backup og meta

ဝက်ခြံတွေ ရောင်နေတာကို သက်သာစေဖို့

ဝက်ခြံတွေ ရောင်နေတာကို သက်သာစေဖို့

ဝက်ခြံတွေ ပေါက်လာရင်ကို အလိုလို စိတ်ညစ်ပါတယ် ဆိုမှ ဝက်ခြံက ရောင်ပါ ရောင်နေပြီဆိုရင် မတော်တဆ မျက်နှာကို ကုတ်မိရင် ဘယ်လောက် နာလဲဆိုတာကို ဝက်ခြံ ဖြစ်ဖူးသူတိုင်း သိမယ် ထင်ပါတယ်။ ဒီလို ဝက်ခြံတွေ ရောင်လို့ နေရထိုင်ရခက်နေသူတွေကို ဘယ်လို သက်သာအောင်လုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။

ကဲ …… ဝက်ခြံတွေ ရောင်နေတာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲ ဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်စေချင်ပါတယ်။

ဝက်ခြံတွေရောင်ရမ်းရတဲ့ အကြောင်းအရင်း

ဝက်ခြံတွေရောင်ရမ်းရတဲ့ အကြောင်းအရင်း

ဝက်ခြံတွေ ရောင်ရမ်းရတဲ့ အကြောင်းအရင်းတွေက တစ်ခုမက ရှိနိုင်ပါတယ်။

ဝက်ခြံတွေ ရောင်နေတာကို သက်သာစေဖို့

ဝက်ခြံတွေ ရောင်နေတာကိုသက်သာစေဖို့ ဒီနည်းလမ်းလေးတွေက အသုံးတည့်မှာပါ။ ရောင်ရမ်းနေတဲ့ ဝက်ခြံတွေ အရောင်ကျပြီး သက်သာစေဖို့

ရေခဲဝတ်ကပ်ပါ

ရေခဲဝတ်ကပ်တာက အရောင်ကျစေပြီး နာကျင်မှုကို သက်သာစေမှာပါ။ အဝတ်စသန့်သန့်ထဲ ရေထဲထည့်လို့ ရောင်နေတဲ့နေရာကို ကပ်ပေးပါ။ ဆက်တိုက် ကပ်ပေးတာမျိုး မလုပ်ဘဲ ၁၀ မိနစ်လောက် ကပ်လိုက် ၁၀ မိနစ်လောက် နားလိုက် လုပ်ပေးပါ။

ရေနွေးငွေ့ခံပါ

ရေနွေးငွေ့ခံတာက ချွေးပေါက်တွေကို ပွင့်စေပြီး ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ ရေနွေးငွေ့ မခံခင်မှာ မျက်နှာကို သေချာ သန့်စင်ပေးဖို့ မမေ့ပါနဲ့။ ရေနွေးငွေ့ အဆင်မပြေဘူးဆိုရင် အဝတ်စ သန့်သန့်လေးကို ရေနွေးနွေးထဲ စိမ်ပြီး ရေညှစ်လို့ ရေနွေးဝတ် ကပ်ပေးလို့လည်းတော့ ရပါတယ်။

လက်ဖက်စိမ်းရေနွေးကြမ်း ဆွတ်ပေးပါ

ရောင်နေတဲ့နေရာကို လက်ဖက်စိမ်းရေနွေးကြမ်း နွေးနွေးလေး ဆွတ်ပေးတာကလည်း ပိုးသေစေပြီး အရောင်ကျစေနိုင်ပါတယ်။ လက်ဖက်ခြောက်အိတ်လေးတွေ ကပ်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ သေချာသန့်စင်ပြီးမှ ကပ်ပေးတာက ထိရောက်မှု ကောင်းစေပါတယ်။

လက်ဖက်ဆီ (Tea tree oil)

လက်ဖက်ဆီက ဘက်တီးရီးယားတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ ရောင်ရမ်းနေတဲ့ ဝက်ခြံပေါ်နဲ့ ဝက်ခြံ တဝိုက်ကို လက်ဖက်ဆီလေး ခပ်ပါးပါး လိမ်းပေးတာကလည်း နည်းလမ်းကောင်းတစ်ရပ်ပါ။

