backup og meta

အလုပ်လုပ်သောမိခင်တွေက ပိုကျန်းမာပျော်ရွှင်ကြသလား


Dr . Phyu Mon Latt မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလုပ်လုပ်သောမိခင်တွေက ပိုကျန်းမာပျော်ရွှင်ကြသလား

    အလုပ်လုပ်ခြင်းနဲ့ ကလေးငယ်တွေကို တစ်ချိန်တည်းမှာ ပြုစုစောင့်ရှောက်ခြင်းဟာ ခက်ခဲပေမယ့် အလုပ်လုပ်နေတဲ့ မိခင်တွေဟာ အိမ်မှာနေတဲ့ မိခင်တွေ ထက် (အထူးသဖြင့် ကလေးတွေဟာ ကလေးငယ်တွေနဲ့ ကျောင်းမနေခင်အရွယ်တွေ ဖြစ်ရင်) ပိုမိုကျန်းမာ ပျော်ရွှင်ကြတာကို တွေ့ရပါတယ်။ လေ့လာမှုတစ်ခုက အချိန်ပိုင်းအလုပ်လုပ်နေတဲ့ မိခင်တွေမှာ စိတ်ဖိစီးခြင်း၊ စိတ်ကျခြင်း အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ နည်းပါးတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေကို အိမ်မှာနေတဲ့ မိခင်တွေနဲ့ နှိုင်းယှဉ်ထားတာ ဖြစ်ပါတယ်။

    အချိန်ပိုင်းအလုပ်လုပ်နေတဲ့ မိခင်တစ်ယောက် ရရှိတဲ့ အကျိုးကျေးဇူးများ

    သုတေသနမှာတော့ ကျွမ်းကျင်သူတွေက National Institute for Child Health and Human Development မှ ကောက်ထားတဲ့ အမေရိကန်မှ မိခင် ၁၃၀၀ကျော်ရဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာခဲ့ကြပါတယ်။ အလုပ်လုပ်နေတဲ့ မိခင် (တစ်ပတ်ကို ၃၂ နာရီအောက်) တွေဟာ အိမ်မှာနေတဲ့မိခင်တွေ၊ အချိန်ပြည့်အလုပ်လုပ်နေတဲ့ မိခင်တွေ (တစ်ပတ်ကို ၃၂ နာရီအထက်) နဲ့ တူညီမှုတွေ ရှိလားဆိုတာကို ဖေါ်ထုတ်လိုကြတာ ဖြစ်ပါတယ်။

    အလုပ်လုပ်ခြင်းဟာ လူတွေရဲ့ လူမှုဆက်ဆံရေးနဲ့ သတိရှိခြင်းကို တိုးတက်စေပါတယ်။ ဒါကြောင့် ဒီလေ့လာမှုမှာ အချိန်ပိုင်းအလုပ်လုပ်နေတဲ့ မိခင်တွေဟာ စိတ်ကျရောဂါဖြစ်ပွားနှုန်း နည်းပြီး ကျန်းမာရေးပိုမိုကောင်းမွန်ကာ ကလေးငယ်တွေကို ပိုမိုဂရုစိုက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ အလုပ်က မိခင်တွေကို လူမှုရေးအရ အထီးမကျန်စေဖို့ အခွင့်အလမ်းတွေ၊ အရင်းအမြစ်တွေ ပေးစွမ်းပြီး သူတို့ရဲ့ လူမှုဆက်ဆံရေးနဲ့ ကျန်းမာရေးကို တိုးတက်စေလို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ လူမှုရေး အပြင် အချိန်ပိုင်းအလုပ်လုပ်နေတဲ့ မိခင်တွေဟာ ငွေကြေးပိုင်းဆိုင်ရာ တည်ငြိမ်မှု၊ အလုပ်စိန်ခေါ်မှုနဲ့ အလုပ်မှာ ဖြည့်ဆည်းနိုင်မှု အစရှိတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိတယ်လို့ ဆိုပါတယ်။

    အချိန်ပြည့်အလုပ်လုပ်နေတဲ့ မိခင်တွေနဲ့ ယှဉ်ရင် အချိန်ပိုင်းအလုပ်လုပ်သူ မိခင်တွေဟာ မိသားစု၊ အလုပ်ပိုင်းဆိုင်ရာ အငြင်းပွားမှုတွေ အဖြစ်နည်းပြီး ကလေးရဲ့ ကျောင်းကိစ္စတွေမှာလည်း ပါဝင်ပတ်သက်ခြင်း ပြုနိုင်ပါတယ်။ သူတို့ဟာ အိမ်အလုပ်တွေ၊ ကလေးကို ဂရုစိုက်ခြင်းတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ လေ့လာမှုက အချိန်ပိုင်းအလုပ်ဟာ စုံတွဲတစ်တွဲရဲ့ ရင်းနှီးမှု တိုးတက်ခြင်းကိုတော့ လုပ်ဆောင်ပေးခြင်း မရှိဘူးလို့ ဆိုပါတယ်။

    မိခင်အလုပ်လုပ်မီက ကလေးငယ်တွေပေါ် အကျိုးသက်ရောက်ခြင်း

    ဒီလေ့လာမှုဟာ အလုပ်လုပ်ခြင်းက ကလေးကိုပြုစုစောင့်ရှောက်မှုအပေါ် သက်ရောက်မှုရှိခြင်းကို ရှုထောင့်သုံးခုကနေ လေ့လာထားတာဖြစ်ပါတယ်။

  • မိခင်တွေဟာ ကလေးငယ်တွေကို ဘယ်လောက် ဂရုစိုက်တတ်သလဲ
  • ကလေးရဲ့ ပညာရေးမှာ ပါဝင်ဆောင်ရွက်မှု၊ တာဝန်ယူမှု
  • ကလေးကို ပေးနိုင်တဲ့ သင်ကြားမှု အခွင့်အလမ်းများ
  • ကလေးတစ်ယောက်ကို ကြီးပြင်းအောင် စောင့်ရှောက်ရာမှာ အလုပ်လုပ်ခြင်းဟာ မိခင်တွေကို အချက်အလက်တွေ၊ အတွေးအခေါ်တွေနဲ့ နည်းလမ်းတွေ တိုးတက်စေနိုင်ပါတယ်။ အလုပ်လုပ်ခြင်းဟာ မိခင်တွေကို ပြဿနာဖြေရှင်းခြင်း၊ မတူညီတဲ့ ရှုထောင့်တွေကို ကိုင်တွယ်ဖြေရှင်းခြင်းနဲ့ ကိုယ်ရည်ကိုယ်သွေးမတူညီမှုကို ဖြေရှင်းခြင်း အစရှိတဲ့ မိခင်တစ်ယောက်ရဲ့ အဓိကလိုအပ်ချက်တွေကို တိုးတက်စေပါတယ်။ သုတေသနက အလုပ်လုပ်တဲ့ မိခင်တွေဟာ အိမ်မှာနေတဲ့ မိခင်တွေထက် ကျောင်းမတက်မီအရွယ် ကလေးတွေကို ပိုမိုဂရုစိုက်နိုင်ကြတယ်လို့ ဆိုပါတယ်။ အချိန်ပိုင်းအလုပ်လုပ်တဲ့ မိခင်တွေဟာ အိမ်မှာနေတဲ့ မိခင်တွေထက် ကလေးရဲ့ ကျောင်းကိစ္စတွေမှာ ပိုမို ပါဝင်ဆောင်ရွက်နိုင်ပြီး အချိန်ပြည့်အလုပ်လုပ်တဲ့ မိခင်တွေထက်လည်း အချိန်ပိုပေးနိုင်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ ကလေးတွေကို အိမ်တွင်းအိမ်ပြင်မှာ သင်ယူမှု အခွင့်အလမ်းတွေကို ပေးနိုင်ပါတယ်။ စာအုပ်ဖတ်ခြင်း၊ ပန်းခြံကို အလည်သွားခြင်းနဲ့ ပြတိုက်သွားခြင်းတွေ ပါဝင်ပါတယ်။

    ဘော်စတွန်ကောလိပ်က An assistant director of the Boston College Center for Work & Family in Chestnut Hill ဖြစ်တဲ့ Jennifer Fraone က အချိန်ပိုင်းအလုပ်လုပ်တဲ့ မိခင်တွေဟာ အလုပ်နဲ့ အိမ်ညီမျှမှုကို ပေးနိုင်ပြီး ကလေးကို ပြုစုပျိုးထောင်ဖို့ ကိစ္စတွေကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့ ဆိုပါတယ်။ လေ့လာမှုက မေးခွန်းတစ်ခုကို သေချာစွာ မေးနိုင်ခဲ့ပါတယ်။ အလုပ်လုပ်တဲ့ မိခင်တွေဟာ ပိုမိုပျော်ရွှင်ပါသလားဆိုတာပဲ ဖြစ်ပါတယ်။ အဖြေကတော့ ဟုတ်ပါတယ်။ ဒီလိုမိခင်တွေဟာ ပိုမိုကျန်းမာပျော်ရွှင်ကြပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement