ပိုးဝင်သွားပြီဆိုရင်တော့ ဖြစ်တဲ့ ခြေသည်း လက်သည်းက
- ပိုနီလာတာ
- ပြည်တည်လာတာ
- ခြေသည်း လက်သည်းကနေ ပြည်ထွက်လာတာ
- သွေးထွက်လာတာ
- တဆစ်ဆစ်နဲ့ နာလာတာ
- ဖျားတာ စတာတွေ ဖြစ်နိုင်ပါတယ်။
ဒီတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင်တော့ ခြေသည်း လက်သည်းအောက်က အရေပြားက ပျက်စီးလာပြီး ပိုနာတာ၊ ပိုရောင်ရမ်းတာ၊ ပိုပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်။
ခြေစွယ် လက်စွယ်ငုပ် တာကို ကုသနည်း
ကုသနည်းတွေကတော့ အိမ်တွင်းနည်းလမ်းတွေလည်း ရှိသလို ဆေးခန်းမှာ ဆရာဝန်နဲ့ စနစ်တကျ ကုရတာမျိုးလည်း ရှိနိုင်ပါတယ်။ အခြေအနေမဆိုးရင်တော့ အိမ်တွင်းနည်းလမ်းလေးတွေနဲ့ ကုလို့ရပေမယ့်
- ရောင်ရမ်းတာ ပိုဆိုးပြီး မခံနိုင်အောင် နာနေရင်
- ပြည်တည်နေရင်
- ဆီးချိုလိုမျိုး အနာကျက်ခဲတဲ့ ရောဂါရှိသူတွေကတော့ ဆေးခန်းမှာ ဆရာဝန်နဲ့ပဲ လုပ်သင့်ပါတယ်။
ခြေစွယ် လက်စွယ်ငုပ်တာကို မကုဘဲ ထားမယ်ဆိုရင်
မကုဘဲ ထားမယ်ဆိုရင် ဒါမှမဟုတ် ဖြစ်နေတာကို သတိမထားမိဘူးဆိုရင် ခြေသည်း လက်သည်းကနေ အောက်က အရိုးထိ ရောက်သွားပြီး အရိုးပါ ပိုးဝင်သွားနိုင်ပါတယ်။
ဆီးချိုလိုမျိုး အနာကျက်ခဲတဲ့ ရောဂါမျိုး ရှိရင် ပိုဆိုးပါတယ်။ သာမန် ထိခိုက်ဒဏ်ရာကစလို့ အသားမာတက်တာ၊ ခုလို ခြေစွယ် လက်စွယ်ငုပ်တာကို သေချာ မကုသဘူးဆိုရင် ပိုးဝင်သွားနိုင်ပါတယ်။ ဒီကနေ အနာမကျက်ဘဲ ပိုပိုဆိုးပြီး ခွဲစိတ်ရတာ၊ ခြေထောက်ပုပ်တာတွေထိ ဖြစ်သွားနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။