ထောပတ်သီးနဲ့ အလွယ်တကူ မျက်နှာပေါင်းတင်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 18, 2020 . 2 mins read
Share now

ထောပတ်သီးဟာ ကျန်းမာရေးအတွက် အကျိုးပြုရုံသာမက အရေပြားကိုလည်း ဝင်းပစိုပြည်စေတာကြောင့် အလှအပေရးရာပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုလာကြပါတယ်။

ထောပတ်သီးဟာ အသားအရေကို ဝင်းပကြည်လင်စေတယ်။ ဝက်ခြံတွေကို သကသ်သာစေတဲ့အပြင် ထပ်ပြီး ဖြစ်မလာအောင် တားဆီးပေးနိုင်တယ်။ ခြောက်သွေ့နေတဲ့ အသားအရေကို အိစက်ညက်ညောစေတယ်။ အရွယ်တင်နုပျိုေစတယ်။ အသားအရေကိုလည်းဘေးထွက်ဆိုးကျိုးတွေ မဖြစ်စေပါဘူး။

ဒါကြောင့် အခုလို အေးမြတဲ့ ဆောင်းရာသီမှာ အိမ်မှာပဲ အလွယ်တကူ အသားအရေ ထိန်းသိမ်းချင်တဲ့ ပျိုမေတွေအတွက် ထောပတ်သီး Mask ပြုလုပ်နည်းတွေ အမျိုးမျိုးကို ပြောပြပေးမယ်နော်။

၁။ အစိုဓါတ်ထိန်းပေးမယ့် ထောပတ်သီးနဲ့ ပျားရည် Mask

လိုအပ်တဲ့ ပစ္စည်းတွေကတော့ ထောပတ်သီးတစ်လုံး၊ ပျားရည်တစ်ဇွန်း၊ ရေနွေး ၂ဇွန်းပဲဖြစ်ပါတယ်။

အရင်ဆုံး မှည့်နေတဲ့ ထောပတ်သီး တစ်လုံးကို ခက်ရင်းနဲ့ဖြစ်စေ၊ ဇွန်းနဲ့ဖြစ်စေ ညက်နေအောင် ခြေပါ။ ပျားရည်ကို ရေနွေးထဲမှာ ထည့်ဖျော်လိုက်ပါ။ ပြီးမှ ကြေနေတဲ့ ထောပတ်သီးထဲကို ပျားရည်ထည့်ပြီး သမအောင် မွှေပါ။ မျက်နှာပေါ်မှာ ၁၀ မိနစ်ခန့် ထားပြီးရင် ရေနွေးနဲ့ သေချာသန့်စင်ပေးပါ။

ဒီနည်းလမ်းဟာ အသားအရေကို သဘာဝအတိုင်း အစိုဓါတ်ထိန်းပေးနိုင်တယ်။ အသားအရောင်မညီတာတွေ၊ မွဲခြောက်နေတာကိုလည်း သက်သာစေပြီး ဝင်းပကြည်လင်စေပါတယ်။

၂။ ဝက်ခြံပျောက်ချင်သူတွေအတွက် ထောပတ်သီးနဲ့ ဒိန်ချဉ် Mask

ပါဝင်ပစ္စည်းတွေက ထောပတ်သီးတစ်စိတ်၊ သဘာဝဒိန်ချဉ် ၁ဇွန်းဖြစ်ပါတယ်။

ထောပတ်သီးကို သေချာကြေညက်အောင် ချေပါ။ ပြီးရင် ဒိန်ချဉ်တစ်ဇွန်းနဲ့ သမအောင် မွှေပါ။ ပျားရည်တစ်ဇွန်း ထပ်ရောရင်လည်း အဆင်ပြေပါတယ်။ ထောပတ်သီးအနှစ်ကို မျက်နှာပတ်ပတ်လည်မှာ သုတ်လိမ်းပြီး ၁၀မိနစ်ခန့် ထားထားပါ။ ပြီးသွားမှ ရေနွေးနဲ့ ပြန်လည်သန့်စင်ပေးပါ။

ဒီနည်းလမ်းကို ပုံမှန်လုပ်ပေးသွားမယ်ဆိုရင် ဝက်ခြံနဲ့ အမာရွတ်တွေကို သက်သာပျောက်ကင်းစေတဲ့အပြင် ဘက်တီးရီးယားပိုးတွေကိုလည်း သေစေလို့ ဝက်ခြံထပ်မပေါက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေခြောက်သူတွေအတွက်လည်း အသုံးပြုလို့ ရပါတယ်။

၃။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် ထောပတ်နဲ့ ငှက်ပျောသီး Mask

ဒီ Mask ကို ပြုလုပ်ဖို့အတွက် မှည့်နေတဲ့ ထောပတ်သီး တစ်လုံး၊ ငှက်ပျောသီး တစ်လုံးနဲ့ ကြက်ဥအနှစ် တစ်လုံး လိုအပ်ပါတယ်။

ပထမဦးစွာ ထောပတ်သီးနဲ့ ငှက်ပျောသီးကို သေချာကြေညက်အောင် ချေပါ။ ပြီးသွားရင် ကြက်ဥအနှစ်နဲ့ သေချာမွှေပြီး ရလာတဲ့ အနှစ်ကို မျက်နှာနေရာအနှံ့မှာ သုတ်လိမ်းပြီး ထားထားလိုက်ပါ။ ၁၅ မိနစ်ခန့်နေရင် ရေနွေးနဲ့ သန့်စင်အောင် ဆေးကြောပေးလိုက်ရုံပါပဲ။

အဆီပြန်တဲ့ မျက်နှာပိုင်ရှင်တွေအတွက် အထူးသင့်လျော်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ချွေးပေါက်ထဲမှာ ပိတ်ဆို့နေတဲ့ အဆီအညစ်အကြေးတွေ၊ ဖုန်မှုန့်တွေကို သန့်စင်ပေးနိုင်ပြီး အသားအရေကို ဝင်းပကြည်လင်စေပါတယ်။

ဒီနည်းလမ်းတွေ မဟုတ်ပဲ ထောပတ်သီးကို လှီးစိတ်ပြီး ခြောက်သွေ့နေတဲ့ မျက်နှာပေါ် ကပ်ထားမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီး စားပါ

ဗီတာမင်နဲ့ သက်စောင့်ဓာတ် ၂၀ ကျော်ပါရှိနေတဲ့ ထောပတ်သီးစား တာဟာ ကိုယ်အလေးချိန် လျော့ကျစေတာအပြင် သွေးတိုးကျစေတာလိုမျိုး အကျိုးကျေးဇူးတွေကိုလည်း ပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

ဝက်ခြံဖြစ်လွယ်သူတွေအတွက် အသားအရေကို အထိရောက်ဆုံး ထိန်းပေးနိုင်မယ့် သဘာဝပစ္စည်းလေးတစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။ ဒါကတော့...........

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ပန်ကရိယ ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ အင်ဆူလင် ဟော်မုန်းကို မထုတ်နိုင်တော့ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် သွေးချိုဆီးချို ဖြစ်လာပါတော့တယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အူလေး ကျန်းမာစေဖို့ ဒါတွေစားပါ

စားလိုက်တဲ့ အစာအာဟာရတွေကို နံရံတွေကနေ စုပ်ယူပေးပြီး ခန္ဓာကိုယ် အားဖြစ်စေဖို့ ထောက်ပံ့ပေးနေတဲ့ ကိုယ်တွင်း အစိတ်အပိုင်းလေးရှိပါတယ်။ ဒါကတော့ အူလေးတွေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
eat for sleep debt

ညအိပ်ရေးပျက် လို့ စိတ်ပန်းလူပန်းဖြစ်နေရင် ဒါတွေစားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
ချစ်တင်းမနှောခင် စားစေချင်

ချစ်တင်းမနှောခင် စားစေချင်

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 27, 2021 . 2 mins read
ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။

ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 3 mins read