backup og meta

ရေချိုးဆပ်ပြာ တိုင်းက အသားအရေကို စောင့်ရှောက်မှုပေးနိုင်ရဲ့လား


Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေချိုးဆပ်ပြာ တိုင်းက အသားအရေကို စောင့်ရှောက်မှုပေးနိုင်ရဲ့လား

    တစ်ကိုယ်ရေသန့်ရှင်း စေဖို့နဲ့ကျန်းမာစေဖို့ တစ်နေ့ကိုနှစ်ကြိမ်ရေချိုးပါ။ ရေချိုးတယ်ဆိုမှတော့ ခန္ဓာကိုယ်ပေါ်ကချေးတွေ၊ ဘက်တီးရီးယားတွေနဲ့ အနံ့အသက်ဆိုးတွေကို ကင်းစေချင်မယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါ။ ဒီတော့ရေချိုးရင် ဆပ်ပြာသုံးကြတယ်ဟုတ်။ ဆပ်ပြာသုံးတဲ့အခါ အလွယ်တကူ ရှိတဲ့ဆပ်ပြာကိုပဲ သုံးလိုက်တာများမယ်ထင်ပါတယ်။ ဒီလိုသုံးလိုက်တာကလည်း ရေချိုးဆပ်ပြာ တိုင်းက အနံ့လေးမွှေးနေတာကြောင့် ပါပါမယ်။ ဒါပေမယ့် ဆပ်ပြာတိုင်းက အသားအရေကို ပြည့်ပြည့်ဝဝ အထောက်အကူမပြုနိုင်ပါဘူး။ ဘာကြောင့် ဒီလိုပြောရလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်လား။

    ဆပ်ပြာတိုင်းကအသားအရေကို မကာကွယ်ပေးနိုင်ဘူးလို့ပြောရတဲ့ အကြောင်းအရင်း

    လူတော်တော်များများဆပ်ပြာဝယ်တဲ့အခါ ဘာကိုကြည့်ပြီးရွေးမယ်ထင်လဲ။ အနံ့လေးမွှေးလားဆိုပြီး အရင်နမ်းကြည့်ကြတယ်ဟုတ်။ သူငယ်ချင်းကိုတောင် အဖော်ခေါ်ပြီးမွှေးတယ်နော်လို့ပြောတတ်ကြတာ ကိုယ်တွေ မိန်းကလေးတွေရဲ့အကျင့်နော်။ အနံ့မွှေးတဲ့ဆပ်ပြာလေးနဲ့ရေချိုးလိုက်ရင် စိတ်ထဲမှာ ကြည်လင်လန်းဆန်းတယ်ဆိုပေမယ့်ရေရှည်မှာ အမွှေးနံ့ပြင်းတာက အသားအရေကိုခြောက်သွေ့စေနိုင်ပါတယ်။

    အသားအရေခြောက်သွေ့မှုကရေရှည်မှာ အပေါ်ယံအရေပြား ကွဲအက်တာကိုဖြစ်စေပြီး ဒီအရေပြားကွဲတဲ့နေရာတွေကနေတဆင့် ခန္ဓာကိုယ်ထဲကိုရောဂါပိုးတွေရောက်သွားစေနိုင်ပါတယ်။ ဒီလိုကနေ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။နောက်တစ်ချက်က အချို့သောဆပ်ပြာတွေက ဓါတုပစ္စည်းပြင်းတွေပါတာကြောင့်ရေရှည်မှာ အသားအရေကိုထိခိုက်စေနိုင်ပါတယ်။ ဘက်တီးရီးယားအားလုံးကိုလည်း မဖယ်ရှားပေးနိုင်ပါဘူး။ ဒီတော့ မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေကပျော်ပျော်ကြီးလိုက်လာပြီပေါ့။

    ဒီတော့ ဆပ်ပြာကို ဘယ်လိုရွေးမလဲ……….

    ဆပ်ပြာရွေးတဲ့အခါ အမွှေးနံ့ထက် သတိထားရမယ့် အခြားအချက်တွေရှိပါသေးတယ်။

  • ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်လား
  • အရေပြားအစိုဓါတ်ထိန်းပေးတဲ့ အလှဆီပါရဲ့လား
  • အမွှေးနံ့ပြင်းလွန်းလား
  • အရောင်တောက်လွန်းလား
  • အဆီပါဝင်မှုများလား ဆိုတဲ့အချက်တွေကိုသေချာလေးကြည့်ဖို့လိုပါမယ်။
  • ဆပ်ပြာကိုသေချာရွေးခိုင်းရတဲ့အကြောင်းအရင်း

    အရေပြားက ခန္ဓာကိုယ်ရဲ့ ခံတပ်ပါ။ ခံတပ်ခိုင်မှ ကျန်းမာမှာပေါ့။ ဒီတော့ ခန္ဓာကိုယ်ကျန်းမာစေဖို့ အရေပြားကိုသေချာလေးဂရုစိုက်ဖို့လိုပါမယ်။ အရေပြားကို အဓိကသက်ရောက်နေတဲ့ အကြောင်းအရာတွေက အများကြီးရှိပါတယ်။ ဒါတွေကတော့

    တစ်နေ့တာမှာ ထိတွေ့လာတဲ့ ဘက်တီးရီးယားတွေ၊ ညစ်ညမ်းမှုတွေကို အကောင်းဆုံးတိုက်ထုတ်ပေးနိုင်ဖို့က ဆပ်ပြာကောင်းကောင်းသုံးဖို့လိုပါမယ်။ ဆပ်ပြာက ဓါတုပစ္စည်းတွေအများကြီးပါနေမယ်ဆိုရင် အသားအရေကခြောက်သွေ့ပြီး အရေပြားထိခိုက်တာ၊ ခန္ဓာကိုယ်ထဲကိုရောဂါပိုးတွေဝင်ရောက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုက်ဆပ်ပြာကိုသေချာလေးဂရုစိုက်ရွေးဖို့လိုပါလိမ်မ့ယ်။ ဒါမှာ ကျန်းမာတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်တော့မပေါ့။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement