လောကမှာ မဖျားတဲ့သူဆိုတာ မရှိပါဘူး။ ဘယ်လောက်ပဲ ကျန်းမာနေတဲ့ သူတစ်ယောက် ဖြစ်ပါစေ၊ အစာအာဟာရကို ဂရုစိုက်ပြီး စားသုံးနေပါစေ တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ ပုံမှန် ဖျားတတ်ပါတယ်။ ခဏခဏ ဖျားတဲ့သူတွေမှာတော့ တော်တော်လေးကို ဖျားနာခြင်းရဲ့ ဒဏ်ကို ခံစားရပါတယ်။ သူများတွေက တစ်နှစ်လောက်မှ တစ်ခါပဲ ဖျားနေရင် သူတို့က တစ်လကို တစ်ခါလောက် ဖျားနေပြီ၊ ဖျားရင်လည်း အနည်းဆုံး ၃-၄ ရက်ကနေ တစ်ပတ်လောက်ထိပဲ။ ဖျားရင် လူက မလှုပ်ချင်၊ မကိုင်ချင်နဲ့ အလုပ်ကိစ္စတွေ ပျက်မယ်၊ အစားအသောက် ပျက်မယ်၊ ပြုစုပေးတဲ့ သူရော ဖျားနေတဲ့သူပါ ဒုက္ခများ၊ အလုပ်ရှုပ်ရတယ်နော်။