မိုးမိတာနဲ့ အအေးမိဖျားနာ ဖြစ်နိုင်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

ကျွန်တော်တို့ ငယ်ငယ်တုန်းက မိုးရေထဲထွက်ဆော့ရင် အအေးမိဖျားနာ ဖြစ်လိမ့်မယ်ဆိုပြီး လူကြီးမိဘတွေ ပြောဆိုခဲ့တာ မှတ်မိမယ်ထင်ပါတယ်။ ပြောစကားနားမထောင်ပဲ မိုးရေထဲ ထွက်ဆော့မိလို့ ဖျားပြီဆိုရင် စကားနားမထောင်ရကောင်းလား ဆိုပြီး ဆူခံထိတာလည်း ခဏခဏပါပဲ။ အဲ့လိုနဲ့ပဲ အအေးမိဖျားနာတာဟာ မိုးမိတာရဲ့ အကျိုးသက်ရောက်မှုဆိုပြီး လူတွေက ထင်လာကြပါတယ်။ ဒါဆိုရင် တချို့သူတွေက မိုးမိလျက်နဲ့ ဘာလို့ မဖျားနာတာလဲလို့ မေးစရာ ဖြစ်လာပါတယ်။

မိုးမိလို့ အအေးမိဖျားနာ ဖြစ်နိုင်လား။

လူအများစု ယုံကြည်ထားကြတဲ့ မိုးမိလို့ အအေးမိဖျားနာ ဖြစ်တယ်ဆိုတာ မဟုတ်ပါဘူး။ သာမန် အအေးမိခြင်းဟာ Rhinovirus လို့ ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးအပြင် တခြားသော ပိုးပေါင်း ၂၀၀ကျော်ကနေ တစ်ဆင့် ကူးဆက်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ အလွန်အမင်း မောပန်းနေတဲ့အချိန်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတဲ့အချိန်မှာ ကိုယ်ခံအားကျဆင်းနေတဲ့အတွက် ပိုးဟာ ကိုယ်ခန္ဓာထဲဝင်ရောက်လာတဲ့အခါမှာ အလျင်အမြန်ပွားလာပြီး အအေးမိဖျားနာတာ ဖြစ်နိုင်ပါတယ်။

ဒါဆိုရင် အေးတဲ့ ရာသီတွေမှာ ဘာလို့ အအေးမိတာအဖြစ်များတာလဲ။

ရာသီဥတုအေးတဲ့အခါမှာ အိမ်ထဲမှာပဲ နီးနီးကပ်ကပ်နေကြတဲ့အတွက် တစ်ယောက်မှာ ရောဂါပိုးရှိရင် ကျန်တဲ့အိမ်သားတွေကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ကလေးသူငယ် တွေဆိုရင်လည်း ကျောင်းမှာ ဆော့ကစားရင်း လက်ကို သေချာမဆေးမိတဲ့အခါမျိုးမှာ ကူးစက်ဖို့ လွယ်ကူပါတယ်။ နောက်တစ်ခုက ဗိုင်းရပ်စ်ပိုးတွေဟာ ခြောက်သွေ့တဲ့လေထုထဲမှာ အလျင်အမြန် ပြန့်နှံ့နိုင်တဲ့အတွက် မိုးတွင်း၊ ဆောင်းတွင်းလိုမျိုး ရာသီဥတုမှာ ဖြစ်ပွားတဲ့နှုန်းက တခြားအချိန်ထက် ပိုများနိုင်ပါတယ်။

အအေးမိ၊ တုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်မလဲ။

ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေဟာ လေထဲကတစ်ဆင့် ကူးစက်နိုင်သလို၊ ဖျားနေသူရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ကိုင်တွယ်ကြည့်ပြီး လက်သေချာမဆေးမိတဲ့အခါ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် အပြင်ကနေပြန်လာတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာ နှံ့စပ်စွာဆေးကြောပေးဖို့ လိုပါတယ်။ တစ်နှစ် တစ်ကြိမ် တုပ်ကွေးကာကွယ်ဆေး ထိုးထားရပါမယ်။ ဖျားနေတယ်လို့ သံသယရှိတဲ့ သူတွေနဲ့ ဝေးဝေးမှာ နေထိုင်ပါ။ ပိုးမွှားတွေဟာ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးစက်တာဖြစ်လို့ မျက်နှာ အထူးသဖြင့် နှာခေါင်းနဲ့ ပါးစပ်ကို မလိုအပ်ပဲ ကိုင်တွယ်တာ၊ ဆပ်ပြာနဲ့ လက်မဆေးပဲ ပွတ်သပ်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။

