ဝက်ခြံ

ဝက်ခြံ သည် အဖြစ်များသည့် အရေပြားပြဿနာ ဖြစ်သည့်အတွက် ဝက်ခြံမဖြစ်အောင် နေထိုင်သားသောက်ပုံများ၊ ဝက်ခြံအမာရွတ်သက်သာအောင် ကုသနည်းများကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဝက်ခြံ

ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ

အိမ်တွင်းနည်းလမ်းဆိုတာက သဘာဝပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို ဆိုလိုတာပါ။ Home remedies တွေပေါ့။ ဒါတွေက သဘာဝကရတယ်ဆိုပေမယ့် အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဝက်ခြံထွက်လာတဲ့အခါ ဝက်ခြံကို အိမ်ကရှိတဲ့ ပစ္စည်းတွေနဲ့ ဟိုတို့ ဒီအုံလုပ်တတ်သူတွေအတွက် ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ က ဘာတွေလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ (၁) သွားတိုက်ဆေး ဝက်ခြံပေါ်လာရင် သွားတိုက်ဆေးတို့တာက လူကြီးတွေလက်ထက်တည်းက လုပ်လာတဲ့ အကျင့်တစ်ခုပါ။ ပိုးသေစေတယ်ဆိုတဲ့ ယူဆချက်ပေါ့။ တချို့ လေ့လာချက်တွေအရလည်း Triclosanလို့ခေါ်တဲ့ ဓာတုပစ္စည်းက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကို သေစေတယ်ဆိုတဲ့ အဆိုပြုချက်တွေလည်း ရှိနေပါတယ်။ တကယ့်လက်တွေ့မှာတော့ Triclosanကို ရေရှည်အသုံးပြုမယ်ဆိုရင် စိတ်ချရမှုနဲ့ ပိုးသတ်ဆေး ယဉ်ပါးတာတွေ ဖြစ်နိုင်လို့ US အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ၂၀၁၇မှာ ဆပ်ပြာ၊ သွားတိုက်ဆေး […]

ဝက်ခြံ ကို ရှာဖွေမည်။

အသားအရေနှင့် အလှအပ

ဆားဝက်ခြံတွေကို နှိမ်နင်းဖို့ နည်းလမ်းများ

ဆားဝက်ခြံဟာ ဆယ်ကျော်သက်တွေ အတွက်သာမက လူကြီးတွေအတွက်ပါ အရေပြား ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဆားဝက်ခြံ တွေကို ညှစ်ထုတ်လိုက်ခြင်းဟာ အရေပြားပေါ်မှာ အပေါက်တွေကို ချန်ထားခဲ့ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းစေပါတယ်။ ဒါပေမယ့် ဒီ ဆားဝက်ခြံတွေကို လျော့ကျစေဖို့နဲ့ ကာကွယ်ဖို့ကို ကူညီပေးမယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။   ဆားဝက်ခြံ ဆိုတာဘာလဲ။ ဆားဝက်ခြံ တွေဟာ ဝက်ခြံတစ်မျိုးဖြစ်ပြီး မျက်နှာရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ နှာခေါင်း၊ နှဖူး၊ ပါး အစရှိတဲ့နေရာတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ သူတို့ဟာ မွေးညင်းပေါက်တွေထဲမှာ ပိတ်နေတဲ့ အဆီဖြစ်ပြီး အောက်စီဂျင်နဲ့ ထိတွေ့မှုကြောင့် မည်းနေတာ ဖြစ်ပါတယ်။ ၁။ သင့်အရေပြား အမျိုးအစားကို သိအောင်လုပ်ပါ။ သင့်မှာ အဆီပြန်၊ ပုံမှန်၊ ခြောက်သွေ့ (သို့) ပေါင်းစပ် အသားအရေ ရှိတယ်ဆိုတာကို အလှကုန်ပစ္စည်းတွေ ရွေးချယ် ဝယ်ယူဖို့ […]


ဝက်ခြံ

ဝက်ခြံကို ဘယ်လိုကုသမလဲ

ဝက်ခြံဟာ အလွန်အဖြစ်များတဲ့ အရေပြားပြဿနာတစ်ခု ဖြစ်ပါတယ်။ မျက်နှာပေါ်မှာ ပေါက်လေ့ရှိပြီး ရုပ်ရည်သွင်ပြင်ကို ထိခိုက်စေနိုင်တဲ့အတွက် ဝက်ခြံပေါက်လာပြီဆိုရင် အမြန်ဆုံးပျောက်ချင်ကြတာ သဘာဝပါပဲ။ ဝက်ခြံကို ဘယ်လိုထိထိရောက်ရောက် ကုသရမလဲဆိုတာနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အခြေခံအကြောင်းအရာတွေကို ဒီဆောင်းပါးမှာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ကုသမှု၏ ရည်ရွယ်ချက်များ ဝက်ခြံကုသခြင်းရဲ့ အဓိကရည်ရွယ်ချက်တွေကတော့ အနာကျက်ဖို့၊ ဝက်ခြံဖု အသစ်ထပ်မထွက်ဖို့၊ အမာရွတ်မထင်ဖို့နဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများ အတတ်နိုင်ဆုံး လျော့နည်းစေဖို့ပဲ ဖြစ်ပါတယ်။ အပျော့စား ဝက်ခြံပြဿနာကို ဘယ်လိုကုသရမလဲ အပျော့စား ဝက်ခြံပြဿနာဆိုတာ ဆားဝက်ခြံ၊ အမည်းစက်တွေနဲ့ အသေးစား ဝက်ခြံဖုများထွက်ခြင်းကို ခေါ်တာဖြစ်ပါတယ်။ ဒီပြဿနာဖြစ်လာရင် အရေပြားကို ရေနွေး၊ အပျော့စား သန့်စင်ဆေးတွေနဲ့ ဆေးကြောသန့်စင်ပေးရမှာ ဖြစ်ပါတယ်။ သင့်မှာဖြစ်နေတဲ့ အခြေအနေကိုလိုက်ပြီး ဆေးဆိုင်မှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ဆေးတွေ ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေ အသုံးပြုဖို့ လိုမှာဖြစ်ပါတယ်။ ၎င်းဆေးဝါးတွေကို […]


ဝက်ခြံ

မိတ်ကပ်သုံးပစ္စည်းတွေကို သန့်ရှင်းရေးမလုပ်ဘူးဆိုရင်

မိန်းကလေးတိုင်းလိုလို လှလှပပလေး နေချင်ကြပါတယ်။ မိန်းကလေးတိုင်း လှအောင်လည်း အလှပြင်ကြတာချည်းပါပဲ။ အလှအပအတွက် skin care လည်း လုပ်တယ်၊ မိတ်ကပ်နဲ့ အစားအသောက်လည်း ဂရုစိုက်ပါလျက်နဲ့ မျက်နှာမှာ ဝက်ခြံနဲ့ အပြစ်အနာအဆာတွေ ရှိနေတယ်ဆိုရင်တော့ ပြန်လည်စဉ်းစားဖို့ လိုလာပါပြီ။ တကယ်တော့ မျက်နှာလေး လှချင်တယ်ဆိုရင် Skin care တွေအပြင် မိတ်ကပ်လိမ်းတဲ့ ပစ္စည်းတွေကိုပါ သန့်ရှင်းအောင် ထားဖို့လိုပါတယ်။ မိတ်ကပ်ပေါင်ဒါမှုန့်ဗူးတွေ ဝယ်တဲ့အခါမှာ လိမ်းတဲ့ တို့ဖတ်လေးတွေ တပါတည်း ပါလာပြီးသားပါ။ မိန်းကလေးတော်တော်များက မိတ်ကပ်ကုန်မှ တို့ဖတ်ကိုပါ လွှင့်ပစ်လေ့ ရှိပါတယ်။ တကယ်တော့ မိတ်ကပ်မကုန်ခင်မှာ တို့ဖတ်ကို လဲလှယ်ပေးတာမျိုး လိုပါတယ်။ အနည်းဆုံးတော့ အရောင်လေး နည်းနည်း ညစ်ထေးလာတာနဲ့ လျှော်တာမျိုး သန့်ရှင်းရေး လုပ်ပေးပါ။ တို့ဖတ်နည်းတူပါပဲ မျက်နှာပေါ်ကို ထိတွေ့တဲ့ […]


ဝက်ခြံ

ဝက်ခြံနှင့်ပတ်သတ်ပြီး သိထားသင့်သော အချက်၄ချက်

ဘဝမှာတစ်ခါတော့ ဝက်ခြံပေါက်ဖူးပါလိမ့်မယ်။ သူတို့ဘယ်လိုပုံစံမျိုးလဲဆိုတာကိုတော့ သတိပြုမိပါလိမ့်မယ်။ ဒါပေမယ့်လည်း ထိုဝက်ခြံတွေကို ဘယ်လိုကုသရမလဲ၊ ဘယ်လိုကာကွယ်ရမလဲနဲ့ ဘာတွေကဖြစ်စေတယ်ဆိုတာကိုတော့ သိချင်လောက်မှာပါ။ အောက်ဖော်ပြပါ ဆောင်းပါးကတော့ ဝက်ခြံနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့အချက်တွေကို ဖော်ပြပေးမှာပါ။ အရေပြားမှာ ဝက်ခြံဘယ်လို ဖြစ်လာတာလဲ။ တစ်ခါတစ်ရံ လူပျိုဖော်၊အပျိုဖော်ဝင်တဲ့အချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဝက်ခြံပေါက်တတ်ပါတယ်။ အမွေးအမျှင်ဆဲလ်တွေ၊ အရေပြားဆဲလ်တွေနဲ့ အဆီပိုတွေစုပေါင်းပြီး အမွေးပေါက်တွေကို ပိတ်လိုက်ပါတယ်။ အစိုင်အခဲကြီးဖြစ်လာပါတယ်။ ထိုအစိုင်အခဲထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားပြီး အရေပြားအောက်တွင် ရောင်ရမ်းလာပါတယ်။ ထိုအစိုင်အခဲပြိုကွဲပျက်စီးပြီးတဲ့နောက်မှာ ဝက်ခြံတွေပေါ်ပေါက်လာပါတယ်။ များသောအားဖြင့် အမွေးပေါက်တွေပိတ်လို့ဖြစ်ရတာပါ။ ဘာတွေကဝက်ခြံဖြစ်စေတာလဲ။ ဘာတွေကြောင့်ဖြစ်ရတယ်ဆိုတာကတော့ တိတိပပ မသိရှိရသေးပါဘူး။ ဒါပေမယ့်လည်း ဝက်ခြံဖြစ်စေတဲ့ အခြားအကြောင်းအရင်းအချို့တော့ ရှိပါတယ်။ · ဆယ်ကျော်သက်အရွယ်မှာ ဝက်ခြံပေါက်နိုင်ခြေအများဆုံးပါ။ ဘာကြောင့်လဲဆိုတော့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် အဆီဂလင်းတွေဟာ အဆီတွေကို လိုတာထက်ပိုထုတ်လာလို့ပဲ ဖြစ်ပါတယ်။ အဆီတွေများလေ ဝက်ခြံပေါက်နိုင်လေပါပဲ။ · ကိုယ်ဝန်ရှိခြင်း၊ တားဆေးအသုံးပြုခြင်းတို့ကြောင့်လည်း ဟော်မုန်းအပြောင်းအလဲဖြစ်နိုင်ပါတယ်။ · မိဘတွေမှာ […]


ဝက်ခြံ

ရာသီဥတုက ဝက်ခြံတွေအပေါ်မှာ ဘယ်လိုသက်ရောက်နေသလဲ

ဝက်ခြံတွေအပေါ်မှာ သက်ရောက်နေတဲ့ အချက်ပေါင်းများစွာ ရှိပါတယ်။ ဟော်မုန်းအပြောင်းအလဲ၊ မိသားစုအခြေအနေနဲ့ စိတ်ဖိစီးမှုတို့ပဲ ဖြစ်ပါတယ်။ ရာသီဥတုကလည်း ဝက်ခြံတွေအပေါ်မှာ အပြောင်းအလဲတွေဖြစ်စေတယ်ဆိုတာကော သင်သိပါသလား။ သင့်အရမ်းသိချင်နေမယ်ဆိုရင်တော့ အောက်ပါဆောင်းပါးကို ဖတ်ရှုပေးပါ။ စိုထိုင်းသော ရာသီဥတု မိုးရာသီအတွင်း ဒါမှမဟုတ် အပူပိုင်းဒေသတွေမှာ စိုထိုင်းမှုများနေပြီဆိုရင် ဝက်ခြံပေါက်နိုင်ခြေများသလို ပေါက်တဲ့ဝက်ခြံလည်း ပိုဆိုးသွားနိုင်ပါတယ်။ စိုထိုင်းမှုက သင့်အရေပြားအတွက် ရေဓါတ်ထောက်ပံ့ပေးတယ်လို့ သင်ထင်နိုင်တယ်။ ရေဓါတ်ပြည့်ဝနေခြင်းက အရေပြားအတွက် ကောင်းပါတယ်။ ဒါပေမယ့်လည်း စိုးထိုင်းစများခြင်းက ချွေးထွက်စေပါတယ်။ ချွေးတွေက အရေပြားဆဲလ်အသေတွေ၊ ဖုန်မှုန့်တွေနဲ့ ပေါင်းပြီး အပေါက်တွေ ပိတ်သွားစေပါတယ်။ စိုထိုင်းမှုက အဆီလည်းပိုပြန်စေပါတယ်။ အဆီတွေ၊ ဆဲလ်အသေတွေနဲ့ ဖုန်မှုန့်တွေပေါင်းပြီး အပေါက်ပိတ်နိုင်ပါတယ်။ ထိုအချက်၂ချက်က ဝက်ခြံတွေ ပိုဆိုးစေနိုင်သလို၊ ပျောက်ဖို့လည်း နှေးကွေးစေပါတယ်။ ဒါကြောင့် ချွေးထွက်ပြီးပြီဆိုရင် အရေပြားကို သန့်ရှင်းပေးဖို့ မမေ့ပါနဲ့။ သန့်စင်ဆေးအပျော့နှင့် ကြက်သီးနွေးရေကို အသုံးပြုနိုင်ပါတယ်။ […]


ဝက်ခြံ

အသက် ၂၀ကျော် အရွယ်အတွက် အလှအပရေးရာများ

သင် အသက် တဖြည်းဖြည်းကြီးလာတာနဲ့အမျှ အသားအရည်ဟာ ဆယ်ကျော်သက်အရွယ်ကလို မစိုပြည်တော့ဘဲ ခြောက်သွေ့တာတွေ၊ ဝက်ခြံထွက်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့်မို့လို့ အသက် ၂၀ကျော်တဲ့အရွယ်မှာ အလှအပကို ဘယ်လိုထိန်းသိမ်းမလဲ ဆိုတဲ့အချက်ဟာ အရေးကြီးပါတယ်။ အရေးအကြီးဆုံးကတော့ ဝက်ခြံကို ကာကွယ်ဖို့ပါပဲ။ ဒီအတွက် အသုံးဝင်မယ့် အချက်အလက်တွေကို ဖော်ပြလိုက်ပါတယ်။ မျက်နှာကို သန့်ရှင်းစွာထားပါ ဝက်ခြံရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တစ်နေ့ကို ၂ကြိမ်ခန့် မျက်နှာသစ်ပြီး မျက်နှာပေါ်က အညစ်အကြေးတွေ၊ ဆဲလ်အသေတွေ၊ အဆီတွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။ သိပ်မပူတဲ့ ရေနွေးနွေးနဲ့ မျက်နှာသစ်ဆေး ခပ်ပျော့ပျော့ကို သုံးပါ။ အာနိသင်ပြင်းတဲ့ ဆပ်ပြာတွေကို အသားအရည်ကို ပိုပြီး ပျက်စီးစေပါတယ်။ ရေချိုးအဝတ်၊ ရေမြှုပ်စတာတွေနဲ့ မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်တိုက်ခြင်းကနေ ရှောင်ကြဉ်ပါ။ တစ်နေ့ကို ၂ကြိမ်ထက်ပိုပြီး မျက်နှာသစ်ဖို့ သိပ်မလိုအပ်ပါဘူး။ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်။ အစိုဓာတ်ထိန်းသိမ်းခြင်း ဝက်ခြံပျောက်စေတဲ့ ပါဝင်ပစ္စည်းများဟာ […]


ဝက်ခြံ

ဘယ်လိုဝက်ခြံအမျိုးအစားတွေရှိသလဲ

ဝက်ခြံဆိုတာဘာလဲ? ဝက်ခြံဟာဆယ်ကျော်သက်လူငယ်နှင့်သက်လတ်ပိုင်းအများစုမှာတွေ့ရလေ့စှိတဲ့အရေပြားပြသနာတစ်ခုပင်ဖြစ်သည်။ ချွေးပေါက်ထဲတွင်ဆဲလ်သေနှင့်အဆီများစုဝေးလာသောအခါ ချွေးပေါက်ပိတ်ဆို့ပြီး ဝက်ခြံဖြစ်ပေါ်လာသည်။   ဘာကြောင့်ဝက်ခြံပေါက်လာသလဲ? ဝက်ခြံဖြစ်ပေါ်စေသော အဓိကအကြောင်းရင်း နှစ်ခုမှာ ဟိုမုန်းအပြောင်းအလဲနှင့် ဘက်တီးရီးယားကြောင့်ပင်ဖြစ်သည်။ လူငယ်များ အပျို/လူပျိုဝင်စအချိန်တွင် ဟိုမုန်းအပြောင်းအလဲကြောင့်အဆီဂလင်းမှ အဆီထုတ်မှုပိုများလာသည်။ ထိုအဆီနှင့်ဆဲလ်သေပိတ်ဆို့မှုဟာ ဘက်တီးရီးယားပေါက်ပွားမှုကိုအားပေးပြီး ရောင်ရမ်းဝက်ခြံများကိုဖြစ်ပေါ်စေနိုင်ပါတယ်။ အခြားဝက်ခြံကိုပိုဆိုးစေသောအရာများကတော့ အရေပြားညစ်ပတ်ခြင်း၊ ဝက်ခြံညစ်ခြင်း၊ အစားအစာမျှတမှုမရှိခြင်း၊ ပင်ပန်းခြင်းတို့ပါဝင်သည်။ ဘယ်လိုဝက်ခြံအမျိုးအစားတွေရှိသလဲ? ● ဆားဝက်ခြံခေါင်းဖြူ ချွေးပေါက်ရှိဆဲလ်သေ၊အဆီပိုများနှင့် ဘတ်တီးရီးယားများစုပေါင်းပြီး အရေပြားပေါ်သို့ အဖြူရောင်အစေ့သေးသေးများအဖြစ်ထွက်ပေါ်လာတတ်ပြီး အရေပြားကြမ်းတမ်းလာတတ်သည်။ ● ဆားဝက်ခြံခေါင်းမဲ ဆားဝက်ခြံခေါင်းဖြူကဲ့သို့ပင် ဖြစ်ပုံခြင်းတူညီပြီး ချွေးပေါက်ပွင့်၍အောက်ဆီဂျင်နှင့်ထိတွေ့ကာ မဲလာခြင်းဖြစ်သည်။ နှစ်ခုစလုံးမှာ သေချာကုသမှုမခံယူပါက ဝက်ခြံအကြီးစားထိဖြစ်သွားနိုင်သည်။ အနာဖတ် ဝက်ခြံပေါက်သွားသောအခါအထဲမှ ဘက်တီးရီးယားများအနားရှိအရေပြားကိုရောင်ရမ်းနီရဲစေသည်။ အနာဖု အတွင်းထဲထိလှိုက်စားရောင်ရဲနေသော အနာဖုများသည် ထိလိုက်သည့်အခါတိုင်းတွင် နာနေတတ်သည်။ ပြည်ဖု ဝက်ခြံတွင် ပြည်စုလာသောအခါ ပြည်ဖုဖြစ်လာသည်။ အရည်ကြည်ဖု ဝက်ခြံရောင်ရမ်းမှုအရမ်းဆိုးဝါးလာသောအခါ သားငန်ရည်၊ ပြည်များစုသွားပြီး အရည်ကြည်ဖုအဖြစ်ပြောင်းလဲသွားသည်။ ဝက်ခြံပျောက်အောင်ဘယ်လိုလုပ်ကြမလဲ? ပုံမှန်အရမ်းမဆိုးသော ဝက်ခြံများကို ဝက်ခြံပျောက်ဆေးလိမ်းပေးရင်ပျောက်တတ်ပါသည်။ သို့သော် အရမ်းရောင်ရမ်းနေသောဝက်ခြံများ၊ ဝက်ခြံပျောက်ဆေးနှင့်မသက်သာသောဝက်ခြံများကို အရေပြားဆရာဝန်နှင့်တိုင်ပင်ကုသဆွေးနွေးသင့်သည်။ ဝက်ခြံကိုကုသနိုင်သောတခြားနည်းလမ်းကုထုံးများမှာ ● အရေပြားအားဖြည့်ဆေးများထိုးခြင်း ● အရေပြားပြုပြင်ခြင်း ● လေဆာပစ်ခြင်း တို့ဖြစ်ကြသည်။ Hello Health Group […]


ဝက်ခြံ

ဆားဝက်ခြံကို ဘယ်လိုဖယ်ရှားမလဲ

ဆားဝက်ခြံတွေကတော်တော်လေးကိုအလှပျက်စေတဲ့အရာတစ်ခုလို့ဆိုလို့ရပါတယ်။ မျက်နှာပေါ်မှာဆားဝက်ခြံတွေရှိနေရင် စိတ်ကသိကအောင့်ဖြစ်သလို အသားကိုယားယံတာမျိုးလည်းဖြစ်စေနိုင်ပါတယ်။ ဆားဝက်ခြံက အမျိုးသားရော အမျိုးသမီးတွေမှာပါဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်ကတော့ ဆားဝက်ခြံ ဘယ်လိုဖြစ်လာတာလဲဆိုတာကနေ စလို့ ဘယ်လိုလုပ်ရင် သက်သာစေမလဲဆိုတာအထိ ဖတ်မိသမျှကိုပြန်လည်ဝေမျှပေးချင်ပါတယ်။ ဆားဝက်ခြံဆိုတာ နားလည်အလွယ်ဆုံးဖြစ်အောင်ပြောပြရရင် ဆားဝက်ခြံဆိုတာက မျက်နှာပေါ်ကချွေးပေါက်တွေထဲမှာ အဆီပိုတွေနဲ့ မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေ ပိတ်ဆို့ရာကနေဖြစ်လာတဲ့အရာတွေပါ။ ဆားဝက်ခြံကလည်း ဝက်ခြံအမျိုးအစားတစ်ခုပါပဲ။ များသောအားဖြင့်ကတော့ မျက်နှာမှာအဖြစ်များပါတယ်။ကျော၊ ရင်ဘတ် နဲ့ ပုခုံးတွေမျာလည်း ဆားဝက်ခြံတွေဖြစ်တတ်ပါတယ်။ တချို့ဆိုရင် နားတွေထဲမှာတောင်ဖြစ်တာမျိုးတွေ့ဖူးပါတယ်။   ဆားဝက်ခြံက ဘာလို့အနက်ရောင်ဖြစ်နေရတာလဲ ညစ်ပတ်ဖုန်မှုန့်တွေနဲ့ အဆီတွေထိတွေ့တာကြောင့် အနက်ရောင်ဖြစ်သွားတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ မဟုတ်ပါဘူး။ အရေပြားအတွင်းပိုင်းက အဆီနဲ့ ပြင်ပလေထုထဲကအောက်ဆီဂျင်တို့ထိတွေ့မိတာကြောင့် အနက်ရောင်အဖြစ်ပြောင်းလဲသွားတာပါ။   ဘယ်သူတွေမှာ ဆားဝက်ခြံဖြစ်နိုင်သလဲ ဆယ်ကျော်သက်တွေမှာ အဖြစ်များပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာလည်း ဆားဝက်ခြံတွေဖြစ်တတ်ပါတယ်။ ဆယ်ကျော်သက်တွေရဲ့ မျက်နှာပြင်ပေါ်မှာတော့ ဆားဝက်ခြံက အဖြစ်အများဆုံးပါပဲ။ နဖူးနဲ့ နဖူးတဝိုက်မှာပိုအဖြစ်များပါတယ်။   ဆားဝက်ခြံမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ အဆီများတဲ့အသားအရေ ထိန်းသိမ်းမှုပစ္စည်းတွေကိုရှောင်ရှားပေးပါ။ရေကိုအခြေခံပြီးထုတ်ထားတဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကိုပဲ အဓိကထားရွေးချယ်ပေးပါ။ မိတ်ကပ်လိမ်းတတ်တဲ့သူတွေဆိုရင်လည်း အစိုဓါတ်ထိန်းခရင်မ်ပါပြီးသား မိတ်ကပ်ကိုရွေး […]


ဝက်ခြံ

ဆားဝက်ခြံ (ဝက်ခြံခေါင်းမည်း)တွေကို ကုသနိုင်မယ့် လွယ်ကူတဲ့နည်းလမ်း (၄)သွယ်

ဆားဝက်ခြံတွေ ဟာ အဖြစ်များကြပါတယ်။ အသက်အရွယ်မခွဲခြားဘဲ လူတိုင်း ဒီပြဿနာကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒီဝက်ခြံပြဿနာဟာ နာကျင်မှုတွေ၊ နီရဲမှုတွေ၊ ရောင်ရမ်းမှုတွေ ဒါမှမဟုတ် အခြားသော ပြင်းထန်တဲ့ လက္ခဏာရပ်တွေကို မခံစားရပေမယ့် သင့်ရဲ့ မျက်နှာ အလှအပအတွက်တော့ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပြီး သင့်ကို စိတ်ဆင်းရဲစေပါတယ်။ တကယ်လို့များ သင်က ဒါတွေကို ကုသပျောက်ကင်းချင်တယ် ဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက် တကယ် အသုံးဝင်တာကို တွေ့ရမှာပါ။ ဒီဆောင်းပါးလေးထဲမှာ ဆားဝက်ခြံ (ခေါင်းမည်းဝက်ခြံ)တွေကို ကုသနိုင်မယ့် လွယ်ကူတဲ့ နည်းလမ်း (၄)သွယ်ကို ဖော်ပြပေးထားပါတယ်။ ဆားဝက်ခြံ (ဝက်ခြံခေါင်းမည်း) ဆိုတာ ဘာတွေလဲ။ ဆားဝက်ခြံ ဒါမှမဟုတ် open comedones တွေဟာ အနိမ့်ဆုံး ဝက်ခြံအနာတွေပါပဲ။ ဒါတွေဟာ မွေးညှင်းပေါက်တွေ ကြီးပြီး ပိတ်ဆို့နေလို့ ဖြစ်ရတာပါ။ သူတို့တွေဟာ […]


ဝက်ခြံ

ပျောက်ဖို့ခဲယဉ်းတဲ့ဝက်ခြံတွေ ကို ဘယ်လိုဖယ်ရှားမလဲ

ဝက်ခြံအများစုဟာ လူပျိုဖော်၊ အပျိုဖော်ဝင်လာတဲ့အချိန်မှာ ပေါက်လာလေ့ရှိပြီး ရက်အနည်းငယ်အကြာမှာ ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ တကယ်လို့သင့်မှာ stubborn acne လို့ခေါ်တဲ့ ပျောက်ဖို့ခဲယဉ်းတဲ့ဝက်ခြံတွေ ဖြစ်လာခဲ့ရင်ရော.. မပူပါနဲ့။ ဒါတွေကို ဆေးကုသမှုအချို့နဲ့ အိမ်မှာဂရုစိုက်လိုက်ရင် ပျောက်ကင်းသွားနိုင်ပါတယ်။ တကယ်လို့သင်က stubborn acne တွေကို ကုသပျောက်ကင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတဲ့သူဆိုရင်တော့ ဒီဆောင်းပါးဟာ သင့်အတွက်ပါပဲ။ ပျောက်ဖို့ခဲယဉ်းတဲ့ဝက်ခြံတွေ သို့ Stubborn acne (ခေါင်းမာတဲ့ ဝက်ခြံ)ဆိုတာဘာလဲ။ ခေါင်းမာတဲ့ ဝက်ခြံဆိုတာ ပုံမှန်မဟုတ်ဘဲ ထွက်ပေါ်လာတဲ့ ဝက်ခြံမျိုးပါ။ ဝက်ခြံဆိုတာ ဆယ်ကျော်သက်အရွယ်တွေ ဒါမှမဟုတ် လူပျိုဖော်၊ အပျိုဖော်ဝင်လာတဲ့သူတွေရဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ခုပါ။ ဝက်ခြံတွေဟာ ရက်အနည်းငယ်လောက်ကြာနိုင်ပါတယ်။ သင် အသက်၂၀ကျော်သည်ထိလည်း ဝက်ခြံပြဿနာတွေကို ခံစားရနိုင်ပါတယ်။ တစ်ခါတလေမှာ ဝက်ခြံတွေဟာ သင်ဘယ်လိုနည်းကိုမဆို အိမ်မှာ ကြိုးစားပြီးလုပ်ကြည့်သည်ဖြစ်စေ၊ ပျောက်မသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ အိမ်မှာ ရနိုင်တဲ့ပစ္စည်းတွေသုံးပြီး […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း