပဲ သူတို့ကလည်း ခန္ဓာကိုယ်မှာ တိတ်တိတ်လေးရှိနေတတ်တယ်လေ။ များလာမှသာ လူကို ဒုက္ခပေးတာပါ။
ဒါကြောင့် ခြေသည်း လက်သည်းမှ မှိုစွဲတယ်ဆိုတာလည်း ရှိတာပေါ့။ ဒါကို ဆေးပညာအရ ” Onychomycosis ” လို့ ခေါ်ပါတယ်။ သူက တဖြည်းဖြည်းချင်းဖြစ်လာတဲ့အတွက် ရုတ်တရက် သိနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။
မှိုစွဲရတာက ခြေသည်း လက်သည်းရဲ့ အောက် ဒါမှမဟုတ် အပေါ်မှာ မှိုတွေ များလာလို့ပါ။ မှိုဆိုတာ သိတဲ့ အတိုင်း ပူနွေးစိုစွတ်တဲ့ နေရာကို ကြိုက်တယ်လေ။ ဒါကြောင့် ဒီလိုနေရာမှာဆိုရင် ပိုပွားလွယ်တာပေါ့။
ကိုယ့်မှာ ရှိပြီးသား မှိုတွေ ပွားလာရင် မှိုစွဲတာ ဖြစ်နိုင်သလို တခြားသူဆီက ကူးတာလည်း ဖြစ်နိုင်ပါတယ်။ မှိုစွဲတာက လက်သည်းထက် ခြေသည်းမှာ ပိုတွေ့ရပါတယ်။ အထူးသဖြင့် ရှူးစီးတဲ့ သူတွေမှာပါ။ ခြေအိတ်လည်းဝတ်၊ ချွေးလည်းထွက်တော့ ပူနွေးစိုစွတ်ပြီး မှိုတွေ ပေါက်လွယ်တာပေါ့။
နောက်ပြီး ကိုယ်က spaတွေမှာ ခြေသည်း လက်သည်း အလှပြင်ရတာ ကြိုက်တဲ့သူဆိုရင် သတိထားပါ။ သုံးတဲ့ ကိရိယာတွေကို ပိုးသတ်ထားရဲ့လား သေချာမေးပါ။ သေချာ ပိုးမသတ်ဘူးဆိုရင် ဒါတွေကနေလည်း မှိုကူးတတ်ပါတယ်။
အမျိုးသားတွေက အမျိူးသမီးတွေထက် ပိုပြီး ဖြစ်နိုင်ပါတယ်။ လူကြီးတွေက ကလေးတွေထက်ပိုပြီး ဖြစ်နိုင်ခြေ များပါတယ်။ အတူနေ မိသားစုထဲမှာ တစ်ယောက်ဖြစ်နေရင် သူ့ဆီကနေ ကူးနိုင်ပါတယ်။ နောက်ပြီး အသက်ကြီးတဲ့ သူတွေကျတော့ သွေးလည်ပတ်မှု မကောင်းတာရော၊ ခြေသည်း အရှည်နှေးတာရော၊ ထူလာတာရောကြောင့် ပိုဖြစ်နိုင်ပါတယ်။
သိပ်ဆိုးလာရင်တော့ နာလည်း နာမယ်။ ခြေသည်း လက်သည်းလည်း လုံးဝပျက်စီးသွားနိုင်ပါတယ်။ နောက် ခုခံအားပါ ကျနေမယ်ဆိုရင် တခြားနေရာကိုပါ ပျံ့သွားနိုင်ပါတယ်။
ဥပမာပြောရရင် သင့်မှာ ဆီးချိုရှိတယ်ဆိုပါတော့။ သွေးလည်ပတ်မှုလည်း ကောင်းမှာ မဟုတ်သလို အာရုံကြောလည်း ထိခိုက်ထားလို့ ထိတာလည်း မသိပါဘူး။ ပြီးတော့ ပိုးလည်းဝင်လွယ်တယ်လေ။ ဒါကြောင့် ဒဏ်ရာသေးသေးလေးရခဲ့ရင်တောင် မှိုစွဲတာအပြင် တခြား ရောဂါပိုးတွေ ဝင်လာနိုင်ပါသေးတယ်။
ကုရခက်တဲ့ အထဲမှာ ပါပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ သေချာ ကုပါ။အချိန်အတော်ကြာအောင် ကုရမှာပါ။ ပျောက်သွားလည်း အနေအထိုင် မဆင်ခြင်ရင် ပြန်ဖြစ်နိုင်တယ်ဆိုတာ သတိပြုပါ။ နည်းလမ်းတွေကတော့
မှိုစွဲတာက မဖြစ်အောင် ကာကွယ်လို့ရပါတယ်။ နည်းလမ်းတွေကတော့
ဒီလောက်ဆိုရင်တော့ မှိုစွဲတာကို အတော်အသင့် ကာကွယ်နိုင်မှာပါ။ ဖြစ်လာရင်လည်း ဆရာဝန်နဲ့ ပြပြီး သေချာ ကုသမှု ခံယူဖို့ မမေ့ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။