အရောင်ကျစေသလို ဘက်တီးရီးယားတွေကိုလည်း ထိထိရောက်ရောက် တိုက်ဖျက်ပေးနိုင်မှာပါ။

ပျားရည်

ပိုးသေစေနိုင်သလို အသားအရေအတွက် အကျိုးများတယ်လို့ နာမည်ရှိတဲ့ ပျားရည်ကိုလည်း ဝက်ခြံတွေ အရောင်ကျစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ရောင်ရမ်းနေတာကို သက်သာစေဖို့နဲ့ ဘက်တီးရီးယားတွေကို သုတ်သင်ဖို့ အတွက် ဝက်ခြံပေါ်ကို ပျားရည် ခပ်ပါးပါးလေး လိမ်းပေးပါ။

ရှားစောင်းလက်ပပ် ကပ်ပါ

ရှားစောင်းလက်ပပ်က အစိုဓာတ် ထိန်းပေးပြီး အရောင်ကျစေနိုင်ပါတယ်။ ဝက်ခြံကိုလည်း သက်သာစေနိုင်တာကြောင့် ဝက်ခြံတွေ ရောင်ရမ်းနေမယ်ဆိုရင် ရှားစောင်းလက်ပပ် ဂျယ်လီသားကို ခပ်ပါးပါး လွှာပြီး ဝက်ခြံပေါ်မှာ ကပ်ပေးပါ။ ခပ်ဖွဖွလေး ရောင်ရမ်းနေတဲ့ ဝက်ခြံ တဝိုက်ကို ပွတ်ပေးလို့လည်း ရပါတယ်။

ဝက်ခြံတွေ ရောင်နေတာကို သက်သာစေဖို့ အဆင်ပြေမယ့် နည်းလမ်း တစ်ရပ်ရပ်ကို အခုပဲ လက်တွေ့ အကောင်အထည်ဖော်လိုက်တော့နော်။

ဒီလိုတွေလုပ်ပေမယ့် မသက်သာဘူး ဝက်ခြံတွေ က ဆက်ရောင်နေမယ် အထိမခံနိုင်အောင် နာကျင်နေမယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့ အကြံပြုပါရစေ။

ဝက်ခြံတွေ ရောင်နေတာကို သက်သာစေဖို့ နည်းလမ်းများ

ဝက်ခြံတွေရောင်နေတာကို သက်သာစေဖို့
  • ရေခဲဝတ်ကပ်ပါ
  • ရေနွေးငွေ့ခံပါ
  • လက်ဖက်စိမ်းရေနွေးကြမ်း ဆွတ်ပေးပါ
  • လက်ဖက်ဆီ လိမ်းပါ
  • ပျားရည် လိမ်းပါ
  • ရှားစောင်းလက်ပပ် ကပ်ပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

7 Easy Home Remedies for Acne https://www.everydayhealth.com/skin-and-beauty/home-remedies-for-acne.aspx Accessed Date 26 April 2022

How to Get Rid of Redness from Acne Fast: Treatments and Home Remedies https://dermcollective.com/how-to-get-rid-of-redness-from-acne/ Accessed Date 26 April 2022

5 Ways to Reduce Pimple Redness at Home and 7 Self-Care Tips https://www.emedihealth.com/skin-beauty/acne/reduce-pimple-redness Accessed Date 26 April 2022

hereʼs how to get rid of a pimple — fast https://www.dermalogica.com/blogs/living-skin/heres-how-to-get-rid-of-a-pimple-fast Accessed Date 26 April 2022

Ice – The Secret Pimple Fighter https://www.dermadoctor.com/blog/ice-the-secret-pimple-fighter/ Accessed Date 26 April 2022

ယခုပုံစံ

08/03/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသားတွေမှာ ဝက်ခြံပေါက် ရတဲ့ အကြောင်းရင်း

ဝက်ခြံမညှစ်မိအောင် ဘယ်လိုထိန်းကြမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement