backup og meta

ခြေစွယ် လက်စွယ်ငုပ်ခြင်း အတွက် အိမ်တွင်းနည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေစွယ် လက်စွယ်ငုပ်ခြင်း အတွက် အိမ်တွင်းနည်းလမ်းများ

    ခြေစွယ် လက်စွယ်ငုပ် တဲ့ ဝေဒနာဟာ အဖြစ်များပြီး ခံရခက်တဲ့ ဝေဒနာပါ။ ခဏခဏလည်း ပြန်ဖြစ်တတ်ပါတယ်။ ခြေစွယ်ငုပ်တာက လက်စွယ်ငုပ်တာထက် ပိုအဖြစ်များပါတယ်။ ခြေမမှာ ဖြစ်တာကို ပိုတွေ့ရပါတယ်။ ခြေစွယ် လက်စွယ်ငုပ်ခြင်း က သာမန်ပဲ၊ ပိုးဝင်ရောင်ရမ်းတာ မရှိဘူးဆိုရင် အောက်ကနည်းလမ်းတွေနဲ့ စမ်းကြည့်နိုင်ပါတယ်။

    ခြေစွယ် လက်စွယ်ငုပ်ခြင်း အတွက် အိမ်တွင်းနည်းလမ်းများ

    ထပ်ပြောရရင် ရောင်ရမ်းမှု မရှိဘူး။ ပြည်တည်မနေဘူး။ ကိုယ်က အနာကျက်ခဲတဲ့ ဆီးချိုရောဂါရှင် မဟုတ်ဘူးဆိုမှ ဒီနည်းတွေနဲ့ စမ်းကြည့်ပါ။ ခြေထောက်မှာ အဖြစ်များလို့ ခြေထောက်ကို ဦးစားပေးပြီး ပြောပါ့မယ်။ လက်ဆိုရင်လည်း တူတူပါပဲ။

    • ခြေထောက်ကို ရေနွေးနွေးလေးမှာ တစ်ခါစိမ် ၁၅မိနစ်၊ မိနစ် ၂၀လောက်ကို တစ်နေ့ ၃-၄ကြိမ် စိမ်ပေးပါ။ အနာလည်း သက်သာသလို ခြေသည်း လက်သည်းလည်း ပွလာပါတယ်။
    • ပြီးရင် ခြေထောက်ကို ခြောက်အောင်သုတ်ပြီး ဒီတိုင်းထားပါ။ ခြေအိတ်တွေ ဝတ်တာ၊ အဝတ်နဲ့ ပတ်တာတွေ မလုပ်ရပါ။
    • ပွနေတဲ့ ခြေသည်းအောက်ကို ဂွမ်းသန့်သန့်လေးကို လုံးပြီးဖြစ်ဖြစ်၊ သွားပွတ်ကြိုးစလေးကို ဖြစ်ဖြစ် ထည့်ထားပါ။ နေ့တိုင်း အသစ်လဲပေးပါ။ ခြေသည်းကို မ ထားတဲ့အတွက် ထပ်ရှည်လာမယ့် ခြေသည်းက အတွင်းကို ဝင်မယ့်အစား အပြင်ကို ထွက်လာပါလိမ့်မယ်။
    • ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ ပိုးသတ်ဆေးကရင်မ် လိမ်းပေးပါ။ ဆေးလိမ်းပြီးရင် ပတ်တီးဖွဖွ စည်းပေးပါ။
    • ဖိနပ်ကို သတိထားပါ။ ခြေစွယ်ငုပ်နေတဲ့အချိန်မှာ ခြေချောင်းကို ဖိအားပေးမယ့်၊ ညှစ်ထားမယ့် ဖိနပ်တွေ မစည်းပါနဲ့။ ထိပ်ပိတ် ဖိနပ်၊ ရှူး၊ ဒေါက်ဖိနပ်တွေ မစီးသင့်ပါ။ လေဝင်လေထွက်ကောင်းတဲ့ ဖိနပ်တွေ၊ ခပ်ချောင်ချောင် ဖိနပ်တွေကို စီးပေးပါ။
    • ခြေချောင်းလေးတွေ ကိုက်တယ်ဆို အကိုက်အခဲပျောက်ဆေး သောက်ပေးပါ။ ပါရာစီတမောလောက်တော့ စိတ်ချလက်ချ သောက်လို့ ရပါတယ်။
    • ခြေသည်းလေး တဖြည်းဖြည်း ရှည်လာပြီး အပြင်ကို ထွက်လာပြီဆိုတော့မှ ညှပ်ပေးပါ။

    ဘာတွေ မလုပ်ရဘူးလဲဆိုတော့

    • ငုပ်နေတဲ့ ခြေစွယ်၊ လက်စွယ်ကို အတင်းနှိုက်ပြီး မညှပ်ပါနဲ့။
    • ခြေသည်း လက်သည်းတွေကို ထိုးတာ၊ ဆွတာ၊ လှန်တာ မလုပ်ပါနဲ့။
    • ဖယောင်းစက်ချတာ၊ ဆီပူချတာလည်း မလုပ်ရပါဘူး။

    ဆရာဝန်နဲ့ သွားပြသင့်တဲ့ အခြေအနေတွေက 

    အိမ်တွင်းနည်းလမ်းတွေက လူတိုင်းအတွက်တော့ အဆင်မပြေနိုင်ပါဘူး။ အထူးသဖြင့်

    • ခြေစွယ် လက်စွယ် ငုပ်ပြီး အထိမခံနိုင်လောက်အောင် နာတဲ့သူတွေ
    • နီရဲ ရောင်ကိုင်းနေတဲ့သူတွေ
    • ပြည်တည်တာ၊ ခြေသည်း လက်သည်းကနေ ပြည်ထွက်နေတာ
    • အရိုးထဲက ကိုက်တာ
    • ဆီးချိုလိုမျိုး အနာကျက်ခဲတဲ့ ရောဂါတွေ ရှိနေတာဆိုရင်တော့ ဆရာဝန်နဲ့ ပြပြီး စနစ်တကျ ကုသမှု ခံယူသင့်ပါတယ်။

    ခြေစွယ် လက်စွယ်ငုပ်ခြင်း အတွက် ကုသနည်းများ

    ကုသနည်းတွေကတော့ ရောဂါအခြေအနေပေါ် မူတည်ပါတယ်။

  • ပိုးဝင်ပြီး ပြည်တည်နေတယ်ဆိုရင် ပိုးသတ်ဆေး လိုနိုင်ပါတယ်။ လိမ်းဆေးဖြစ်ဖြစ်၊ သောက်ဆေးဖြစ်ဖြစ် လိုနိုင်ပါတယ်။
  • အခြေအနေ သိပ်မဆိုးဘူး။ ပြည်လည်း မတည်ဘူးဆိုရင်တော့ ဆရာဝန်က အပေါ်ကလိုမျိုး ခြေသည်းအောက်မှာ တစ်ခုခုထည့်ပြီး ခြေသည်းအပြင်ကို ရှည်ထွက်လာတဲ့အထိ စောင့်ပါလိမ့်မယ်။
  • ပိုးဝင်ပြီး ပြည်တည်နာ ဖြစ်နေမယ်ဆိုရင်တော့ ဒီပိုးတွေ ထပ်ပြီး မပြန့်သွားအောင် ငုပ်နေတဲ့ ခြေသည်းအပိုင်းအစကို ထုတ်ပစ်ရမှာပါ။ ထုံဆေးထိုးပြီး ခြေသည်းကို ညှပ်ပစ်ရမှာပဲ ဖြစ်ပါတယ်။
  • ခဏခဏ ဖြစ်နေတယ်။ ဒီခြေချောင်း၊ လက်ချောင်းမှာပဲ ဖြစ်နေတယ်။ ဖြစ်တိုင်းလည်း ပိုးဝင် ပြည်တည်တဲ့အထိ ဆိုးတယ်ဆိုရင်တော့ ခြေသည်း၊ လက်သည်း တစ်ခုလုံး ထုတ်ပစ်ရမှာပါ။ ထုတ်ပြီး အရင်လို ပြန်ဖြစ်ဖို့ဆိုရင် ၄လလောက် စောင့်ရပါမယ်။ ပြန်ထွက်တဲ့အခါ တချို့တွေမှာ ခြေသည်း လက်သည်း မလှတော့တာတွေ ဖြစ်နိုင်ပါတယ်။
  • ခြေစွယ် လက်စွယ်ငုပ်တာကို မကုသဘူးဆိုရင်

    ဘာမှမလုပ်ဘူး။ ဒါမှမဟုတ် အိမ်တွင်းနည်းလမ်းတွေနဲ့ မသက်သာတာကို ဆရာဝန်နဲ့ မပြဘူးဆိုရင်

    ခြေစွယ် လက်စွယ်ငုပ် တာကို ကာကွယ်ဖို့

    တစ်ခါမှ မဖြစ်ဘူးတဲ့သူပဲဖြစ်ဖြစ်၊ ခဏခဏ ပြန်ဖြစ်လို့ နောက်ထပ် မဖြစ်အောင် ကာကွယ်ချင်ရင်ပဲ ဖြစ်ဖြစ်

    • ခြေသည်း လက်သည်း သေချာညှပ်ပါ။ တည့်တည့်တိတိ ညှပ်ပါ။ ဝိုက်ပြီး မညှပ်ပါနဲ့။ ထောင့်တွေကို မညှပ်ပါနဲ့။
    • ခြေသည်း လက်သည်းကို တိုလွန်းအောင် မညှပ်ပါနဲ့။
    • ဖိနပ် ကျပ်ကျပ်တွေကို မစီးပါနဲ့။
    • ခြေတွေ လက်တွေ ဒဏ်ရာ မရအောင် ဂရုစိုက်ပါ။
    • ခြေထောက်ကို ပုံမှန်စစ်ဆေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement