backup og meta

ခရီးထွက်ပေးသင့်တဲ့ အကြောင်းအရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 22/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခရီးထွက်ပေးသင့်တဲ့ အကြောင်းအရင်း

    အလုပ်တွေ၊ မိသားစု တာဝန်တွေ ထဲမှာပဲ တစ်ချိန်လုံး မြှုပ်နှံပြီး နေနေတော့မှာလား။ အနည်းဆုံး တစ်နှစ်ကို တစ်ခေါက်လောက်တော့ အပန်းဖြေခရီးလေး ထွက်လိုက်ပါ။ မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်ပေါ့။ ခရီးသွားတာက အလုပ်ပိုတွေလို့ ထင်နေတယ် ဆိုရင်တော့ ဒီအတွေးကို အခုချက်ချင်းပဲ ခေါင်းထဲက ဖယ်ထုတ်လိုက်ပါ။ ခရီးထွက်ပေးသင့်တဲ့ အကြောင်းအရင်း တွေကို သိသွားရင် ခုပဲ ခရီးသွားချင်စိတ် ပေါက်သွားမှာပါ။

    ခရီးထွက်ပေးသင့်တဲ့ အကြောင်းအရင်း

    ခရီးထွက်ပေးသင့်တဲ့ အကြောင်းအရင်း ဆွေက တစ်ခုမကပါဘူး။ နေ့ရက်တိုင်းမှာ အလုပ်၊ မိသားစုကိစ္စတွေကိုပဲ စဉ်းစားနေရတဲ့ အခြေအနေထဲကနေ ရက်ပိုင်းလောက် ရုန်းထွက်လို့ ခရီးထွက်လိုက်မယ်ဆိုရင်

  • စိတ်ဖိစီးမှု လျော့ကျစေမှာပါ
  • ခရီးထွက်လိုက်တာ ပုံမှန် အခြေအနေ တစ်ရပ်ကနေ ရုန်းထွက်မှု တစ်ရပ်ပါပဲ။ ခရီးသွားနေစဉ်မှာ မိသားစု တာဝန်တွေနဲ့ ကင်းကွာနေမှာ ဖြစ်သလို အလုပ်ကိစ္စတွေကိုလည်း ခပ်ဝေးဝေးမှာ ချန်ထားနိုင်မှာ ဖြစ်တာကြောင့် ဒီကိစ္စတွေကနေရတဲ့ စိတ်ဖိစီးမှုတွေကိုခေတ္တခဏ ခေါက်ထားနိုင်မှာ ဖြစ်သလို စိတ်ထဲက ကျဉ်းကျပ်နေတာတွေကိုလည်း ပြေလျော့စေနိုင်မှာပါ။

    ခရီးထွက်တာကြောင့် စိတ်ဖိစီးမှုတွေကို ပြေလျော့စေတာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေမှာ အမှန်ပါ။ တစ်နေ့တာလုံး အလုပ်ခွင်က ထိုင်ခုံမှာ ထိုင်နေတာထက် ခရီးသွားတဲ့အခါ လှုပ်ရှားသွားလာမှု ပိုများတာကြောင့် ခန္ဓာကိုယ်ကို ပြေလျော့စေမှာလည်း အသေအချာပါ။

    နေ့စဉ် အလုပ်ခွင်မှာ သဘာဝလေ မထိတွေ့ရသူတွေ အဖို့ဆိုရင်တော့ သဘာဝလေ နဲ့ နေရောင်ခြည်ကိုပါ ထိတွေ့ခွင့်ရမှာ ဖြစ်တဲ့အတွက် စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်မှာအသေအချာပါ။

    လေ့လာမှုတွေအရ ခရီးသွားတဲ့သူတွေဟာ ခရီးမသွားဘဲ နေသူတွေထက် နှလုံးရောဂါ ခံစားရနိုင်ခြေ ပိုနည်းတယ်လို့ သိရပါတယ်။ ခရီးသွားတဲ့အခါ ခံစားရတဲ့ စိတ်ပျော်ရွှင်မှု၊ လှုပ်ရှားသွားလာမှုတွေကလည်း နှလုံးကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် နှလုံးကျန်းမာနေစေဖို့ ခရီးထွက်ပေးတာက အဆင်ပြေမှာပါ။

  • ဘီယာဗိုက်ကို ကျစေနိုင်တယ်
  • ခရီးသွားတဲ့အခါ စားချင်တာတွေ စားနေပေမယ့် သွားချင်တဲ့ နေရာတွေကိုလည်း ရောက်အောင်သွားနေပါတယ်။ ဒီလိုလုပ်ဆောင်မှုကပေါင်ချိန်တွေတိုးမလာစေဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်သလို အပေါ်မှာပြောခဲ့သလို ခရီးသွားတဲ့အခါ ကောတီစောဟော်မုန်း တိုးလာတာကြောင့် စိတ်ဖိစီးမှု များတာကို မဖြစ်စေတဲ့အတွက် ကောတီစော ဟော်မုန်းများတာရဲ့ ဆိုးကျိုးဖြစ်တဲ့ ဗိုက်အဆီတက်တာကို မဖြစ်အောင်လည်း ကာကွယ်ရာ ရောက်ပါတယ်။

    ပတ်ဝန်းကျင် အသစ်တစ်ရပ်နဲ့ ထိတွေ့ရမှုက စိတ်ကို လန်းဆန်းစေနိုင်ပြီး အသစ်အသစ်သော ဖန်တီးမှုတွေကို ခံစားရစေနိုင်ပါတယ်။ ဒီလို ထိတွေ့မှုတွေကပဲ ဖန်တီးမှု အားကောင်းအောင် အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ ဒါကြောင့် တီထွင်ဖန်တီးမှု အားကောင်းချင်ရင် ခရီးထွက်ပေးပါ။

    လေ့လာမှုတွေအရ အပန်းဖြေ ခရီးထွက်တာက စိတ်ဓာတ်မကျအောင် ကာကွယ်ပေးနိုင်တယ်၊ လို့ တွေ့ရှိခဲ့ရပါတယ်။ ပုံမှန် ခရီးထွက်နေသူတွေက ခရီးမထွက်သူတွေထက် စိတ်ခံစားမှု ပိုကောင်းတတ်ကြပြီး စိတ်ဓာတ်ကျနိုင်ခြေ ကလည်း တော်တော်လေး နည်းပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျမှု ကင်းဝေးအောင် ကိုယ့်အတွက်ကိုယ် ရင်းနှီးမြှုပ်နှံတဲ့အနေနဲ့ အနည်းဆုံး တစ်နှစ်ကို တစ်ခေါက်လောက် ခရီးထွက်ပေးပါ။

    ခရီးသွားတာက စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းစေနိုင်တာကြောင့် အနည်းဆုံး တစ်နှစ်ကို တစ်ခေါက်လောက်တော့ အပန်းဖြေခရီးထွက်ဖို့ တိုက်တွန်းပါရစေ Hello ဆရာဝန်ပရိသတ်ကြီးရေ………….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 22/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement