backup og meta

မောခြင်းကို ဘယ်လိုဖြေရှင်းမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မောခြင်းကို ဘယ်လိုဖြေရှင်းမလဲ

    မောခြင်းက အဆုတ်ရောဂါရဲ့ အဖြစ်အများဆုံးလက္ခဏာ တစ်ခု ဖြစ်ပါတယ်။ နှလုံးရောဂါ၊ သွေးအားနည်းရောဂါ၊ ဟော်မုန်းပြဿနာတွေလည်း မောနိုင်ပေမယ့် ဒီဆောင်းပါးမှာတော့ အဆုတ်ရောဂါကြောင့် မောတာကို အဓိကထားပြီး ပြောပါမယ်။ မောခြင်းကို ကုသတဲ့အခါ ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ကုသရပေမယ့် အိမ်မှာ မောခြင်း သက်သာစေဖို့ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

    မောခြင်းကို ဘယ်လိုဖြေရှင်းမလဲ

    မောခြင်းကို ဘယ်လိုဖြေရှင်းမလဲ ဆိုတော့

    ဆေးလိပ်ဖြတ်ပါ။

    သင်က ဆေးလိပ်သောက်သူဆိုရင် မောတာကို သက်သာဖို့ အရေးအကြီးဆုံးပြောင်းလဲသင့်တဲ့ အချက်ကတော့ ဆေးလိပ်သောက်ခြင်းပဲ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ ဆေးလိပ်သောက်သူတွေက ဆေးလိပ်မသောက်သူတွေနဲ့ ယှဉ်ရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားနှုန်း ၂-၃ ဆ ပိုများတယ်လို့ ဆိုပါတယ်။

    ဒါ့ပြင် အဆုတ်ရဲ့ စွမ်းဆောင်ရည်က ဆေးလိပ်ဖြတ်လိုက်ရင် ပြန်ကောင်းလာတတ်ပါတယ်။ ဒါကြောင့် COPDလို့ခေါ်တဲ့ နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းလူနာတွေမှာ ဆေးလိပ်ဖြတ်လိုက်တဲ့အခါ လက္ခဏာတွေ ပြန်ကောင်းလာတာဖြစ်ပါတယ်။

    လေ့ကျင့်ခန်း ပိုလုပ်ပါ

    လေ့ကျင့်ခန်းလုပ်ခြင်းက လူနာတွေကို အဆုတ်စွမ်းဆောင်ရည်ကျဆင်းတာ၊ နှလုံးစွမ်းဆောင်ရည်ကျဆင်းတာကို ကာကွယ်ပေးပြီး အရိုးကြွက်သားတွေကို သန်မာစေပါတယ်။

    နေ့စဉ် အလယ်အလတ်ပြင်းထန်တဲ့ လေ့ကျင့်ခန်း လုပ်ခြင်းက  မောခြင်းကို လျော့ကျစေပြီး ယေဘုယျကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အနည်းဆုံး တစ်နေ့ကို လေ့ကျင့်ခန်း မိနစ် ၂၀နဲ့  တစ်ပတ်ကို ၅ရက်လောက်လုပ်ခြင်းက ကျန်းမာရေးအကျိုးကျေးဇူးကို ရရှိစေနိုင်ပါတယ်။

    Beetroot များများစားပါ။

    မောခြင်းက သံဓာတ်ချို့တဲ့တာကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါကြောင့်ဆိုရင် ဒီအခြေအနေကို သက်သာစေဖို့ beetroot စားသင့်ပါတယ်။ Beetroot မှာ သံဓာတ်အပြင် အမျှင်ဓာတ်၊ Calcium၊ Potassium နဲ့ ဗီတာမင်တွေ ပါဝင်ပါတယ်။

    အချို့အစားအစာတွေဖြစ်တဲ့ အသီးအရွက်၊ ပဲ၊ ကာဗွန်ပါဝင်တဲ့ အရည်တွေဟာ လေထခြင်းကို ဖြစ်စေနိုင်ပါတယ်။ လေပွခြင်းဟာ ရင်ဝမ်းခြားကြွက်သားကို ဖိအားများစေပြီး မောစေနိုင်ပါတယ်။ သင်ဟာ မကြာခဏ လေထတက်သူဆိုရင် ကိုယ်ခန္ဓာမှာ လေထခြင်းကို ဖြစ်စေတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။

    အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။

    အဆုတ်ရောဂါအတွက် အသက်ရှူလေ့ကျင့်ခန်းတွေကို လုပ်သင့်ပါတယ်။ ပါးစပ်စေ့ထားပြီး အသက်ရှူခြင်းက ရုတ်တရက်မောတဲ့အချိန်တွေမှာ အကျိုးရှိပါတယ်။

    ပါးစပ်စေ့ပြီး အသက်ရှူခြင်းကို ပြုလုပ်ဖို့အတွက် နှာခေါင်းနဲ့ အသက်အပြည့်အဝရှူပြီး စေ့ထားတဲ့ ပါးစပ်ကနေ လေကို ဖြည်းညင်းစွာ ပြန်ထုတ်သင့်ပါတယ်။ ဒီနည်းလမ်းကို တစ်နေ့မှာ သုံးလေးကြိမ်လေ့ကျင့်ခြင်းဟာ ရုတ်တရက်မောခြင်းဖြစ်လာတဲ့ အချိန်တွေမှာ ကူညီပေးနိုင်ပါတယ်။

    ဒါဟာ သင့်ရဲ့ အသက်ရှူနှုန်းကို နှေးစေပြီး ပုံမှန် အသက်ရှူမှုကို ပြန်ရစေပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်ပူခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    • သက်သောင့်သက်သာထိုင်ပြီး လည်ပင်းနဲ့ ပုခုံးကြွက်သားတွေကို လျှော့ထားပါ။
    • သင့်နှုတ်ခမ်းကို စေ့ရုံစေ့ထားပါ။
    • နှာခေါင်းနဲ့ နှစ်စက္ကန့်လောက် အသက်ရှူပါ။
    • ပြီးရင်တော့ စေ့ထားတဲ့ ပါးစပ်ကနေပြီး လေကို ၄ အထိရေကာ ဖြည်းညင်းစွာ ပြန်ထုတ်ပါ။
    • ဒီလို ရှူသွင်း၊ ရှူထုတ်ခြင်းကို နောက် ၁၀ မိနစ်အထိ ပြုလုပ်နိုင်ပါတယ်။

    ဒီအသက်ရှူနည်းကို သင်မောတယ်လို့ ခံစားရတိုင်း ပြုလုပ်နိုင်ပါတယ်။ မိနစ်အနည်းငယ်အတွင်းမှာ နေပိုကောင်းလာတာကို တွေ့ရနိုင်ပါတယ်။

    နေထိုင်ပုံ ပြောင်းလဲခြင်း၊ အစားအသောက် ပြောင်းလဲခြင်းနဲ့ အိမ်မှာ ပြုလုပ်နိုင်တဲ့ ဒီနည်းလမ်းတွေဟာ မောခြင်းကို သက်သာစေနိုင်ပါတယ်။ ပြီးတော့ ဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေပြီး ထိရောက်တဲ့ ကုသမှုကို ခံယူနိုင်ဖို့ ဆရာဝန်နဲ့ ဆက်လက်ဆွေးနွေးသင့်ပါတယ်။

    ရေသားသူ- Dr Phyu Mon Latt

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement