အအေးမိတာကြောင့် လည်ချောင်းတွေနာပြီး စိတ်ညစ်နေပြီလား!
အအေးမိပြီဆိုရင် ကိုယ်ပူတယ် ဆိုတာတင် မဟုတ်ပါဘူး။ ချောင်းဆိုးတာ၊ လည်ချောင်းနာတာတွေကိုပါ အဆစ် ခံစားကြရတာပါ။ ဒီလိုမျိုး အအေးမိတာနဲ့အတူ ခံစားရတဲ့ လည်ချောင်းနာတာက အစားအစာတွေကို မျိုချရ ခက်သလို ရေသောက်ဖို့တောင် အတော်လေး ခက်ခဲပါတယ်။ ဒီတစ်ခေါက်တော့ အအေးမိတာကြောင့် လည်ချောင်းနာပြီး စိတ်ညစ်နေသူတွေအတွက် ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ လည်ချောင်းနာရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ လည်ချောင်းနာတာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုကတော့ အအေးမိတာ၊ တုပ်ကွေးဖြစ်တာနဲ့ တခြားအသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်တွေကြောင့်ပါ။ ဒီအချက်တွေအပြင် လည်ချောင်းနာတာကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ကူးစက်ခံရတာ၊ ဆေးလိပ် သောက်တာ၊ တဆင့်ခံ ဆေးလိပ်ငွေ့တွေကြောင့်လည်း လည်ချောင်းနာတာကို ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ အစာခြေအက်ဆစ် ပြန်ဆန်တက်တာပါပဲ။ အအေးမိတာကြောင့် လည်ချောင်းနာတာက ပုံမှန်အားဖြင့်တော့ စိုးရိမ်စရာ မရှိပေမယ့် နေရထိုင်ရတာတော့ […]