အအေးမိပြီဆိုရင် ဘာတွေလုပ်ပေးသင့်လဲ။

အရည်များများသောက်ပါ။ ကိုယ်ခံအားစနစ်ကို ပြန်လည်ကောင်းမွန်လာဖို့ တစ်နေ့တာ လိုအပ်တဲ့ အစာအာဟာရတွေကို ပြည့်ဝစွာ စားသုံးဖို့ လိုပါတယ်။ ကြက်စွပ်ပြုတ်ပူပူနွေးနွေး၊ ရေနွေးကြမ်းတွေဟာ ပိတ်နေတဲ့ နှာခေါင်းပေါက်ကို ပြန်ပွင့်စေပြီး လည်ချောင်းခြောက်သွေ့ယားယံတာကို သက်သာစေပါတယ်။ ဖျားပြီဆိုရင် လူများတဲ့နေရာတွေကို သွားမယ့်အစား အိမ်မှာပဲ နားနေပါ။ လုံလောက်စွာ အနားယူပေးဖို့လည်း လိုအပ်ပါတယ်။ရောဂါလက္ခဏာ ပိုဆိုးလာတာဖြစ်စေ၊ဝေဒနာ မသက်သာလာဘူးဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသပြီး ကုသမှုခံယူရပါမယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရေအေးနဲ့ ရေချိုးမလား၊ ရေနွေးနဲ့ပဲ ချိုးမလား

ရေပူ ရေနွေး ရေအေး ရေချိုးခြင်း ချွေးပေါက် အညစ်အကြေး ကြွက်သား အအေးမိဖျားနာ အရေပြား ယားယံခြင်း လေ့ကျင့်ခန်း သွေးတိုး ညောင်းညာကိုက်ခဲ ပေါ့ပါးလန်းဆန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ပျော်ပျော်နေ သေခဲ

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကျန်းမာရေးအကျိုးကျေးဇူး ဘဝနေထိုင်မှုပုံစံ ဆီးချိုရောဂါ ကိုယ်လက်လှုပ်ရှားမှု သွေးတိုးရောဂါ ကိုယ်ခံအား အအေးမိဖျားနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အဖျား ပိုမဆိုးအောင် ဆင်ခြင်သင့်တဲ့ အချက်များ

အဖျား ဖျားနာခြင်း နေမကောင်း အအေးမိ တုပ်ကွေး နှာစေး ချောင်းဆိုး လည်ချောင်းနာ ရာသီဥတု မိုးရာသီ ကျန်းမာရေး ကိုယ်ခံအားစနစ် သက်သာပျောက်ကင်းမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ရေကြီးမှု၏ ကပ်ပါးကောင်ဆိုးများ

ရေကြီးမှု၏ ကပ်ပါးကောင်ဆိုးများ မိုးရာသီ ရေကြီးရေလျှံ အူရောင်ငန်းဖျားရောဂါ ဘက်တီးရီးယား အပူချိန်ကျဆင်းခြင်း သွေးလွန်တုပ်ကွေးရောဂါ ငှက်ဖျားရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ခြေဖနောင့်အက်ကွဲ ခြင်း ပြဿနာ

ခြေဖနောင့်အက်ကွဲ ခြင်း ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
ကိုဗစ်နဲ့ စီဗစ်

ကိုဗစ်နဲ့ စီဗစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 16, 2020 . 2 mins read
မိုးနံ့သင်းသင်းလေးကပေးတဲ့ ကျန်းမာရေး

မိုးနံ့သင်းသင်းလေးကပေးတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 27, 2020 . 1 min read
သစ်ချသီးလှော်လေး စားပေးပါ

သစ်ချသီးလှော်လေး စားပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 22, 2020 . 2 mins read