အရေပြား ပြဿနာတွေအတွက် အသုံးပြုလေ့ရှိကြတဲ့ Tea tree oil ကို ခြေသည်း မှိုပိုး ဝင်တာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ Tea tree oil ကမှိုပိုး ကူးစက်မှုကို ကာကွယ်ပေးသလို မှိုပိုးတွေရဲ့ အပြင်လွှာကို ပျက်စီးစေပြီး အမြစ်ပြတ် ဖယ်ရှားပေးပါတယ်။
မှိုပိုး ဝင်ထားတဲ့ နေရာကို သန့်စင်ပြီး ရေခြောက်အောင် သုတ်လို့ Tea tree oil လေး လိမ်းပေးရုံပါ။ တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ်အထိ လုပ်ပေးလို့ ရပါတယ်။
Oregano oil မှာ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ thymol ပါဝင်နေပါတယ်။ Thymol က ဘက်တီးရီးယား နဲ့ မှိုပိုးတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင် ရှိပါတယ်။
မှိုပိုးဝင်တဲ့ ခြေသည်းကို သေချာ သန့်စင်လို့ Oregano oil ကို ဂွမ်းစလေးနဲ့ တို့ယူပြီး မှိုပိုးဝင်တဲ့ နေရာမှာ ကပ်ထားပေးရုံပါ။ တစ်နေ့ကို ၂ ကြိမ် ပြုလုပ်ပေး ရပါမယ်။
သံလွင်ဆီမှာ မှိုပိုး နဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး ကိုယ်ခံအား ကောင်းစေနိုင်တဲ့ oleuropein ပါဝင် နေပါတယ်။ မှိုပိုး ဝင်တဲ့နေရာကို သံလွင်ဆီ တိုက်ရိုက် လိမ်းပေးလို့ ရပါတယ်။
တစ်နေ့ကို ၂ ကြိမ် ပုံမှန် လုပ်ပေးပါ။ ခြေသည်း မှိုစွဲတာကို သက်သာစေမယ့် အထိရောက်ဆုံး အိမ်တွင်းကုထုံးပါ။
၂၀၀၉ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအရ ကြက်သွန်ဖြူက ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တယ်၊ လို့ တွေ့ရှိခဲ့ ရပါတယ်။
ခြေထောက် မှိုပိုး သက်သာစေဖို့ဆိုရင် ကြက်သွန်ဖြူကို သေချာလေး ကြိတ်ခြေပြီး မှိုပိုးဝင်တဲ့ နေရာကို မိနစ် ၃၀ ကြာ ကပ်ထားပေး ရမှာပါ။ ကြက်သွန်ဖြူ စားပေးလို့လည်း ရပါတယ်။
တစ်ခုသတိထားရမှာက ခြေသည်းမှိုပိုးက ကူးစက်လွယ်တာကြောင့် ဒီနည်းတွေကို ရက်ပိုင်းလောက် သုံးကြည့်ပြီး မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။