backup og meta

ဆန္ဒပြည့်ဝတဲ့ လိင်ဆက်ဆံမှု ဖြစ်စေဖို့ အမျိုးသားတွေအတွက် နည်းလမ်းကောင်းများ

ဆန္ဒပြည့်ဝတဲ့ လိင်ဆက်ဆံမှု ဖြစ်စေဖို့ အမျိုးသားတွေအတွက် နည်းလမ်းကောင်းများ

ဆန္ဒပြည့်ဝတဲ့ လိင်ဆက်ဆံမှု ဖြစ်စေဖို့ အချိန်ရော အားအင်ပါ လိုအပ်ပါတယ်။ ဒါဟာ အမြဲတော့ မလွယ်ကူနိုင်ပါဘူး။ အလုပ်များပြားလှတာကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘဲ လိင်စိတ်ထက်သန်မှုတွေ ပျောက်ဆုံးနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံခြင်းနည်းလမ်းတွေကို အပြောင်းအလဲလုပ်သင့်ပါတယ်။

ကောင်းမွန်တဲ့ လိင်ဆက်ဆံမှုဆိုတာ နာရီပေါင်းများစွာ အာသာဖြေတာ၊ လိင်စိတ်ဖြေဖျောက်တဲ့ ပစ္စည်းတွေ အသုံးပြုတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒါဟာ ပုံမှန်လုပ်နေတာထက် နည်းနည်းလေးပဲ ထူးခြားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အောက်ဖော်ပြပါ အချက်တွေကတော့ ဆန္ဒပြည့်ဝတဲ့ လိင်ဆက်ဆံမှု ရရှိစေဖို့အတွက် နည်းလမ်းဆယ်ခု ဖြစ်ပါတယ်။

ဆန္ဒပြည့်ဝတဲ့ လိင်ဆက်ဆံမှု ဖြစ်စေဖို့ နည်းလမ်းများ

  • စကားပြောပါ။

ဆက်ဆံရေးတစ်ခုမှာ အချိန်ကြာလာတဲ့အမျှ ပျင်းရိဖွယ်ဖြစ်လာပြီး အိပ်ရာထဲမှာ သင်ဘာလိုချင်တယ်ဆိုတာဖော်ပြမယ့်အစား ပုံမှန်ပြုနေကျ အပြုအမူတွေကိုသာ ပြုမူတတ်ကြပါတယ်။ Williams Lucena ကတော့ ဒီစက်ဝိုင်းကြီးကို ပွင့်လင်းတဲ့ စကားပြောဆိုမှုနဲ့ ဖြတ်တောက်သင့်ပါတယ်လို့ ပြောပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဘာလိုချင်လဲဆိုတာကို မေးမြန်းကြပါလို့ သူကအကြံပြုပါတယ်။ ဒါက အရင်ကရှိခဲ့တဲ့ ရင်းနှီးမှုတွေကိုလည်း ပြန်လည်ရရှိနိုင်ပါတယ်။

  • ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားသောက်ပါ။

ဒါဟာ လိင်ဆက်ဆံမှုနဲ့ မဆိုင်ဘူးလို့ ထင်ရပေမယ့် သင့်ခန္ဓာကိုယ်ကို ကောင်းမွန်တဲ့ အာဟာရရအောင် ကျွေးမွေးခြင်းက သင့်ကိုယ်ခန္ဓာကိုရော လိင်စိတ်ကိုပါ အထောက်အကူပြုတယ်လို့ စိတ်ဖိစီးမှု ထိန်းသိမ်းခြင်း ကျွမ်းကျင်သူဖြစ်ပြီး “Addicted to stress”ကို ရေးသားခဲ့တဲ့ Debbie Mandel က ပြောပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားသောက်တာဟာ ကိုလက်စထရောကို ကျဆင်းစေပြီး သင့်နှလုံးကို ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် ဦးနှောက်ရဲ့ southern hemisphereကို သွေးစီးဆင်းမှု အလွန်ကောင်းမွန်စေပါတယ်တဲ့။

