ဝက်ခြံ

ဝက်ခြံ သည် အဖြစ်များသည့် အရေပြားပြဿနာ ဖြစ်သည့်အတွက် ဝက်ခြံမဖြစ်အောင် နေထိုင်သားသောက်ပုံများ၊ ဝက်ခြံအမာရွတ်သက်သာအောင် ကုသနည်းများကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဝက်ခြံ

ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ

အိမ်တွင်းနည်းလမ်းဆိုတာက သဘာဝပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို ဆိုလိုတာပါ။ Home remedies တွေပေါ့။ ဒါတွေက သဘာဝကရတယ်ဆိုပေမယ့် အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဝက်ခြံထွက်လာတဲ့အခါ ဝက်ခြံကို အိမ်ကရှိတဲ့ ပစ္စည်းတွေနဲ့ ဟိုတို့ ဒီအုံလုပ်တတ်သူတွေအတွက် ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ က ဘာတွေလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ (၁) သွားတိုက်ဆေး ဝက်ခြံပေါ်လာရင် သွားတိုက်ဆေးတို့တာက လူကြီးတွေလက်ထက်တည်းက လုပ်လာတဲ့ အကျင့်တစ်ခုပါ။ ပိုးသေစေတယ်ဆိုတဲ့ ယူဆချက်ပေါ့။ တချို့ လေ့လာချက်တွေအရလည်း Triclosanလို့ခေါ်တဲ့ ဓာတုပစ္စည်းက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကို သေစေတယ်ဆိုတဲ့ အဆိုပြုချက်တွေလည်း ရှိနေပါတယ်။ တကယ့်လက်တွေ့မှာတော့ Triclosanကို ရေရှည်အသုံးပြုမယ်ဆိုရင် စိတ်ချရမှုနဲ့ ပိုးသတ်ဆေး ယဉ်ပါးတာတွေ ဖြစ်နိုင်လို့ US အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ၂၀၁၇မှာ ဆပ်ပြာ၊ သွားတိုက်ဆေး […]

ဝက်ခြံ ကို ရှာဖွေမည်။

ဝက်ခြံ

မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံဆိုတာ

မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံဆိုတာ ဘာလဲ။ ဘယ်လိုတွေ ခံစားရနိုင်လဲဆိုတာကို သိပြီးပြီလား! ဝက်ခြံလို့ ဆိုလိုက်ရင် လူတိုင်းက အရေပြားပေါ်က နီနီရဲရဲ နဲ့ ထိပ်နားမှာ ပြည်လိုလေး စုနေတဲ့ ဖုတွေကိုပဲ ပြေးမြင်ကြမယ် ထင်ပါတယ်။ တကယ်ကတော့ ဝက်ခြံက ဒီတစ်မျိုးတည်း မဟုတ်ပါဘူး။ ဆားဝက်ခြံလို့ခေါ်တဲ့ အဆံ မည်းမည်းလေးတွေ ထွက်တာမျိုး ရှိသလို အခုပြောပြမယ့် မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံလေးတွေလည်း ရှိပါတယ်။ မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံကို အများစုက အဆီဖုလေးတွေနဲ့ မှားတတ်ကြပါတယ်။ ဒီတော့ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။ မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံဆိုတာ လူတော်တော်များများက မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုတာ အခြား ဝက်ခြံတွေနဲ့ မတူသလို ကုသတဲ့ နည်းလမ်းလည်း မတူဘူးဆိုတာကို မသိကြပါဘူး။ ပုံမှန် ဝက်ခြံအတွက် […]


ဝက်ခြံ

မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံရှိသူတွေ သိထားဖို့လိုမယ့် အချက်လေးများ

မျက်နှာပေါ်မှာ အဖု သေးသေးလေးတွေ အများကြီး ပေါက်နေတယ်။ အဆီဖုလေးတွေ ထင်တယ်။ ဒါပေမယ့် ညှစ်လိုက်ရင် အဆံဖြူဖြူလေးတွေ ထွက်တယ်။ ယားလည်း ယားတယ် ဆိုရင်တော့ အဆီဖု မဟုတ်ပါဘူး။ အရေပြားမှာ ဖြစ်တတ်တဲ့ မှိုပိုး တစ်မျိုးကြောင့် ဖြစ်လာတဲ့ ဝက်ခြံလည်း ဖြစ်နိုင်ပါတယ်။ ဒီ ဝက်ခြံလေးတွေက အခြား ဝက်ခြံတွေနဲ့ မတူသလို ကုသတဲ့ နည်းလမ်းလည်း မတူကြပါဘူး။ ထိန်းသိမ်းမှု လုပ်ရတဲ့ ပုံကလည်း မတူကြပါဘူး။ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံရှိသူတွေ သိထားဖို့လိုမယ့် အချက်လေးများ အကြောင်းကို အတူတူ လေ့လာလိုက်ရအောင်နော်။ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံရှိသူတွေ သိထားဖို့လိုမယ့် အချက်လေးများ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံရှိသူတွေ သိထားဖို့လိုမယ့် အချက်လေးတွေ ကတော့ အောက်ပါ အတိုင်းပါ။ အများစု ကတော့ ပုံမှန် ဝက်ခြံအတွက် သုံးတဲ့ အသားအရေ […]


ဝက်ခြံ

ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ဒီလို ထိန်းသိမ်းပါ။

ဆောင်းကာလက အသားအရေအတွက် ခက်ခဲတဲ့ ရာသီဥတု တစ်ရပ်ပါ။ ဆောင်းရာသီမှာ ခြောက်သွေ့မှု များတာကြောင့် အသားအရေရဲ့ အစိုဓာတ် ထိန်းသိမ်းနိုင်စွမ်းကို ထိခိုက်စေနိုင်သလို ခြောက်သွေ့မှုတွေကို ဖြစ်စေနိုင်ပါတယ်။ သာမန် အသားအရေ အတွက်တောင် ခက်ခဲတဲ့ ဆောင်းကာလက ဝက်ခြံ ဖြစ်လွယ်သူတွေ အတွက်တော့ တော်တော်လေး ခက်ခဲမယ့် အခိုက်အတန့်ပါ။ ဒီတော့ ဆောင်းရာသီမှာ ဝက်ခြံတွေ ပိုဆိုးမလာအောင် ဘယ်လိုများ အသားအရေ ထိန်းသိမ်းရမလဲလို့ စဉ်းစားနေပြီလား............... ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ထိခိုက်မှု ကင်းစေဖို့ ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ထိန်းသိမ်းဖို့ဆိုရင် မျက်နှာသစ်ဆေး ပြောင်းပါ။ ဆောင်းရာသီမှာ အသားအရေက ကျန်တဲ့ ရာသီတွေထက် ထိခိုက် လွယ်ပါတယ်။ ဒါ​ကြောင့် အသားအရေကို ထိခိုက်မှု ကင်းစေဖို့ ဆိုရင် အသားအရေကို ထိခိုက်မှု ကင်းပြီး အကောင်းဆုံး သန့်စင်ပေးနိုင်မယ့် မျက်နှာသစ်ဆေး […]


ဝက်ခြံ

ဝက်ခြံရှိသူတိုင်း စားပေးသင့်တဲ့ အသီးများ

ဝက်ခြံ ကြားရတာတောင် စိတ်ကုန်နေပြီ။ ဝက်ခြံ တွေသက်သာချင်လိုက်တာဆိုတဲ့ ဆန္ဒက ဝက်ခြံအဖြစ်လွယ်တဲ့ အသားအရေ ပိုင်ဆိုင်ထားသူတိုင်းမှာ ရှိပါတယ်။ ဒီတစ်ခါတော့ ဝက်ခြံ ခဏခဏဖြစ်နေလို့ စိတ်ညစ်နေရသူလေးတွေအတွက် ဝက်ခြံ သက်သာစေမယ့် အသီးလေးတွေက ဘာလေးတွေလဲဆိုတာကို ပြောပြပေးမယ်နော်။ ဝက်ခြံ သက်သာစေဖို့ စားပေးသင့်တဲ့ အသီးလေးတွေက ဘာတွေလဲ............. မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်က ဝက်ခြံတွေကို သက်သာစေဖို့ဆိုရင် သခွားမွှေး သခွားမွှေးက အသားအရေကို ချောမွတ်နုပျိုစေမယ့် လျှို့ဝှက်ပါ။ သခွားမွှေးမှာ ဗီတာမင် A  ပါဝင်နေတာကြောင့် ဆဲလ်တွေ အသစ်ဖြစ်ပေါ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ သခွားမွှေးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် အသားအရေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ပျက်စီးတာကနေ ကာကွယ်ပေးပါတယ်။ ဝက်ခြံတွေကို သက်သာစေသလို အရေပြားပြဿနာ အမျိုးမျိုးကိုလည်း သက်သာစေနိုင်ပါတယ်။ လိမ္မော်သီး  လိမ္မော်သီးကလည်း သခွားမွှေးလိုပဲ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အသီးပါ။  လိမ္မော်သီးက အသားအရေ ကျန်းမာရေးကို အတော်လေး […]


ဝက်ခြံ

ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ဒါတွေ စားပါ။

မျက်နှာပေါ်က ဝက်ခြံတွေတော့ သက်သာသွားပါရဲ့။ ဝက်ခြံအမာရွတ်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ဆုံးရှုံးပြီး မှန်ကြည့်မိတိုင်း စိတ်ညစ်နေရတဲ့သူလေးတွေ ရှိလား။ ဝက်ခြံအမာရွတ်တွေက အလှပျက်စေရုံတင် မကပါဘူး။ ယုံကြည်မှုကိုလည်း ပျက်စီးစေပါတယ်။ ဒီလို ယုံကြည်မှု ပျက်စီးစေတဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေဖို့ စားပေးရမယ့် အစားအစာလေးတွေ ရှိပါတယ်။ ဘယ်လို အစားအစာလေးတွေ စားပေးရင် ဝက်ခြံ အမာရွတ်တွေ သက်သာစေမလဲဆိုတာကို သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ဝက်ခြံ အမာရွတ်တွေ သက်သာစေဖို့ ဒါတွေ စားပါ။ အလှပျက်စေတဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေဖို့ဆိုရင် ပန်းဂေါ်ဖီ ပန်းဂေါ်ဖီမှာ အမျှင်ဓာတ် ဗီတာမင် B6 ဗီတာမင် C ဗီတာမင် K ဖောလိတ် မဂ္ဂနီဆီယမ် phosphorus တို့ ပါဝင်နေပါတယ်။ ပန်းဂေါ်ဖီမှာ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ histidine ပါဝင်နေပါတယ်။ ဒီအက်ဆစ်က […]


ဝက်ခြံ

အဆီပြန်ပြီးဝက်ခြံပေါက်လွယ်သော T-zone ကို ဘယ်လိုဂရုစိုက်ကြမလဲ။

ကျွန်ုပ်တို့ရဲ့ အရေပြားမှာ ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်ဖို့နဲ့ ရေဓာတ်ဖြည့်ပေးနိုင်ဖို့အတွက် အဆီတွေ ထုတ်ပေးနိုင်တဲ့ အဆီဂလင်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ အဆီဂလင်းတွေတွေက လိုအပ်တာထက်ပိုပြီး အများကြီးထွက်လာလာတဲ့အခါ ဝက်ခြံတွေကို ဖြစ်လာစေပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အတွက် အဆီပြန်တတ်တဲ့သူတွေ၊ အသားခြောက်တတ်တဲ့သူတွေ၊ ပေါင်းစပ်အသားအရေရှိတဲ့သူတွေ စသဖြင့် အသားအရေ အမျိုးမျိုးကွဲပြားကြပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဆီပြန်တတ်တဲ့ အသားအရေရှိတဲ့သူတွေရော၊ ပေါင်းစပ်အသားအရေရှိတဲ့သူတွေရောမှာ အဖြစ်များတဲ့ T-zone တဝိုက်မှာ သာမာန်ထက် ပိုပြီး အဆီပြန်၊ ဝက်ခြံတွေထွက်တဲ့ ပြသနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးသွားပါမယ်။ T-zone ဆိုတာဘာလဲ။ T-zone ဆိုတာကတော့ နှဖူး၊ နှာခေါင်းနဲ့ မေးစေ့တို့ပါဝင်တဲ့ မျက်နှာရဲ့ T ပုံစံဖြစ်နေတဲ့ နေရာကိုခေါ်ပါတယ်။ မျက်နှာရဲ့ အခြားအစိတ်အပိုင်းတွေထက် T-zone က အဆီထုတ်တဲ့ ဂလင်းတွေအများကြီးပိုရှိတာကြောင့် […]


ဝက်ခြံ

ဝက်ခြံ နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ

ဝက်ခြံ ဆိုတာ အဖြစ်အများဆုံး အရေပြားပြဿနာတွေထဲက တစ်ခုပါ။ ဝက်ခြံနဲ့ ပတ်သက်လို့ ဘာကြောင့်ဖြစ်တာလဲဆိုတာရော၊ ဘယ်လိုကုရတယ်ဆိုတာရော ယုံတမ်းစကားတွေ အများကြီးပါပဲ။ ဒီနေ့တော့ ဒါလေးတွေကို နည်းနည်းလောက်ဖြေရှင်းကြည့်ရအောင်။ ဝက်ခြံ ဘာကြောင့်ဖြစ်တာ အရင်ဆုံး ဝက်ခြံဘာကြောင့်ဖြစ်တာလဲက စပြီး လေ့လာကြည့်ရအောင်။ ပြီးမှ ဖြစ်နိုင် မဖြစ်နိုင်စဉ်းစားကြတာပေါ့။ ဝက်ခြံဆိုတာ မျက်နှာ အဆီထွက်များတာ မွေးညင်းပေါက်တွေကို အဆီနဲ့ ဆဲလ်သေတွေ ပိတ်တာ ဘက်တီးရီးယားပိုးဝင်တာ ဟော်မုန်းတွေ များလွန်းတာ (အထူးသဖြင့် အန်ဒရိုဂျင်) ဒါတွေက ဝက်ခြံဖြစ်စေတဲ့ အခြေခံအကြောင်းတွေပါပဲ။ ဒီအကြောင်းတွေကို ဖြစ်စေတဲ့ အပြုအမူတွေက ဝက်ခြံဖြစ်စေတာပဲပေါ့။ ဝက်ခြံနဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ  အသက်ကြီးလာရင် ဝက်ခြံမထွက်တော့ဘူး။ ဝက်ခြံဆိုတာ ဆယ်ကျော်သက်တွေနဲ့ပဲ ဆိုင်တဲ့အရာလို့ သတ်မှတ်ကြပါတယ်။ တကယ်တော့ အသက် ၃၀၊ ၄၀၊ ၅၀ အထိ ဝက်ခြံဆိုတာ ထွက်နိုင်သေးတာပါပဲ။ အပေါ်က […]


ဝက်ခြံ

ကျော နဲ့ ခါးမှာ ပေါက်တဲ့ ဝက်ခြံ ဘယ်လိုကုသကြမလဲ

ဝက်ခြံ မှန်သမျှဟာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာ၊ ဘယ်အစိတ်အပိုင်းမှာပဲ ပေါက်နေပါစေ၊ အဆီပိုတွေ ထွက်ရှိခြင်း၊ ချွေးပေါက်ပိတ်ဆို့ခြင်း၊ ဘက်တီးရီးယားပိုးတွေ ရှိခြင်း၊ အရေပြားရောင်ရမ်းခြင်း တို့ကြောင့် ဖြစ်ရတာ များပါတယ်။ ဆားဝက်ခြံ ၊ ဝက်ခြံဖု အားလုံးက အကြောင်းရင်းတွေက တူတူပါပဲ။ လေ့လာမှုတွေအရ ခန္ဓာကိုယ်မှာ ချွေးပေါက်တွေ ပိတ်နေတာ၊ ဆဲလ်သေတွေ ရှိနေတာနဲ့ ခန္ဓာကိုယ်က ထွက်တဲ့ သဘာဝအဆီတွေက ချွေးပေါက်တွေထဲ ပိတ်မိနေတာတွေက ဘက်တီးရီးယား ပေါက်ဖွားလွယ်စေပြီး ဝက်ခြံတွေ ဖြစ်လာစေပါတယ်။ ခန္ဓာကိုယ် အနှံ့က ဝက်ခြံ ဒီတော့ ဝက်ခြံဆိုတာ မျက်နှာ မှာပဲ ထွက်တတ်တာ မဟုတ်ဘူး ဆိုတာ ရှင်းနေပါပြီ။ မဖြစ်တဲ့သူလည်း မဖြစ်ဘူး ဆိုပေမယ့် တချို့မှာတော့ ကျော သို့မဟုတ် ခါး မှာ အနည်းဆုံး ဆားဝက်ခြံလေးတွေ လောက်တော့ […]


ဝက်ခြံ

ကိုယ့်မျက်နှာမှာမှ ဝက်ခြံ ဘာလို့ မပြတ်ရတာလဲ

ဝက်ခြံ ဆိုတာ လူတိုင်း‌ ဖြစ်ဖူးကြတဲ့ အသားအရေ ပြဿနာ တစ်ခုပါ။ မျက်နှာကို ခဏခဏ ထိတွေ့လို့၊ အသားအရေ ဂရုမစိုက်လို့၊ ဆယ်ကျော်သက် မို့လို့ စတဲ့ အကြောင်းကြောင်း ပေါင်းများစွာနဲ့ ဝက်ခြံပေါက်လေ့ ရှိကြပါတယ်။ ဒါပေမယ့် ကိုယ့်ကျမှ ဘာလို့ တခြားသူတွေထက် ဝက်ခြံ ပိုပေါက်နေတာလဲ ဒါမှမဟုတ် သူများလို အချိန်တန်လည်း ပျောက်မသွားဘဲ အလျင်မပြတ် ဝက်ခြံမွေးထားသလို ဖြစ်နေရတာလဲ။ ဒီမေးခွန်းတွေကို အဖြေရှာဖို့အတွက် ဝက်ခြံ ကို နောက်ကွယ်က ပံ့ပိုးနေတဲ့ အကြောင်းရင်းခံတွေကို လေ့လာကြည့်ရအောင်… ဟော်မုန်း အပြောင်းအလဲ ဟော်မုန်း အပြောင်းအလဲတွေက ဝက်ခြံ ပိုပေါက်စေတဲ့ အဓိက အတွေ့အများဆုံး အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲက လူပျိုအပျိုဝင်စအချိန် ဒါမှမဟုတ် အရွယ်ရောက်ပြီးသူတွေမှာတောင်မှ ဖြစ်နိုင်ပါတယ်။ လူပျို ၊ အပျိုဖော်ဝင်ချိန် ပျိုဖော်ဝင်ချိန်ရောက်ပြီဆို ခန္ဓာကိုယ်မှာ Androgen […]


ဝက်ခြံ

ဝက်ခြံဖြစ်ဖို့ အားပေးသော အစားအစာများ

ဝက်ခြံထွက်ခြင်းဟာ ကြီးမားတဲ့ ပြဿနာမဟုတ်ပေမယ့် လူတစ်ဦးကို စိတ်အနှောင့်အယှက် ကောင်းကောင်းပေးနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ဝက်ခြံများလာခြင်းဟာ လူတစ်ဦးရဲ့ အသွင်အပြင် ယုံကြည်မှုကိုလည်း ထိခိုက်စေတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဝက်ခြံဖြစ်စေတဲ့ အကြောင်းအရာများစွာ ရှိပါတယ်။ မွေးညှင်းပေါက်ပိတ်ခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ ဘက်တီးရီးယားပိုးဝင်ခြင်း စတဲ့အကြောင်းအချက်တွေကြောင့် ဝက်ခြံများ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီအချက်တွေထဲမှာ အစားအသောက်လည်း ပါဝင်ကြောင်း သုတေသီများက ယုံကြည်ခဲ့ကြပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ဝက်ခြံဖြစ်နိုင်ခြေကို ပိုမိုအားပေးနေတဲ့ အစားအသောက်တွေအကြောင်း ဖြစ်ပါတယ်။ ၁။ စားကောင်းအောင်ပြုလုပ်ထားတဲ့ အစေ့အဆန်များနှင့် သကြားများ သုတေသနအချို့အရ ဝက်ခြံအထွက်များသူများဟာ စားကောင်းအောင် ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်ကို ပိုမိုစားသုံးကြကြောင်း သိရပါတယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေကို - ဂျုံမှုန့်အဖြူဖြင့် ပြုလုပ်ထားသော ပေါင်မုန့်အနု၊ ခရက်ကာ၊ အချိုတည်းစားစရာများ - ဆန်ချော၊ ဆန်ခေါက်ဆွဲ - ဆိုဒါနှင့် အချိုရည်များ - ကြံသကာ၊ ပျားရည် စသည့် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်