ဝက်ခြံ

ဝက်ခြံ သည် အဖြစ်များသည့် အရေပြားပြဿနာ ဖြစ်သည့်အတွက် ဝက်ခြံမဖြစ်အောင် နေထိုင်သားသောက်ပုံများ၊ ဝက်ခြံအမာရွတ်သက်သာအောင် ကုသနည်းများကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဝက်ခြံ

ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ

အိမ်တွင်းနည်းလမ်းဆိုတာက သဘာဝပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို ဆိုလိုတာပါ။ Home remedies တွေပေါ့။ ဒါတွေက သဘာဝကရတယ်ဆိုပေမယ့် အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဝက်ခြံထွက်လာတဲ့အခါ ဝက်ခြံကို အိမ်ကရှိတဲ့ ပစ္စည်းတွေနဲ့ ဟိုတို့ ဒီအုံလုပ်တတ်သူတွေအတွက် ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ က ဘာတွေလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ (၁) သွားတိုက်ဆေး ဝက်ခြံပေါ်လာရင် သွားတိုက်ဆေးတို့တာက လူကြီးတွေလက်ထက်တည်းက လုပ်လာတဲ့ အကျင့်တစ်ခုပါ။ ပိုးသေစေတယ်ဆိုတဲ့ ယူဆချက်ပေါ့။ တချို့ လေ့လာချက်တွေအရလည်း Triclosanလို့ခေါ်တဲ့ ဓာတုပစ္စည်းက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကို သေစေတယ်ဆိုတဲ့ အဆိုပြုချက်တွေလည်း ရှိနေပါတယ်။ တကယ့်လက်တွေ့မှာတော့ Triclosanကို ရေရှည်အသုံးပြုမယ်ဆိုရင် စိတ်ချရမှုနဲ့ ပိုးသတ်ဆေး ယဉ်ပါးတာတွေ ဖြစ်နိုင်လို့ US အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ၂၀၁၇မှာ ဆပ်ပြာ၊ သွားတိုက်ဆေး […]

ဝက်ခြံ ကို ရှာဖွေမည်။

ဝက်ခြံ

ပျားရည် mask နဲ့ ဝက်ခြံ ကုကြမယ်

ပျားရည် ဆိုတာ သဘာဝက ရတဲ့ ဆေးဖက်ဝင် ပစ္စည်း တစ်ခု ပါ။ သူ့ရဲ့ အာနိသင်အစွမ်းတွေကြောင့် ဟိုးအရင်တည်းက တိုင်းရင်းဆေးပညာမှာတောင် ဆေးဖော်စပ်ရာမှာ အသုံးများပါတယ်။ အလှအပ ဘက်မှာလည်း ပျားရည်က ဘယ်လို အကျိုးပြုတယ် ဆိုတာ ကြားဖူးကြမှာပေါ့။ ဒါကြောင့် အခုတစ်ခေါက်မှာ ပျားရည် mask နဲ့ ဝက်ခြံ ကုသနည်းလေးကို ပြောပြပေးသွားဖို့ ရှိပါတယ်။ ပျားရည် mask နဲ့ ဝက်ခြံ ကုကြမယ် အလှအပ နဲ့ အသားအရေ အတွက်ဆို အနှောင့်အယှက်တစ်ခု ဖြစ်တဲ့ ဝက်ခြံ တွေကို ပျားရည် က ကုသပေးနိုင်တယ် ဆိုတာ သိပြီးပြီလား။ ပြီးတော့ အိမ်မှာပဲ ကိုယ်တိုင် ပေါင်းတင် ကုသလို့ ရတာ ကိုရော သိထားပြီးပြီလား။ ကဲ […]


ဝက်ခြံ

Skin care တိုင်း ဝက်ခြံကင်းသလား........

အသားအရေကို ပုံမှန်လည်း Skin care ပါရဲ့။ ဝက်ခြံတွေက ပျောက်သွားလိုက် ပြန်ပေါ်လာလိုက်ပဲ ဆိုတဲ့သူလေးတွေရှိလား.......  ဒီတစ်ခေါက်တော့ Skincare ရဲ့သားနဲ့ ဝက်ခြံ ဘာလို့ မပျောက်တာလဲ။ Skin care တိုင်း ဝက်ခြံကင်းသလား........  ဆိုတာကို ရှင်းရှင်းလင်းလင်း အဖြေထုတ် ကြည့်ရအောင်။ Skin care တိုင်း ဝက်ခြံ ကင်းသလား......... အသားအရေကို ပုံမှန် ထိန်းသိမ်းမှု လုပ်ပေမယ့် ဝက်ခြံ လုံးဝကင်းသွားဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဝက်ခြံပိုးဝင်တာ၊ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုတော့ သက်သာစေနိုင်ပါတယ်။ ဝက်ခြံ ထပ်မဖြစ်လာအောင်လည်း ထိုက်သင့်သလောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုပြောရတာက ဝက်ခြံက ပျောက်ဖို့ မလွယ်ကူတဲ့ အရေပြား ပြဿနာ ဖြစ်နေတာရယ် ဝက်ခြံတစ်လုံး ပျောက်ဖို့က အချိန်အတော်လေးပေးရတာရယ်ကြောင့်ပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ ဝက်ခြံကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကလည်း […]


ဝက်ခြံ

ဝက်ခြံက ပိုးဝင်နေတာလား..................

ဝက်ခြံ လူတိုင်းနဲ့ရင်းနှီးပြီးသားစကားလုံး။ အများစုနဲ့ ရင်းနှီးနေတဲ့ အရေပြားပြဿနာဟုတ်။ မျက်နှာမှာတင်မဟုတ်ဘဲ ခန္ဓာကိုယ်နေရာ တော်တော်များများမှာ ပေါက်တတ်ပါတယ်။ ဝက်ခြံကပေါက်ပြီး လွယ်လွယ်နဲ့ ပျောက်သွားလေ့မရှိသလို အခန့်မသင့်ရင် ပိုးဝင်တတ်ပါတယ်။ ပိုးဝင်တဲ့အခါ နောက်ဆက်တွဲ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ ရှိလာနိုင်ပါသေးတယ်။ ဒီပြဿနာတွေ ကင်းစေဖို့ ဝက်ခြံပိုးဝင်တာနဲ့ပတ်သက်ပြီး သိထားဖို့ လိုမယ် အကြောင်းအရာလေးတွေကို ပြောပြပေးမယ်နော်။ ဝက်ခြံပိုးဝင်ခြင်း ဆိုတာ Propionibacterium acnes လို့ခေါ်တဲ့ ဘက်တီးရီးယားက အရေပြားပေါ်မှာ  ရှင်သန်နေထိုင်ကြပါတယ်။ သူတို့က ပုံမှန်အတိုင်းဆိုရင် အရေပြားကို ထိခိုက်စေတာမျိုးလုံးဝ မရှိပေမယ့် အဆီဂလင်းတွေမှာ ဆဲလ်သေတွေ၊ ဖုန်မှုန့်တွေနဲ့ ပိတ်ဆို့သွားတဲ့အခါ ဘက်တီးရီးယား ပေါက်ဖွားမှုကို စတင်ပါတယ်။ ဒီလို ပေါက်ဖွားတဲ့အခါ ကိုယ်ခံအားက တုံ့ပြန်တိုက်ခိုက်ရာကနေ ရောင်ရမ်းနီရဲတဲ့ ဝက်ခြံတွေဖြစ်လာပါတယ်။ ဒါတွေက တဖြည်းဖြည်း ရောင်လာပြီး ကြီးသထက် ကြီးလာကြပါတယ်။ ဒီလိုအနေအထားမှာ […]


ဝက်ခြံ

လေ့ကျင့်ခန်းလုပ်ရင်း ဝက်ခြံတွေထွက်နေပြီလား……

ခန္ဓာကိုယ်လေးအဆီကျလှအောင် လေ့ကျင့်ခန်းလုပ်ပါတယ်။ ဝက်ခြံထွက်လာတာပဲ အဖက်တင်တယ်ဆိုတဲ့ သူတွေ ရှိလား…….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို မဖြစ်မနေဖတ်ကြည့်ဖို့လိုနေပါပြီ။ လေ့ကျင့်ခန်းလုပ်ရင် ဝက်ခြံထွက်နိုင်လား………… လေ့ကျင့်ခန်းလုပ်တာက ချွေးတော်တော်လေး ထွက်စေနိုင်ပါတယ်။ ချွေးထွက်တာနဲ့အတူ အဆီတွေ၊ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေလည်း အရေပြားပေါ်မှာ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကတွေက သင့်ကို ဝက်ခြံထွက်စေရတဲ့ အဓိက အကြောင်းအရင်းတွေပါ။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်နေချိန်မှာ အသားအရေကို သေချာလေး ဂရုမစိုက်မိဘူးဆိုရင် ဝက်ခြံတွေ ဖြစ်လာနိုင်ခြေက ပုံမှန်ထက် ပိုများနေနိုင်ပါတယ်။ ဒီတော့ လေ့ကျင့်ခန်းသာလုပ်ရတယ် ဝက်ခြံတွေပဲ အဖက်တင်လာတယ်ဆိုတဲ့ ဇာတ်လမ်းတွေ စလာတော့ တာပေါ့။ လေ့ကျင့်ခန်းလုပ်ရင် ဝက်ခြံပိုထွက်တယ်ဆိုတာ စိတ်ထင်နေတဲ့ကိစ္စ မဟုတ်သလို တိုက်ဆိုင်မှုသက်သက်လည်း မဟုတ်ပါဘူး။ ဒါက တကယ်ကို မှန်ကန်တဲ့ ဖြစ်ရပ်ပါ။ ဒီလိုဆိုတာနဲ့ ကျန်းမာရေးနဲ့ညီညွတ်အောင်လုပ်နေတဲ့ လေ့ကျင့်ခန်းကို မရပ်လိုက်ပါနဲ့။ လေ့ကျင့်ခန်းလုပ်ရင် ဝက်ခြံ မထွက်အောင် ဘာတွေ […]


ဝက်ခြံ

ဝက်ခြံကင်းဖို့ လေ့ကျင့်ခန်းလုပ်စို့

ဝက်ခြံတွေကြောင့် အလှပျက်ပြီး စိတ်ညစ်နေရပြီလား။ ဝက်ခြံကြောင့် ကိုယ့်ကိုယ့်ကို ယုံကြည်မှု အားနည်းနေပြီလား။ ဒါဆိုရင်တော့ ဒီဝက်ခြံတွေကို မောင်းထုတ်ဖို့ လေ့ကျင့်ခန်းလုပ်ရအောင်လား…… ဝက်ခြံတွေ ဘာကြောင့်ဖြစ်…………… ဝက်ခြံဖြစ်ရတဲ့ အကြောင်းအရင်း တစ်ခုမကရှိပါတယ်။ စိတ်ဖိစီးတာ ဟော်မုန်း အပြောင်းအလဲ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ နေ့စဉ် စားသောက်မှုပုံစံ အိပ်ရေးမဝတာ တွေကြောင့် ဝက်ခြံဖြစ်နိုင်ပါတယ်။ ဝက်ခြံ သက်သာစေဖို့ လေ့ကျင့်ခန်း လုပ်ပေးပါ ဝက်ခြံသက်သာစေဖို့ လေ့ကျင့်ခန်း လုပ်ပေးပါလို့ ပြောရတဲ့ အကြောင်းအရင်းကတော့ လေ့ကျင့်ခန်းလုပ်တဲ့အခါ သွေးစီးဆင်းမှု ကောင်းစေတယ် သွေးစီးဆင်းမှုကောင်းတဲ့အခါ အရေပြားဆဲလ်တွေနဲ့ ကိုယ်တွင်းအင်္ဂါတွေဆီကို အောက်ဆီဂျင် နဲ့ အာဟာရဓာတ်တွေ စီးဆင်းရောက်ရှိမှု ကောင်းစေပါတယ်။ ဒီလို စီးဆင်းရောက်ရှိမှု ကောင်းမွန်တာက အရေပြားအတွက် အကျိုးရှိတဲ့ ကော်လာဂျင်တွေ ထွက်ရှိမှုကို ကောင်းစေပြီး  အရေပြားဆဲလ်တွေကို ပတ်ဝန်းကျင်က အရာတွေကြောင့် ထိခိုက်မှု နည်းစေပါတယ်။ ဝက်ခြံအပြင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ […]


ဝက်ခြံ

ဝက်ခြံရှိသူလေးတွေအတွက် သင့်တော်တဲ့ Evening Primrose Oil

ဝက်ခြံ အကြောင်းကြားလိုက်ရရင် ကြီးကြီးမားမား ပြဿနာ မဟုတ်ဘူး ထင်ရပေမယ့် ဝက်ခြံက တော်ရုံနဲ့ မပျောက်တာတော့ အသေအချာပါ။ ဝက်ခြံပျောက်သွားခဲ့ရင်တောင်ကျန်နေခဲ့တဲ့ အမာရွတ်တွေက မှန်ကြည့်လိုက်တိုင်း စိတ်အနှောင့်အယှက် ဖြစ်စေတယ်နော်။ ဝက်ခြံကင်းတဲ့ အသားအရေကို ပိုင်ဆိုင်ထားရတာက ကံကောင်းခြင်းတစ်ခုဆိုတာကို ဝက်ခြံပေါက်ဖူးသူတိုင်း နားလည်မယ်ထင်ပါတယ်။ အစား မှားလိုက်လို့ ဒါမှမဟုတ် စိတ်ဖိစီးလို့၊ အိပ်ရေးပျက်လို့ ဆိုတဲ့ အကြောင်းအရင်း အမျိုးမျိုးရဲ့ နောက်မှာ ဝက်ခြံက ပေါက်လာတတ်စမြဲပါ။ လေဒီလေးတွေမှာဆိုရင် လစဉ်ကြုံရတဲ့ ပြဿနာ​ကြောင့် ကိုယ်တွင်းမှာ ဟော်မုန်းအပြောင်းအလဲဖြစ်ရင်လည်း ဝက်ခြံ ထွက်တတ်ပါသေးတယ်။ ဒီလို အကြောင်းအရင်းအမျိုးမျိုးနဲ့ ပေါက်နေတဲ့ ဝက်ခြံလေးတွေကို Evening primrose oil လေး သုံးပြီး တိုက်ထုတ်ကြည့်ရအောင်လား.......... Evening primrose oil ဆိုတာ ဘာလဲ.......... Evening primrose oil (EPO) […]


ဝက်ခြံ

ဂုတ်မှာပေါက်တဲ့ ဝက်ခြံ

ဝက်ခြံဆိုတာက ခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာ ပေါက်နိုင်ပါတယ်။ နေရာ ကွာခြားမှုအလိုက် ဂရုစိုက်ပေးရတာလည်း ကွာခြားနိုင်ပါတယ်။ ဒီတစ်ခေါက်တေ့ မျက်နှာမှာ မဟုတ်ဘဲ ဂုတ်မှာပေါက်နေတဲ့ ဝက်ခြံတွေ အကြောင်းလေးကို ဆွေးနွေးကြည့်ရအောင်လား.............. ဂုတ်မှာ ပေါက်တဲ့ ဝက်ခြံ လူတော်တော်များများက ဂုတ်မှာ ဝက်ခြံပေါက်တတ် ကြပါတယ်။ ပေါက်ရတဲ့ အကြောင်းအရင်းကလည်း အမျိုးမျိုးပါ။ ရောင်ရမ်းနေတဲ့ ဝက်ခြံတွေရှိနိုင်သလို၊ ခပ်မာမာဝက်ခြံတွေလည်း ရှိနိုင်ပါတယ်။ အရေပြားအောက်မှာဖြစ်နေတာဖြစ်ပြီး နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဂုတ်မှာပေါက်တဲ့ ဝက်ခြံက သိပ်မပြင်းထန်ဘူးဆိုရင် နေအိမ်မှာတင် ကုသတဲ့နည်းတွေနဲ့ ပျောက်ကင်းအောင် ကုသလို့ရပါတယ်။ ရက်အနည်းငယ်တော့ အချိန်ပေးရနိုင်ပါတယ်။ တကယ်လို့ ဝက်ခြံက အရမ်းနာမယ်။ ရက်သတ္တပတ်အနည်းငယ် ကြာတဲ့အထိ မပျောက်ကင်းဘဲ ဖြစ်နေမယ်ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ ပြ​ကြည့်ဖို့ ပြောပါရစေ။ ဘာတွေကများ ဂုတ်ပေါ်က ဝက်ခြံတွေကို ဖြစ်စေတာလဲ...... ဂုတ်ပေါ်မှာ ဝက်ခြံတွေ ဖြစ်စေတဲ့ အကြောင်းအရင်းကတော့ တစ်ခုမကပါဘူး။ […]


ဝက်ခြံ

ဦးရေပြားမှာပေါက်တဲ့ ဝက်ခြံလေးတွေ သက်သာစေဖို့

ဝက်ခြံက မျက်နှာမှာတင်ပေါက်တာမဟုတ်ပါဘူး။ ဆံစပ် နဲ့ ဦးရေပြားတွေမှာပါ ပေါက်ရောက်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဆံပင်တွေကြား ဦးရေပြားမှာ ပေါက်တဲ့ ဝက်ခြံတွေ စိတ်ညစ်နေရသူလေးတွေအတွက် ဒီ ဝက်ခြံတွေ သက်သာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော်။ ဘာကြောင့် ဦးရေပြားမှာ ဝက်ခြံပေါက်တာလဲ............. ဝက်ခြံ ဆိုတာက ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေမှာထက်  ဦးရေပြားမှာ ပေါက်ခဲပါတယ်။ ဦးရေပြားမှာ ဝက်ခြံပေါက်တာက ဖြစ်ခဲတယ်ဆိုပေမယ့် တော်တော်လေးတော့ ခံရခက်တာပါ။ ဦးရေပြားက ချွေးပေါက်တွေ ပိတ်ဆို့တာကြောင့် ဦးရေပြားမှာ ဝက်ခြံတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆံပင်ကို ပုံမှန်လျှော်မယ်။ ဆေးပါတဲ့ ခေါင်းလျှော်ရည်တွေနဲ့ လျှော်မယ်ဆိုရင် ဦးရေပြားက ဝက်ခြံတွေကို သက်သာစေမှာ အသေအချာပါ။ ဦးရေပြားက ဝက်ခြံတွေ သက်သာစေဖို့ အိမ်တွင်းကုထုံး အချို့ ဦးရေပြားက ဝက်ခြံတွေ သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို လက်တွေ့ကျကျ အသုံးချသင့်ပါတယ်။ ခရမ်းချဉ်သီး အရည် ခရမ်းချဉ်သီးက […]


ဝက်ခြံ

မျက်နှာပေါ်က ဆားဝက်ခြံတွေကို ဘယ်လိုအထိရောက်ဆုံးဖယ်ရှားကြမလဲ

ဆားဝက်ခြံဆိုတာ အဖြစ်အများဆုံးဝက်ခြံပုံစံတွေထဲက တစ်ခုပါ။ ဆားဝက်ခြံတွေရှိနေရင် အသားအရည်ရဲ့ လှပချောမွတ်မှုကို ထိခိုက်စေသလို မိတ်ကပ်လိမ်းလို့လဲ မကောင်းပါဘူး။ အဆီပြန်တဲ့အသားအရေရှိတဲ့သူတွေမှာ ဆားဝက်ခြံဖြစ်တာပိုများပေမယ့် ဘယ်လိုအသားအရေ အမျိုးအစားရှိသူမဆို ဆားဝက်ခြံဖြစ်နိုင်ပါတယ်။ ဆဲလ်အသေတွေနဲ့ အဆီဂလင်းက အဆီပိုတွေပေါင်းစုမိပြီး ဆားဝက်ခြံဆိုတာဖြစ်လာတာပါ။ ရိုးရိုးဝက်ခြံနဲ့မတူတာက ရိုးရိုးဝက်ခြံတွေဟာ ထိပ်ဖက်မှာအပိတ်ဖြစ်ပြီး ဆားဝက်ခြံရဲ့ မျက်နှာပြင်ကတော့အပွင့်ပါ။ ဒါကြောင့် ပြင်ပလေထုနဲ့ဓာတ်ပြုပြီး ဆားဝက်ခြံကအမည်းရောင်ဖြစ်နေတာပါ။ ဆားဝက်ခြံတွေကို လက်နဲ့ညှစ်ထုတ်တာက လွယ်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်တာက အရေပြားကိုအမာရွတ်ထင်စေပြီး ပျက်စီးစေပါတယ်။ အကြည့်ရဆိုးပြီး အနှောင့်အယှက်ပေးလှတဲ့ ဆားဝက်ခြံတွေကို ဘယ်လိုတိုက်ထုတ်မလဲဆိုတာ ကြည့်ကြရအောင်။  (၁) ဆားဝက်ခြံကပ်ခွာတွေနဲ့ အိမ်သုံးဆားဝက်ခြံထုတ်နည်းတွေကို မေ့လိုက်ပါ။  စျေးကွက်ထဲမှာရှိတဲ့ တချို့သော ဆားဝက်ခြံကပ်ခွာတွေနဲ့ mask တွေဟာ ခဏတော့ အသုံးဝင်ကောင်းဝင်ပါလိမ့်မယ်။ ဒါပေမယ့် သင့်အသားအရည်ကို အကျိူးပြုတဲ့ ပစ္စည်းတွေကိုပါ သူကဖယ်ရှားပစ်တာပါ။ ဥပမာ သဘာဝအဆီတွေနဲ့ မျက်နှာပြင်ကမွေးညင်းတွေလိုမျိုး။ အညစ်အကြေးသာမက […]


ဝက်ခြံ

နဖူးမှာမှ ရွေးပေါက်တဲ့ ဝက်ခြံလေးတွေ

ဝက်ခြံတဲ့၊ နာမည်လည်း မလှသလို အမြင်လည်း မလှဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု မဲ့စေတယ်။ မတော်တဆ သွားထိမိလို့ ပွန်းပဲ့သွားခဲ့ရင်လည်း နောက်ထပ် ဝင်လာမယ့် အရေပြား ပြဿနာတွေက နည်းတာမဟုတ်။ အဲ့သလို စိတ်ညစ်စရာ ကောင်းတဲ့ ဝက်ခြံတွေဆိုတာလည်း လူပျို၊ အပျို ဘဝကတည်းက ပေါက်လာလိုက်တာ အသက် ၂၀၊ ၃၀ ရောက်တာတောင် ပေါက်နေတုန်းပဲနော်။ ဝက်ခြံဆိုတိုင်း ညှစ်သင့်လား။ တချို့တွေက ပြောတယ်၊ ဝက်ခြံပေါက်နေရင် ရုပ်ပိုဆိုးတာပေါ့၊ ညှစ်လိုက်မှ မြန်မြန်ပျောက်သွားမှာလေ ဆိုပြီး ကိုယ်တိုင်ညှစ်ရင်ညှစ်၊ မညှစ်ရင်လည်း တခြားသူတွေကို ညှစ်ဖို့ အကြံပေးတတ်ကြသေးတယ်နော်။ တကယ်တော့ ပေါက်နေတဲ့ ဝက်ခြံကို ညှစ်တယ်ဆိုတာ ဝက်ခြံမပေါက်အောင် ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုတော့ လုံးဝ မဟုတ်ပါဘူး။ ဒါ့အပြင် မသန့်ရှင်းတဲ့လက်နဲ့ ညှစ်မိလိုက်တဲ့အခါ လက်မှာရှိတဲ့ ရောဂါပိုးက အနာထဲကို […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း