  • ပျော်စရာကောင်းပါစေ။

သင်ရော သင့်အမျိုးသမီးပါ ကတ်ပြားငါးခုပေါ်မှာ လိင်နဲ့ ပတ်သက်တဲ့ စိတ်ကူးယဉ်မှု ငါးခုကိုချရေးပါ။ ဥပမာ ဘယ်လိုပုံစံနဲ့ နေကြမယ်။ ဘယ်လိုမျိုး ပြီးမြောက်ကြမယ်။ ဘယ်လိုမျိုး နူးနှပ်ကြမယ် စသဖြင့်ပေါ့။ နောက်တစ်ခါ အတူနေဖြစ်တဲ့အခါ ဒါတွေထဲက တစ်ခုခုကို စမ်းသပ်ကြည့်ကြပါ။

လေ့ကျင့်ခန်းလုပ်တာကြောင့် အတူနေတဲ့အချိန်မှာ ထင်ထားတာထက် ပိုအမောခံနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရလည်း စွဲဆောင်မှုရှိစေပါတယ်။ နှလုံးကို ကျန်းမာစေတာကြောင့် လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာကိုပါ ဖြေရှင်းပြီးသား ဖြစ်သွားပါတယ်။ ဒါက အမျိုးသမီးတွေလည်း ဒီလိုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခုကစပြီး အတူတူလေ့ကျင့်ခန်း လုပ်လိုက်ပါ။ ကြွက်သားတက်စေတဲ့ လေ့ကျင့်ခန်း၊ Cardio လေ့ကျင့်ခန်းတွေကို ပိုပြီးအားပေးပါတယ်။

  • လေ့ကျင့်ခန်းကို အလွန်အကျွံမလုပ်ပါနဲ့။

ကိုယ့်ဆရာတို့ လေ့ကျင့်ခန်းလုပ်မယ်ဆိုလည်း ညအိပ်ခါနီးတော့ မလုပ်ကြပါနဲ့။ မောမောနဲ့ အိပ်ပျော်သွားရင် ဘာမှ မဘာလိုက်ရဘဲ နေပါမယ်။ ဒါကြောင့် အိပ်ချိန်နဲ့ ဝေးဝေးလုပ်ပါ။ နောက်တစ်ချက်က လေ့ကျင့်ခန်းကို အလွန်အကျွံလုပ်မယ်ဆိုရင် ပင်ပန်းပြီး အားအင်ကုန်ခမ်းသွားတာကြောင့် အတူနေဖို့ ပင်ပန်းနေမှာပါ။ ဒါကြောင့် တော်သင့်ရုံသာ လုပ်ပါ။

ဒီ လိင်ဆက်ဆံခြင်း နည်းလမ်း ကိုတော့ အမျိုးသားတိုင်း သိကြမှာပါ။ သူမရဲ့ မိန်းမကိုယ်နံရံမှာ လက်ဗွေနှိပ်သလိုမျိုး သူမရဲ့ G-spot မှာ လက်မနဲ့ ဖိထားပေးပါ။ မိန်းမကိုယ်အပေါက်ဝကနေပြီး အရှေ့အပေါ်ဘက် ၂လက်မဝန်းကျင်လောက်မှာ ဖိနှိပ်ထားပေးရမှာပါ။

  • အနည်းငယ် ရှောင်ကြဉ်ပါ။

နေ့စဉ်ရက်ဆက် ဒါပဲလုပ်နေမယ်ဆိုရင် အားအင်ကုန်ခမ်းလာလာသလို ငြီးငွေ့လာသလိုလည်း ဖြစ်နိုင်ပါတယ်။ ဒါက သဘာဝပါပဲ။ ဒါကြောင့် ရက်အနည်းငယ်လောက် အနားပေးလိုက်ပါ။ ခန္ဓာကိုယ်လည်း အားဖြည့်ရာ ရောက်သလို နောက်တစ်ခါ အတူနေတဲ့အခါမှာလည်း စိတ်လှုပ်ရှားစရာ ဖြစ်နေမှာပါ။ ဒီကြားထဲမှာတော့ အပေါ်မှာ ပြောခဲ့သလို နောက်တစ်ခါဆို ဘယ်လိုနေမလဲဆိုတာ စဉ်းစားထားပေါ့။

  • အချိန်ယူပါ။

လိင်ဆက်ဆံမှုဆိုတာ ပြိုင်ပွဲတစ်ခုမဟုတ်ပါဘူး။ ဒါ့ကြောင့် အချိန်ယူပါ။ အမျိုးသမီးတွေက လိင်စိတ်ပါဖို့ နူးနှပ်ချိန်ပိုလိုပါတယ်။ မလောပါနဲ့။ သူ့အလိုကို လိုက်ပြီး အေးအေးဆေးဆေး နေကြည့်ပါ။ သူနှစ်သက်နဲ့ နည်းလမ်းတွေနဲ့ နူးနှပ်ပြီး အချိန်ယူပါ။

  • နည်းပညာကို အသုံးပြုပါ။

ဒါက လိင်ဆက်ဆံခြင်း နည်းလမ်းများထဲက တစ်ခုပေါ့။ အတူမနေခင်မှာ sex chatတဲ့ သဘောမျိုးပါပဲ။ ဒါမှမဟုတ် အပြာရုပ်ရှင်တွေကို အတူကြည့်မယ်ဆိုလည်း ရပါတယ်။ ဦးနှောက်က အာရုံခံစားနိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ဖြစ်တာကြောင့် စကားလုံးတွေ၊ မြင်နေရတာတွေကို တုံ့ပြန်နိုင်ပါတယ်။ ဒီနည်းနဲ့ အတူနေဖို့ အစပျိုးလို့ရပါတယ်။

စိတ်အပန်းပြေစေပြီး လိင်စိတ်နိုးကြားစေတဲ့ နှိပ်နယ်မှုတွေဟာ လိင်စိတ်တက်ကြွေစပါတယ်။ တခါတလေမှာ ပြီးမြောက်ခြင်းထိ ဖြစ်စေနိုင်ပါတယ်။ ဒါကလည်း နူးနှပ်နည်း တစ်မျိုးပါပဲ။ သူမ စိတ်ကြွနိုင်လောက်တဲ့ နေရာတွေ (ဥပမာ ပေါင်တွင်းသား၊ ရင်ဘတ်နား၊ တင်ပါးနား)ကို အသာအယာ နှိပ်ပေးပါ။

အဲ ဒါပေမယ့် ကိုယ်က လက်ပေါက်လွန်းလို့ တကယ်ပဲ အကြောတွေပြေပြီး အိပ်ပျော်သွားရင်တော့ ဘာမှမတတ်နိုင်ဘူးပေါ့နော်။ ဒါကြောင့် ပရိုဆန်ဆန် နှိပ်မနေဘဲ ရမ္မက်ဆန်ဆန် နှိပ်ဖို့ အကြံပြုလိုပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Where is G-spot https://www.plannedparenthood.org/learn/ask-experts/where-is-the-g-spot-and-what-does-it-do#:~:text=There’s%20a%20small%20area%20called,and%20feels%20raised%20or%20bumpy. Accessed date 3rd Oct, 2022

Don’t ignore the foreplay https://www.bostonmedicalgroup.com/dont-ignore-the-foreplay/#:~:text=In%20the%20long%20term%2C%20foreplay,don’t%20ignore%20the%20foreplay.12 Accessed date 3rd Oct, 2022

The effects of exercise on sexual function in women https://pubmed.ncbi.nlm.nih.gov/29606554/ Accessed date 3rd Oct, 2022

Massage Therapy’s Role in Improving Sexual Health and Function https://www.integrativehealthcare.org/mt/massage-therapys-role-in-improving-sexual-health-and-function/12 Accessed date 3rd Oct, 2022

Erectile dysfunction and Heart disease https://www.mayoclinic.org/diseases-conditions/erectile-dysfunction/in-depth/erectile-dysfunction/art-20045141 Accessed date 3rd Oct, 2022

ယခုပုံစံ

07/06/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသားတို့ရဲ့ လိင်စိတ် ဆိုတာ

သင့်ရဲ့လက်တွဲဖော်အတွက် လိင်ဆက်ဆံလိုစိတ် မြင့်တက်အောင် ဘယ်လိုလုပ်ပေးမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Hello Sayarwon Panel မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement