တီဘီရောဂါ

တီဘီရောဂါဆိုတာ အသက်အန္တရာယ်ရှိတဲ့ရောဂါဖြစ်ပြီး လေကနေတဆင့် ကူးစက်နိုင်ပါတယ်။ အမျိုးအစားကွဲတွေ များစွာရှိပြီး အဆုတ်တီဘီကတော့ အဖြစ်အများဆုံးပါ။ အဆုတ်တီဘီကို ဘယ်လိုကာကွယ်ကုသနိုင်မလဲဆိုတာကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

တီဘီရောဂါ

အဆုတ်တီဘီရောဂါ

တီဘီရောဂါဟာ ကူးစက်မြန်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အဆုတ်ကစလို့ တစ်ကိုယ်လုံးမှာ တီဘီဖြစ်နိုင်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုပြီး အဖြစ်များပါတယ်။ မြန်မာနိုင်ငံမှာလည်း အဆုတ်တီဘီရောဂါ ဟာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်တဲ့အတွက် အမျိုးသားကျန်းမာရေး ပြဿနာအဖြစ် သတ်မှတ်ပြီး ထိထိရောက်ရောက် ကိုင်တွယ်နေကြပါတယ်။ အဆုတ်တီဘီရောဂါ ဘာကြောင့် ဖြစ်တာလဲ။ တီဘီရောဂါဟာ Mycobacterium tuberculosisလို့ ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တာပါ။ တစ်ယောက်ကနေ တစ်ယောက်စီကို လေထဲကတဆင့် ကူးစက်နိုင်ပါတယ်။ တီဘီပိုးရှိတဲ့လူတစ်ယောက်က စကားပြောမယ်၊ ချောင်းဆိုးမယ်၊ နှာချေမယ်၊ သီချင်းဆိုမယ်ဆိုရင် ဘက်တီးရီးယားက လေထဲကို ပြန့်လာမှာပါ။ ပြီးရင် လေထဲမှာ အချိန်တစ်ခုထိအောင် ရှိနေတဲ့အတွက် ရှူမိတဲ့သူက ပိုးကူးစက်ခံရမှာပါ။ ဒါပေမယ့် တီဘီက လက်ဆွဲနှုတ်ဆက်တာ အစားအသောက်တွေ မျှဝေစားသောက်တာ အိပ်ရာ၊ အိမ်သာ အတူသုံးတာ သွားပွတ်တံ အတူသုံးတာ နမ်းရှုံ့ရာကနေတော့ […]

တီဘီရောဂါ ကို ရှာဖွေမည်။

တီဘီရောဂါ

အဆုတ်တီဘီမဟုတ်တဲ့ တီဘီရောဂါ များအကြောင်း ။ ။

တီဘီ ရောဂါလို့ဆိုလိုက်တာနဲ့ ချောင်း ၂ ပတ်ထက်ကျော်အောင်ဆိုးမယ်၊ ဖျားမယ်၊ ကိုယ်အလေးချိန်ကျသွားမယ် စတာတွေကို ပြေးမြင်ကြပါတယ်။ ဒါတွေက တီဘီရောဂါရဲ့ လက္ခဏာတွေဆိုတာတော့မှန်ပါတယ်။ ဒါပေမယ့် အဆုတ်တီဘီရဲ့ လက္ခဏာတွေပါ။ ကိုယ်ခန္ဓါမှာ အဆုတ်တစ်ခုတည်း တီဘီရောဂါဖြစ်နိုင်တာမဟုတ်ပါဘူး။ အခြားနေရာတွေမှာဖြစ်တဲ့ တီဘီရောဂါတွေလည်း ရှိပါသေးတယ်။ အဆုတ်တီဘီမဟုတ်တဲ့ တီဘီရောဂါ များအကြောင်း။ ။ ပြောရမယ်ဆိုရင် တီဘီရောဂါဟာ လူသားတိုင်းမှာ ရှိနေတတ်ပြီး ခုခံအားက ထိန်းထားလို့ ကြွမလာတဲ့ ရောဂါတစ်ခုပါ။ သိကြတဲ့အတိုင်း တီဘီရောဂါက လေနဲ့ ကူးစက်ဆိုတော့ အရမ်းပျံ့နှံ့လွယ်တဲ့ ရောဂါတစ်ခုပါ။ အဲဒီအထဲမှာ အဖြစ်အများဆုံးကတော့ အားလုံးသိနေတဲ့ အဆုတ်တီဘီပေါ့။ ဒါပေမယ့် အဆုတ်အပြင် ကိုယ်ခန္ဓါရဲ့ အခြားနေရာမှာ တီဘီရောဂါဖြစ်နိုင်ပါသေးတယ်။ သူတို့တွေကတော့ ( ၁ ) Lymph node TB ကိုယ်ခန္ဓါရဲ့ စနစ်တွေထဲမှာ အပြင်က ရောဂါပိုးတွေဝင်လာရင် […]


တီဘီရောဂါ

Tuberculosis Of The Genitourinary System (ဆီးလိင်လမ်းကြောင်းတီဘီ)

အဓိပ္ပါယ်ဖွင့်ဆိုချက်ဆီးလိင်လမ်းကြောင်းတီဘီ ဆိုတာ ဘာလဲ။ ဆီးလမ်းကြောင်းတစ်လျှောက်နဲ့ မျိုးပွားအင်္ဂါအဖွဲ့အစည်းမှာဖြစ်တဲ့ အဆုတ်ပြင်ပတီဘီကို ဆီးလိင်လမ်းကြောင်းတီဘီလို့ ခေါ်ပါတယ်။ ဆီးလိင်လမ်းကြောင်းတီဘီဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အဆုတ်ပြင်ပတီဘီအားလုံးရဲ့ ၁၅ရာခိုင်နှုန်းဟာ ဆီးလိင်လမ်းကြောင်းတီဘီဖြစ်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများဆီးလိင်လမ်းကြောင်းတီဘီရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဆီးလိင်လမ်းကြောင်းတီဘီရှိသူ ၂၀ရာခိုင်နှုန်းမှာ သိသာထင်ရှားတဲ့ ရောဂါလက္ခဏာ ပြလေ့မရှိပါဘူး။ ဒီရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဆီးလမ်းကြောင်းအောက်ပိုင်း ပိုးဝင်သည့်လက္ခဏာများ ခါးနာခြင်း ဆီးထဲသွေးပါခြင်း သွေးလွှတ်ကြောတွင်း သွေးဖိအားမြင့်တက်ခြင်း သုတ်ပို့ပြွှန်ရောင်ရမ်းခြင်း ကပ်ပယ်အိတ်ရောင်ရမ်းခြင်း၊ နီရဲခြင်း၊ နာကျင်ခြင်း သန္ဓေမအောင်ခြင်း အဖြစ်နည်းတဲ့ လက္ခဏာတွေကတော့ လိင်တံပိုးဝင်ပြီး အနာဖြစ်ခြင်း လိင်တံအရေပြားပိုးဝင်ခြင်း (Lupus vulgaris) အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ ဖြစ်ပွားမှုအကြောင်းရင်းများဘာတွေက ဆီးလိင်လမ်းကြောင်းတီဘီ ဖြစ်ပွားစေသလဲ။ တီဘီရောဂါဖြစ်ပွားစေတဲ့ အဓိကတရားခံက Mycobacterium […]


တီဘီရောဂါ

Tuberculosis of meninges and central nervous system ( ဦးနှောက်အာရုံကြောတီဘီ )

ဦးနှောက်အာရုံကြောတီဘီ ဆိုတာ ဘာလဲ။ Mycobacterium tuberculosis ဘက်တီးရီးယားကြောင့် ဗဟိုအာရုံကြောအဖွဲ့အစည်း ထိခိုက်ပျက်စီးတဲ့ရောဂါကို ဦးနှောက်အာရုံကြောတီဘီ လို့ ခေါ်ပါတယ်။ ဒီရောဂါဟာ အဖြစ်နည်းသလောက် အလွန်ဆိုးဝါးပြင်းထန်ပြီး တီဘီကုထုံး မပေါ်သေးခင်အခါက ရာနှုန်းပြည့်သေစေနိုင်တဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ ဦးနှောက်အာရုံကြောတီဘီဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ခန့်မှန်းခြေအားဖြင့် တီဘီလူနာအားလုံးရဲ့ ၁ရာခိုင်နှုန်းမှာ ဦးနှောက်အာရုံကြောတီဘီ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါကြောင့် သေဆုံးမှုနှုန်း၊ အာရုံကြောထိခိုက်မှုနှုန်း အလွန်မြင့်ပြီး HIV ဗိုင်းရပ်စ်ပိုးရှိသူတွေနဲ့ ကလေးငယ်တွေမှာ အဆမတန် ဆိုးဝါးပြင်းထန်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများ ဦးနှောက်အာရုံကြောတီဘီရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ တီဘီဦးနှောက်အမြေးယောင်ရောဂါ အရွယ်ရောက်ပြီးသူများတွင် တွေ့ရတတ်သည့် လက္ခဏာများ ဖျားနာခြင်း ခေါင်းကိုက်ခြင်း ဇတ်တောင့်ခြင်း အာရုံကြောထိခိုက်ခြင်း အပြုအမူပြောင်းလဲခြင်း သတိကောင်းကောင်းမရခြင်း ကလေးငယ်များတွင် တွေ့ရတတ်သည့် လက္ခဏာများ ဖျားနာခြင်း ဇတ်တောင့်ခြင်း တက်ခြင်း ပျို့ခြင်း၊ အန်ခြင်း ခေါင်းကိုက်ခြင်း အားအင်ကုန်ခမ်းပြီး မလှုပ်ရှားနိုင်ခြင်း […]


တီဘီရောဂါ

တီဘီဆေးသောက်ရတော့မည်ဆိုလျှင်

တီဘီဆေးသောက်ရတော့မည်ဆိုလျှင် “သူက အားနည်းနေတာ ဆရာ၊ တီဘီဆေး သောက်လို့ ဖြစ်ပါ့မလား” တီဘီရောဂါသည်၏အမျိုးသားမှဆရာဝန်ကိုလာမေးလိုက်သော စကားဖြစ်သည်။ “သူဆေးဒဏ်ခံနိုင်ပါ့မလား” “အားမွေးပြီးမှသောက်ရင်ရမလား” “သလိပ်မှာတော့ပိုးမတွေ့ဘူးပြောတယ်၊ တီဘီဟုတ်ပါ့မလား” စသဖြင့်မေးခွန်းများသည်တီဘီရောဂါကုနေသော ဆရာဝန်များ ကြားဖူးနေကျ မေးခွန်းများဖြစ်သည်။ တီဘီရောဂါ သည်အသက်ရှူလမ်းကြောင်းမှတဆင့်ကူးစက်နိုင်သော ရောဂါဖြစ်သည်။ တခြားကူးစက်နိုင်သော နည်းလမ်းများလည်း ရှိသေးသည်။ အသက်ရှူလမ်းကြောင်းမှတဆင့်ကူးစက်သောရောဂါဖြစ်သဖြင့်တစ်ယောက်နှင့်တစ်ယောက်ကူးစက်နိုင်မှုမြင့်မားသည်။ မျိုးရိုးလိုက်သောရောဂါမျိုးမဟုတ်ပါ။ သို့သော်တီဘီပိုးရှိသူနေ အတူနေ မိသားစုများတွင်တော့ရောဂါကူးနိုင်ချေ မြင့်မားသည်။ တီဘီလက္ခဏာများတွင်နာတာရှည်ဖျားခြင်း (အဖျားငွေ့ငွေ့သာ ဖျားနိုင်သည်)၊ ချောင်း ၂ပတ်၃ပတ်ကျော်ဆိုးခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်းစသည်တို့ပါဝင်သည်။ တစ်ခါတစ်ရံအဖျားကြာရှည်ခြင်း တစ်ခုသာ ဖြစ်သည်မျိုးလည်း ရှိတတ်သည်။ တီဘီရောဂါသည်အဆုတ်သာမက တခြားခန္ဓါကိုယ်အစိတ်အပိုင်းများတွင်ပါ ဖြစ်တတ်ရာ နာတာရှည်ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ပြီးသတိမေ့မျောခြင်း၊ အကျိတ်များထွက်ခြင်း စသဖြင့်ရောဂါလက္ခဏာမျိုးစုံလည်းဖြစ်နိုင်သေးသည်။ တီဘီရောဂါပိုးသည်ရှာရခက်သော ရောဂါပိုးတစ်မျိုးလည်းဖြစ်သည်။ သလိပ်စစ်၍ ရသော်လည်းသလိပ်ထဲတွင်တီဘီပိုးပမာဏ တော်တော်များမှသာ တွေ့နိုင်သည်။ ထို့ကြောင့်လည်း တစ်ခါတစ်ရံတွင်သလိပ်ထဲပိုးမတွေ့သော်လည်း ရောဂါလက္ခဏာနှင့်ဓါတ်မှန်စသည်တွင်တီဘီနှင့်တူလျှင်ဆေးပေးရသည်များလည်းရှိသည်။ ထိုအခါ လူနာနှင့်လူနာရှင်မှတီဘီမဟုတ်ဆေးသောက်စရာမလိုဟုသံသယရှိသည်မျိုးလည်းကြုံတွေ့ရပါသည်။ သလိပ်တွင်တီဘီပိုးကိုပုံမှန်သလိပ်စစ်ရုံ(Sputum […]


တီဘီရောဂါ

Tuberculosis (တီဘီရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်အဆုတ်တီဘီ ဆိုတာဘာလဲ။ အဆုတ်တီဘီ ဆိုသည်မှာ တစ်ရှူးများကို တိုက်ခိုက် ဖျက်စီးတတ်သော ဘက်တီးရီးယားပိုး ကူးစက်မှု တစ်မျိုးဖြစ်ပါသည်။ ထို ဘက်တီးရီးယားကိုMycobacterium tuberculosis (MTB) ဟုခေါ်ပြီး လေထဲမှတစ်ဆင့် ကူးစက် ပျံ့နှံ့ပါသည်။ လူအတော်အများသည် ငုပ်နေသော အဆုတ် တီဘီရောဂါကို ခံစားရပါသည်။ လူနာ၏ကျန်းမာရေး အပေါ် မူတည်၍ အချိန်အတိုင်းအတာတစ်ခု (သီတင်းပတ် အနည်းငယ် မှ နှစ်အတန်ကြာ) ကြာပြီးနောက် တီဘီရောဂါပိုး သည် ရောဂါလက္ခဏာများကို စတင်ဖြစ်ပွားစေပါသည်။ အထူးသဖြင့် လူနာ သည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ ကင်ဆာ သို့မဟုတ် ကင်ဆာဆေးကုထုံးခံယူနေခြင်း စသော ကိုယ်ခံအားနည်းစေသောအကြောင်းရင်းများ ရှိပါက တီဘီရောဂါသည် ပို၍လျင်မြန်စွာ ဖြစ်ပွားပါသည်။ ရောဂါသည် အဆုတ်ကို ထိခိုက် နေပြီး အရိုး၊ ပြန်ရည်ကျိတ်၊ […]


တီဘီရောဂါ

တီဘီရောဂါ

အဆုတ်တီဘီ ဆိုတာဘာလဲ။ အဆုတ်တီဘီ ဆိုသည်မှာ တစ်ရှူးများကို တိုက်ခိုက် ဖျက်စီးတတ်သော ဘက်တီးရီးယားပိုး ကူးစက်မှု တစ်မျိုးဖြစ်ပါသည်။ ထို ဘက်တီးရီးယားကိုMycobacterium tuberculosis (MTB) ဟုခေါ်ပြီး လေထဲမှတစ်ဆင့် ကူးစက် ပျံ့နှံ့ပါသည်။ လူအတော်အများသည် ငုပ်နေသော အဆုတ် တီဘီရောဂါကို ခံစားရပါသည်။ လူနာ၏ကျန်းမာရေး အပေါ် မူတည်၍ အချိန်အတိုင်းအတာတစ်ခု (သီတင်းပတ် အနည်းငယ် မှ နှစ်အတန်ကြာ) ကြာပြီးနောက် တီဘီရောဂါပိုး သည် ရောဂါလက္ခဏာများကို စတင်ဖြစ်ပွားစေပါသည်။ အထူးသဖြင့် လူနာ သည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ ကင်ဆာ သို့မဟုတ် ကင်ဆာဆေးကုထုံးခံယူနေခြင်း စသော ကိုယ်ခံအားနည်းစေသောအကြောင်းရင်းများ ရှိပါက တီဘီရောဂါသည် ပို၍လျင်မြန်စွာ ဖြစ်ပွားပါသည်။ ရောဂါသည် အဆုတ်ကို ထိခိုက် နေပြီး အရိုး၊ ပြန်ရည်ကျိတ်၊ […]


တီဘီရောဂါ

Miliary Tuberculosis (မီလီယာရီတီဘီ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Miliary Tuberculosis (မီလီယာရီတီဘီ) ကဘာလဲ။ မီလီယာရီတီဘီဆိုသည်မှာတီဘီအမျိုးအစားတစ်မျိုးဖြစ်ပြီးအရွယ်အစားအလွန်သေးငယ်သောဒဏ်ရာများ(၁-၅မီလီမီတာ)ခန္ဓါကိုယ်တွင်းသို့များပြားစွာပျံနှံ့ဝင်ရောက်ခြင်းကိုဆိုလိုပါသည်။ ရင်ဘတ်ဓါတ်မှန်ရိုက်ကြည့်သည့်အခါလူး၊ဆပ်စသည့်ပုံစံရှိသည့်အစက်ကလေးများရင်ဘတ်တစ်ခုလုံးတည်ရှိနေသည်နှင့်တူသည့်အတွက်မီလီယာရီတီဘီဟုခေါ်ခြင်းဖြစ်သည်။ မီလီယာရီတီဘီသည်အဆုတ်၊အသည်းနှင့်ဘေလုံးအပါအဝင်အင်္ဂါအတော်များများကိုကူးစက်နိုင်ပါသည်။ Miliary Tuberculosis (မီလီယာရီတီဘီ) က ဘယ်လောက်အဖြစ်များသလဲ တီဘီရောဂါအားလုံး၏၂ရာခိုင်နှုန်းတွင်ရှိပြီး ပြင်ပအဆုတ်တီဘီများ၏၂၀ ရာခိုင်နှုန်းဖြစ်ပွားမှုရှိပါသည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများMiliary Tuberculosis (မီလီယာရီတီဘီ) ရဲ့လက္ခဏာတွေကဘာတွေလဲ မီလီယာရီတီဘီရောဂါလူနာများသည်ချောင်းဆိုးခြင်း၊အကြိတ်များကြီးခြင်းအစရှိသည့် သိသာထင်ရှားခြင်းမရှိသည့် လက္ခဏာများကို ပြသတတ်ပါသည်။ အခြားသောလက္ခဏာများဖြစ်သည်. • အသည်းကြီးခြင်း(၄၀ရာခိုင်နှုန်း) • ဘေလုံးကြီးခြင်း(၁၅ရာခိုင်နှုန်း) • မုန့်ချိုအိတ်ယောင်ခြင်း(၅ရာခိုင်နှုန်း) • AdrenalGlandမကောင်းခြင်းနှင့်အတူကိုယ်တွင်းအင်္ဂါအများအပြားပျက်စီးခြင်း(adrenal glandသည်ကိုယ်တွင်းအင်္ဂါများကိုထိန်းချုပ်ရန်လိုအပ်သည့်steroidဟော်မုန်းမထုတ်ပေးနိုင်ခြင်း) • တစ်ဘက်တည်းသို့မဟုတ် နှစ်ဘက်စလုံးဖြစ်နိုင်သည့် အဆုတ်လေခိုခြင်း • ဝမ်းလျှောခြင်း အခြားလက္ခဏာများမှာဖျားခြင်း၊ကယ်စီယမ်ဓါတ်များခြင်း၊choroidalအဖုငယ်များနှင့်အရေပြားအနာများလည်းဖြစ်နိုင်သည်။ • မနက်ပိုင်းတွင်အဖျားတက်ခြင်းရက်သတ္တပတ်များစွာဖြစ်နေတတ်သည်။ • ၁၆ရာခိုင်နှုန်းမှ၅၁ရာခိုင်နှုန်းသောလူနာများတွင်ကယ်စီယမ်ဓါတ်များနေတတ်ပြီးထိုသို့များပြားနေခြင်းမှာခန္ဓါကိုယ်တွင်းမှရောဂါပိုးကိုချေဖျက်သောခုခံအားစနစ်များပြားလာခြင်းကြောင့်ဖြစ်သည်။1,25dihydroxycholecalciferol(calcitriol)သည်ဘက်တီးရီးယားများကိုသတ်ရန်အတွက်ခုခံအားစနစ်ကိုမြှင့်တင်ပေးပါသည်။ မြင့်တက်လာသောcalcitriolများသည်ကယ်စီယမ်ဓါတ်ကိုလည်းများလာစေသည်။ • Choroidalအဖုငယ်များအမြင်အာရုံကြောဆိုင်ရာအာရုံကြောပေါ်တည်ရှိပါကကလေးမီလီယာရီတီဘီဖြစ်နိုင်သည်။ မျက်လုံးတစ်ဖက်ထဲတွင်သာမကနှစ်ဘက်လုံးတွင်လည်းဖြစ်နိုင်သည်။ အနာအရေအတွက်ကတော့တစ်ယောက်နှင့်တစ်ယောက်မတူပါ။Chroidalအဖုများသည်မီလီယာရီတီဘီအတွက်အရေးကြီးသောလက္ခဏာအဖြစ်ဖော်ပြပြီးရောဂါရှာဖွေခြင်းတွင်အတည်ပြုနိုင်သည်။ • နောက်ဆုံးနေဖြင့်မီလီယာရီတီဘီရှိသောလူကြီး၁၀-၃၀ရာခိုင်နှုန်းနှင့်ကလေး၂၀-၄၀ရာခိုင်နှုန်းတွင်ဘက်တီးရီးယားပိုးဦးနှောက်ထဲသို့ပျံသွား၍တီဘီကြောင့်ဖြစ်သောဦးနှောက်အမြှေးရောင်ရောဂါရှိနေတတ်သည်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ အကြောင်းရင်းများMiliary Tuberculosis (မီလီယာရီတီဘီ) ကိုဘာတွေကဖြစ်စေသလဲ မီလီယာရီတီဘီသည်Mycobacterium tuberculosisကအဆုတ်၏ပြင်ပအင်္ဂါများဖြစ်သည့်အသည်း၊ဘေလုံး၊ကျောက်ကပ်စသည်ံအင်္ဂါများသို့ပျံနှံ့ခြင်းဖြင့်ဖြစ်ပေါ်လာသောတီဘီအမျိုးအစားဖြစ်သည်။ […]


တီဘီရောဂါ

Intestinal Tuberculosis (အူလမ်းကြောင်းတွင် တီဘီဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Intestinal Tuberculosis (အူလမ်းကြောင်းတွင် တီဘီဖြစ်ခြင်း) ကဘာလဲ။ တီဘီဆိုတာဖွံဖြိုးဆဲနိုင်ငံတွေမှာအဖြစ်များတဲ့ဘက်တီးရီးယားရောဂါပိုးဖြစ်ပြီးအူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာအပါအဝင် ရောဂါလက္ခဏာအမျိုးမျိုးပြနိုင်ပါသည်။ တီဘီရောဂါသည်ကူးစက်လွယ်ပြီးဆေးကုသမှုချက်ချင်းယူရန်လိုအပ်ပါသည်။ တီဘီရောဂါပိုးသည်များသောအားဖြင့်အဆုတ်ကိုကူးစက်တတ်ပြီးနာတာရှည်ချောင်းဆိုးခြင်း၊ကိုယ်အလေးချိန်ကျခြင်းနှင့်အခြားလက္ခဏာများဖြစ်ပွားတတ်ပါသည်။ သို့သော်တစ်ခါတစ်ရံတွင်အကျိတ်နှင့်အခြားကိုယ်အင်္ဂါများ(ဥပမာအူလမ်းကြောင်း)တွင်ဖြစ်စေတတ်သောextrapulmonary(အဆုတ်ပြင်ပ၌ဖြစ်သောတီဘီ)များလည်းဖြစ်ပွားတတ်ပါသည်။ အူလမ်းကြောင်းတွင် တီဘီဖြစ်ခြင်းသည် ဖွံဖြိုးဆဲနိင်ငံများတွင်အဖြစ်များပြီးတစ်ခါတစ်ရံတွင်ရောဂါလက္ခဏာပြသခြင်းမရှိပါ။ ဗိုက်အောင့်ခြင်း၊ဗိုက်ရစ်ခြင်း၊ကိုယ်အလေးချိန်ကျခြင်းတို့တစ်ခါတစ်ရံဖြစ်ပေါ်တတ်ပါသည်။ အူတီဘီရှိသောလူအများစုသည်အဆုတ်တီဘီပါတွဲရှိနေတတ်သည်။ မိမိ၏သားသမီးကိုသင့်တော်သောဆရာဝန်နှင့်ပြသရန်မှာအလွန်အရေးကြီးပါသည်။ တီဘီရောဂါဆေးစသောက်သည်ဆိုလျှင်ပင်ဆေးဝါးများစွာကိုအချိန်မှန်မှန်လပေါင်းများစွာစွဲသောက်ရန်လိုသည့်အပြင်ရောဂါရှိသူတွင်အခြားရောဂါများ(ဥပမာ-ခုခံအားကျဆင်းမှုရောဂါ)ရှိ/မရှိပါစစ်ဆေးရန်လိုအပ်ပါသည်။ Intestinal Tuberculosis (အူလမ်းကြောင်းတွင် တီဘီဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများIntestinal Tuberculosis (အူလမ်းကြောင်းတွင် တီဘီဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တိတိကျကျပြော၍မရပါ။ များသောအားဖြင့်ဗိုက်တစ်ပြင်လုံး(သို့)ဗိုက်တစ်နေရာမှအောင့်ခြင်း၊ကိုယ်အလေးချိန်ကျခြင်း၊ညဘက်ချွေးစေးပြန်ခြင်း၊ဖျားခြင်း၊အန်ခြင်း၊နုံးခြင်း၊ဝမ်းလျော၊ဝမ်းပိတ်ခြင်း(သို့)ဝမ်းထဲသွေးပါခြင်းတို့ဖြစ်တတ်ပါသည်။ အူလမ်းကြောင်းတွင်အနာဖြစ်၍်ဝမ်းပျက်ခြင်း၊အူလမ်းကြောင်းကျဉ်း/ကျုံ့သွား၌ဗိုက်အောင့်ခြင်းများလဲဖြစ်တတ်သည်။ ဗိုက်အရမ်းအောင့်လျှင်အူပေါက်တာမျိုးလဲဖြစ်တတ်ပါသည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးသည်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ အကြောင်းရင်းများIntestinal Tuberculosis (အူလမ်းကြောင်းတွင် တီဘီဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ (Primary)နွားမှတစ်ဆင့်ကူးစက်နိုင်သော်လည်းနွားနို့ကိုကျိုချက်သောက်ခြင်းကြောင့်ယခုအဖြစ်နည်းသွားပါပြီ။ (Secondary)အဖြစ်များပြီးတီဘီပိုးပါသောသလိပ်အူလမ်းကြောင်းအတွင်းဝင်ရောက်ခြင်းကြောင့်ဖြစ်တယ်။ Tubercle bacillusဟုခေါ်သည့်တီဘီပိုးသည်၎င်း၏အခွံရှိအဆီများနှင့်အစာအိမ်ကချေဖျက်ခြင်းကိုကာကွယ်နိုင်သည်။ ထို့နောက်အူထဲသို့ဝင်ကာileum,jejunum,duodenumစသည့်အူသိမ်များကိုတစ်ဆင့်ခြင်းကူးစက်ပါသည်။ ပြန်ရည်ကြောတစ်ရှူးများပြားခြင်း၊ဘက်တီရီးယားပိုးကိုချေဖျက်မှုအားနည်းခြင်းတို့သည်အူသိမ်တွင်တီဘီဖြစ်မှုနှုန်းများစေပါသည်။ မီလီယာရီတီဘီတွင်လည်းသွေးမှတစ်ဆင့်အူထဲသို့ပျံနှံခြင်းတွေ့ရပြီးအနားမှအင်္ဂါမှတစ်ဆင့်ပျံနှံခြင်းလည်းရှိသည်။ ခန္ဓါကိုယ်ခုခံအားကျဆင်းချိန်တွင်ငြိမ်နေသောတီဘီပိုးသည်ထကြွတတ်ပါသည်။   Risk factorsIntestinal Tuberculosis (အူလမ်းကြောင်းတွင် တီဘီဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း