ကိုယ်ဝန်ဆောင်နေချိန်မှာတောင် အသားအရေလေး Glow နေစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

မိန်းကလေးမှန်ရင် အလှကြိုက်ကြပါတယ်။ မိန်းကလေးတစ်ယောက်ကို လှပစေမှုအပေါ်မှာတော်တော်လေးသက်ရောက်နေတဲ့ အချက်တစ်ခုရှိပါတယ်။ ဒါကတော့ အသားအရေပါ။ အသားအရေ ကောင်းမွန်မှုက လူတစ်ယောက်ကို အလှတိုးသွားစေနိုင်တဲ့အချက်တစ်ခုပါ။ မိန်းကလေးတွေမှာဆိုပိုသိသာတဲ့အချက်ပေါ့။ မိန်းကလေးတော်တော်များများ အရေပြားပြဿနာကြုံရတဲ့အချိန်တစ်ခုရှိပါတယ်။ အရင်ကဘယ်လောက်ပဲလှခဲ့လှခဲ့ ကိုယ်ဝန်ဆောင်ချိန်ရောက်ပြီဆိုရင်တော့ ကိုယ်တွင်းကဟော်မုန်းတွေပြောင်းလဲမှုကြောင့် အသာအရေဆိုင်ရာပြဿနာတွေခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆာင်ချိန်မှာ ကြုံတွေ့ရနိုင်တဲ့ အသားအရေပြဿနာတွေ….

ကိုယ်ဝန်ဆောင်ရချိန်မှာ ကိုယ်တွင်းကဟော်မုန်းတွေပြောင်းလဲလာမှုကြောင့်

  • အသားခြောက်တာ
  • အဆီပြန်တာ
  • ဝက်ခြံထွက်တာ
  • အမဲစက်တွေဖြစ်တာ
  • အသားအရောင်မညီတာ စတဲ့ အရေပြားပြဿနာအမျိုးမျိုးကို ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာတောင် အသားအရေလေးက Glowနေစေဖို့

ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေကို ဆက်လက်ထိန်းသိမ်းမှုမလုပ်တာမျိုးမဖြစ်စေချင်ပါဘူး။ အရင်ကအတိုင်း ဆက်ပြီး အသားအရေကို ထိန်းသိမ်းစေချင်ပါတယ်။ အကြောင်းကတော့မေမေတို့က ငါများ ဒါလူးရင်ဘေဘီလေးအဆင်ပြေပါ့မလားလို့တွေးပြီး မလူးမိတာမျိုးရှိနိုင်တာကြောင့်ပါ။ တကယ်ကတော့ ဓါတုပစ္စည်းပါဝင်မှုနည်းပြီး သဘာဝဆန်တဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကဘေဘီလေးကို ထိခိုက်စေမှုမရှိဘဲမေမေ့ကိုလည်း အရင်ကအတိုင်း ဆက်လက်လှပနေစေဖို့နဲ့ ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ အသားအရေပြောင်းလဲမှုတွေကို အထိရောက်ဆုံး ကာကွယ်နိုင်စေဖို့ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေလေး Glow ဖို့ကဖြစ်နိုင်ပါ့မလား….

ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်စရှိရှိချင်းမှာ မသိသာပေမယ့် ကိုယ်ဝန်ဆောင်ကာလ ဒုတိယ ၃ လပတ်ထဲရောက်လာတဲ့အခါ သိသာလာမှာပါ။ အကြောင်းကတော့ သန္ဓေသားကြီးထွားလာမှုနဲ့အတူ ကိုယ်တွင်းကသွေးထောက်ပံ့မှုကမျက်နှာပေါ်ကသွေးကြောတွေဆီမှာလည်းသွေးရောက်ရှိမှုကများတာကြောင့် မျက်နှာက ပန်းရောင်သွေးကြွယ်လာမှာပါ။ အဆီပြန်တတ်တဲ့သူတွေဆိုရင်တော့ အဆီပြန်နိုင်ခြေက အခြားသူတွေထက်ပိုများနိုင်တာပေါ့။

အသားအရေကို ဒီလိုထိန်းသိမ်းပါ…..

ဖောလစ်အက်ဆစ်ကြွယ်ဝတာတွေစားမယ် – အစိမ်းရင့်ရောင်ရှိတဲ့ အသီးအရွက်တွေဖြစ်တဲ့ ကညွတ်၊ ပန်းဂေါ်ဖီစိမ်း၊ အချဉ်ဓါတ်ပါတဲ့အသီးတွေ၊ ပဲအမျိုးမျိုး၊ထောပတ်သီး၊ အစေ့အဆန်တွေ၊ အခွံမာသီးတွေကို စားသုံးပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေပြောင်းလဲမှုကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ကိုယ်ဝန်ဆောင် အားဆေးတစ်မျိုးမျိုးသောက်ဖို့ကိုလည်း မမေ့ပါနဲ့။

နေလောင်ဒဏ်ကနေကာကွယ်ပါ – ခရမ်းလွန်ရောင်ခြည်က အသားအရေကို အမဲစက်တွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေကိုနေလောင်ကြောင့်ထိခိုက်မှုနည်းစေဖို့ ဓါတုပစ္စည်းပါဝင်မှုနည်းတဲ့နေလောင်ကာခရင်မ်တစ်မျိုးမျိုးကိုပုံမှန်လူးပေးပါ။

ဗီတာမင် Cပြည့်ဝစေဖို့ ဂရုစိုက်ပါ – ပတ်ဝန်းကျင်က ညစ်ညမ်းမှုတွေကြောင့်အသားအရေထိခိုက်မှုတွေကို ကာကွယ်ဖို့နဲ့ အသားအရေကို ထိခိုက်စေနိုင်တဲ့ အဆိပ်အတောက်တွေကိုဖယ်ရှားစေနိုင်ဖို့နေ့စဉ် ဗီတာမင် Cပြည့်ဝနေစေဖို့ ဂရုစိုက်ရပါမယ်။

အိပ်ရေးဝဝအိပ်ပါ – အိပ်ရေးဝဝအိပ်တာကလည်း အသားအရေကို ကျန်းမာစေနိုင်တဲ့အချက်တွေထဲကတစ်ခုပါ။ ဒါကြောင့် ညစဉ် အိပ်ချိန် ၈ နာရီပြည့်အောင် အိပ်စက်ဖို့မမေ့ပါနဲ့။

တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပါ – တစ်နေ့ကို နှစ်ကြိမ်မျက်နှာကို ညင်ညင်သာသာသစ်ပေးပါ။ မျက်နှာသစ်တဲ့အခါ အပျော့စား မျက်နှာသစ်ဆေးကိုပဲ အသုံးပြုပေးတာအကောင်းဆုံးပါ။

အစိုဓါတ်ထိန်းခရင်မ်လူးပါ – အသားအရေခြောက်သွေ့မှုကင်းစေဖို့ မျက်နှာသစ်ပြီးတိုင်းမှာ အစိုဓါတ်ထိန်းခရင်မ်ပုံမှန်လူးပေးပါ။

မျက်နှာကိုပုံမှန်ပေါင်းတင်ပေးပါ – ကိုယ်ဝန်ဆောင်နေချိန်မှာ တစ်ပတ်တစ်ခါလောက် သဘာဝပစ္စည်းတွေနဲ့ မျက်နှာကိုပေါင်းတင်ပေးပါ။ ဥပမာ သခွားသီး၊ပျားရည်၊ ကြက်ဥအကာတို့လိုမျိုး သဘာဝပစ္စည်းတွေနဲ့ မျက်နှာပေါင်းတင်ပေးပါ။

ရေများများသောက်ပါ – ကိုယ်ဝန်ဆောင်ချိန်မှာဆီးခဏခဏသွားရမှာစိုးပြီးရေမသောက်ဘဲနေတာမျိုးမလုပ်ပါနဲ့။ အသားအရေကျန်းမာစေဖို့ကရေဓါတ်ပြည့်ဝနေဖို့လည်း လိုအပ်ပါတယ်။

ကဲ…လေဒီလေးတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေလေး Glowပြီးလှနေစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်လိုက်ပါနော်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

၃၀ တောင် မကျော်သေးဘဲ ရုပ်ရင့်နေသူတွေ ဖတ်ဖို့

ရုပ်ရင့် ရင့်ရော်မှု အသားအရေ အရွယ်မတိုင်မီ ရင့်ရော်ခြင်း အသက်ကြီးခြင်း အရေပြားကျန်းမာရေး အကြောင်းရင်း အလှအပ အရွယ်တင် နုပျိုခြင်း အသားအရေထိန်းသိမ်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

နဂါးမောက်သီး နဲ့ အသားအရေ Glow ကြမယ်

နဂါးမောက်သီး အသီးအနှံ အသားအရေ Glow Skin care အလှအပ အသားအရေထိန်းသိမ်း မျက်နှာပေါင်းတင် အာဟာရဓာတ်များ ဗီတာမင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

တီဘီရောဂါ ခံစားနေရတယ်။ ဘာတွေ စားရမလဲ။

တီဘီ နှာချေတာ ချောင်းဆိုးတာ ကိုယ်အလေးချိန် အားနည်းမယ် အစားအသောက်ပျက်မယ် အဖျားတက်မယ် ကယ်လ်လိုရီ ကိုယ်အလေးချိန် ဇီဝကမ္မဖြစ်စဉ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင် မေမေ အချိုစားများတာက မွေးလာမယ့် ဘေဘီလေးမှာ ပန်းနာရင်ကျပ်ဖြစ်စေနိုင်

ကိုယ်ဝန်ဆောင်ချိန် အစားအစာတွေ သကြား ဘေဘီလေး နောက်ဆက်တွဲကျန်းမာရေးပြဿနာ အမျိုးအစား -၁ ဆီးချို ဆိုဒါတွေ အချိုရည်တွေ အဝလွန် အသက်ရှူလမ်းကြောင်းဆိုင်ရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ရေများများချိုးတိုင်း ကျန်းမာရေးအတွက် ကောင်းသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 3, 2020 . 2 mins read

ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

ကျန်းမာလှပ အသက်ရှည်ဖို့ ညဘက်ကို စောစောအိပ်ရာဝင်ကြစို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

ညသန်းခေါင်မှအိပ်တဲ့ ဉာဉ့်ငှက်လေးတွေ အသက်မြန်မြန်တိုမယ်နော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 3 mins read