backup og meta

ဝက်ခြံတွေ ဘာကြောင့် ကောက်ခါငင်ခါ ထွက်လာကြသလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 05/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံတွေ ဘာကြောင့် ကောက်ခါငင်ခါ ထွက်လာကြသလဲ

    ဝက်ခြံ ဆိုတာက လူတိုင်းလိုလို ဖြစ်တတ်ကြတဲ့ အရေပြား ပြဿနာ တစ်မျိုးပါ။ အဖြစ်အများဆုံး အရေပြား ပြဿနာ ဆိုလည်း မမှားပါဘူး။ ဒါပေမယ့် ဝက်ခြံက အရွယ်တိုင်းမှာ ဖြစ်နေတာ မဟုတ်သလို အချိန်တိုင်း ပေါက်နေတာတော့လည်း မဟုတ်ပါဘူး။

    ဝက်ခြံက ဆယ်ကျော်သက် အရွယ်မှာ အဖြစ်များပါတယ်။ များသောအားဖြင့် အသက် ၂၀ ကျော်လာပြီဆိုရင် ဝက်ခြံ ဖြစ်တာက တဖြည်းဖြည်း နည်းလာပါတယ်။ နောက်တစ်ချက်က ဝက်ခြံ ဖြစ်လွယ်တဲ့ အသားအရေ ပိုင်ရှင်တွေက လွဲရင် ပုံမှန် အသားအရေ ရှိသူတွေမှာ သက်လတ်ပိုင်းရောက်မှ ဝက်ခြံပေါက်တာက ဖြစ်ခဲတဲ့ ကိစ္စပါ။

    ဒီတစ်ခေါက်တော့ ဆယ်ကျော်သက်လည်း မဟုတ်ပါဘဲနဲ့ ဝက်ခြံတွေ ဘာကြောင့် ကောက်ခါငင်ခါ ထွက်လာကြသလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

    ဝက်ခြံတွေ ဘာကြောင့် ကောက်ခါငင်ခါ ထွက်လာကြသလဲ

    ဝက်ခြံတွေ ဘာကြောင့် ကောက်ခါငင်ခါ ထွက်လာကြသလဲ

    ဆယ်ကျော်သက် မဟုတ်ဘဲနဲ့ ဝက်ခြံတွေ ဘာကြောင့် ကောက်ခါငင်ခါ ထွက်လာကြသလဲ ဆိုတော့ ဒီအချက်လေးတွေကြောင့်ပါနော်။ ဘာအချက်တွေများ ဖြစ်မလဲ

    (၁) ဟော်မုန်း

    ဟော်မုန်းက အသားအရေ ကျန်းမာလှပမှုအပေါ်မှာ အများကြီး သက်ရောက်နေတဲ့ အချက်တစ်ခုပါ။ ကိုယ်တွင်းမှာ estrogen၊ progesterone နဲ့ testosterone ဟော်မုန်းပမာဏတွေ ပြောင်းလဲတာက ရုတ်တရက် ဝက်ခြံဖြစ်စေတဲ့ အကြောင်းအရင်း တစ်ခုပါ။ လေဒီလေးတွေမှာဆိုရင် သန္ဓေတားဆေး သောက်နေတာ၊ ကိုယ်ဝန်ဆောင်နေတာတွေကြောင့် ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။

    ဟော်မုန်း ပြောင်းလဲမှု အများဆုံးဖြစ်တဲ့ အရွယ်ကတော့ အပျိုဖော်၊ လူပျိုဖော် ဝင်ချိန် ဆယ်ကျော်သက် အရွယ်မှာပါ။  ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲမှု ဖြစ်တဲ့အခါ အရေပြားမှာ အဆီတွေ ပိုထွက်ရှိလာပြီး ဝက်ခြံ ဖြစ်လွယ်တာပါ။

    အမျိုးသားတွေမှာလည်း ဟော်မုန်းပြောင်းလဲချိန်မှာ ဝက်ခြံထွက်တာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်တွင်းမှာ ဟော်မုန်းပမာဏ မျှတမှု မရှိလေလေ ဝက်ခြံ ထွက်နိုင်ခြေ များလေလေပါ။

  • ဘယ်လို ဖြေရှင်းမလဲ
  • ဝက်ခြံ ထွက်တာကို သက်သာစေဖို့ အရေပြားကို အဆီထွက်ရှိမှု နည်းအောင် ဂရုစိုက်ပေးတာ၊ ဝက်ခြံ မဖြစ်အောင် ကာကွယ်ပေးတဲ့ anti-acne salicylic acid ပါတဲ့ skin care တွေသုံးတာ၊ ဆဲလ်သေတွေ ဖယ်ရှားတာ၊ clay maskတွေ သုံးပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ ဟော်မုန်းပြဿနာကို ဖြေရှင်းဖို့ အရေပြားဆရာဝန်နဲ့ ပြသပြီး ဆေးဝါးတွေ မှီဝဲနိုင်ပါတယ်၊၊

    (၂) စိတ်ဖိစီးမှု

    အစောကပြောခဲ့သလို ဟော်မုန်း ပြောင်းလဲမှုက ဝက်ခြံကို ဖြစ်စေတဲ့ အဓိက အကြောင်းတရားတွေ ဆိုပေမယ့် စိတ်ဖိစီးမှုကလည်း မျက်နှာ လှလှလေးပေါ်မှာ ဝက်ခြံ ထွက်စေတဲ့ အကြောင်းအရင်း တစ်ခုပါပဲ။ စိတ်ဖိစီးစရာကိစ္စတွေ များလာရင် ဝက်ခြံတွေ စီရရီပေါ်လာတော့တာပါပဲ။ အကြောင်းကတော့ စိတ်ဖိစီးရင် ကော်တီစောဟော်မုန်းတွေ ထွက်တယ်။ ဒီလို ထွက်ရှိမှုက အဆီဂလင်းတွေကို အဆီထွက်ရှိမှု များအောင် လှုံ့ဆော်ပေးရင်း ဝက်ခြံတွေက ရုတ်တရက် ထွက်လာတော့တာပေါ့။

    ကော်တီစော ပမာဏ မြင့်တက်လေလေ ဝက်ခြံက ထွက်လာလေလေ ဖြစ်မှာပါ။

    • ဘယ်လို ဖြေရှင်းမလဲ

    စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ ဝက်ခြံတွေကို ဖြေရှင်းနည်းက လွယ်ပါတယ်။ စိတ်ဖိစီးမှုကို ဖြေလျော့တာပါ။ ဒီတော့ စိတ်ဖိစီးမှု ပြေလျော့စေဖို့ လေ့ကျင့်ခန်းလုပ်တာ၊ ယောဂ လေ့ကျင့်တာ၊ တရားထိုင်တာ၊ အသက်ရှူ လေ့ကျင့်ခန်း လုပ်တာတွေ လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေကို ထွက်ရှိစေပြီး ကော်တီစော ထွက်ရှိမှုကို လျှော့ချပေးနိုင်တာကြောင့် ဝက်ခြံ သက်သာစေမှာပါ။ အရေပြားကို သေချာလေး သန့်စင်ပေးဖို့လည်း လိုတာပေါ့။

    အသားအရေ ကျန်းမာဖို့ ဝက်ခြံကင်းဖို့ဆိုရင် အသားအရေနဲ့ လိုက်ဖက်တဲ့ အလှကုန်တွေ၊ skincare တွေ ရွေးချယ်မိဖို့ လိုပါမယ်။ အသားအရေ အမျိုးအစားနဲ့ ကိုက်ညီတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကို သုံးမှ အသားအရေက ကျန်းမာမှာပါ။

    ဒီလို မဟုတ်ဘူးဆိုရင် အဆီပြန်တာ၊ ဝက်ခြံထွက်တာ၊ ဆားဝက်ခြံဖြစ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ အသားအရေ အမျိုးအစားကို သေချာ သိရှိအောင် လုပ်ပြီး အသားအရေ အမျိုးအစားနဲ့ ကိုက်ညီမှု ရှိတဲ့ skin care တွေ၊ အလှကုန်တွေကို ရွေးချယ်ဖို့ လိုပါမယ်။ ချွေးပေါက်တွေကို သေချာ သန့်စင်ပေးတာ၊ ဆဲလ်သေတွေ ဖယ်ရှားပေးတာမျိုးတွေ လုပ်ပေးဖို့ လိုပါမယ်။

    • ဘယ်လို ဖြေရှင်းမလဲ

    အသားအရေကို တစ်ခုခု လိမ်းပြီးတိုင်း အရေပြားမှာ ဘယ်လိုမျိုး ပြောင်းလဲတာတွေ ဖြစ်လဲဆိုတာကို သေချာ စောင့်ကြည့်ပြီး ဝက်ခြံတွေ ထွက်မယ်။ အရေပြား နီမြန်းမယ်။ ယားယံမယ်။ ရောင်ရမ်းမယ်ဆိုရင် ဆက်မသုံးပါနဲ့။

    (၄) အစားအသောက်

    အစားအသောက်တိုင်းက ဝက်ခြံ မဖြစ်စေပေမယ့် glycemic index မြင့်တဲ့ သကြားဓာတ်နဲ့ ကစီဓာတ် ပါဝင်မှု များတဲ့ အစားအစာတွေက ဝက်ခြံ ဖြစ်စေနိုင်ပါတယ်။

    ပေါင်မုန့်အဖြူ၊ ရေခဲမုန့်၊ အချိုရည်၊ သကြားလုံး၊ ဆီကြော်စာ၊ နို့ထွက်ပစ္စည်းတွေက အရေပြားကို အဆီထွက်ရှိစေသလို ချွေးပေါက်တွေ ပိတ်စေနိုင်တာကြောင့် အရေပြားကို ထိခိုက်စေနိုင်ပါတယ်။

    နောက်တစ်ချက်က ဒီလို glycemic index မြင့်တဲ့ အစားအစာတွေ၊ အဆီပါဝင်မှု များတဲ့ အစားအစာတွေက androgen ဟော်မုန်းပမာဏကို မြင့်တက်စေပြီး ကောက်ခါငင်ခါ ဝက်ခြံ ထွက်စေတာပါ။

    • ဘယ်လို ဖြေရှင်းမလဲ

    အရေပြားကို သေချာသန့်စင်ပြီး အဆီကဲ၊ အချိုကဲတာနဲ့ ကစီပါဝင်မှု များတာတွေကို လျှော့စားပါ။ အသီးအရွက်နဲ့ သစ်သီးတွေ ပိုစားပါ။ ရေများများ သောက်ပါ။

    (၅) ပတ်ဝန်းကျင် အကြောင်းတရားတွေ

    အချို့သော ပတ်ဝန်းကျင်အကြောင်းတရားတွေကြောင့်လည်း ဝက်ခြံ ဖြစ်နိုင်ပါတယ်။ ဥပမာ ခေါင်းအုံးစွပ်တွေကို ဆပ်ပြာမှုန့်ပြောင်းပြီး လျှော်မိတာ၊ ဖုန်းမျက်နှာပြင်ကို သန့်ရှင်းရေး မလုပ်ဘဲ အချိန်ကြာမြင့်စွာ ဖုန်းပြောတာ၊ ရာသီဥတု ပြောင်းလဲတာ၊ ဖုန်မှုန့်နဲ့ အခိုးအငွေ့တွေ ထိတွေ့မိတာတွေကြောင့်လည်း ဝက်ခြံဖြစ်စေနိုင်ပါတယ်။

    နောက်တစ်ချက်က တစ်နေ့တာမှာ ထိတွေ့မိတဲ့ ဖုန်မှုန့် နဲ့ အညစ်အကြေးတွေကြောင့်လည်း ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။

    • ဘယ်လို ဖြေရှင်းမလဲ

    အရေပြားကို သေချာ သန့်စင်ပါ။ အသုံးအဆောင်တွေကို သေချာ သန့်စင်ပါ။ မျက်နှာကို လက်နဲ့ ကိုင်တွယ် ကုတ်ဖဲ့တာမျိုး မလုပ်ပါနဲ့။

    ကဲ ….. အဖြေထွက်ပြီလား ….. ဝက်ခြံတွေ ဘာကြောင့် ကောက်ခါငင်ခါ ထွက်လာကြသလဲ ဆိုတာကိုလေ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 05/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement