မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ ကို ကျော်လွှားနိုင်မယ့် နည်းလမ်းများ၊ ဆောင်ရန် ရှောင်ရန်များကို လေ့လာနိုင်ပါသည်။

ကျန်းမာရေးဗဟုသုတ

မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

ကလေးမီးဖွားချိန် မှာ ကြုံရနိုင်တဲ့ အခက်အခဲများ

မိခင်တွေရဲ့ ဘဝဟာ ကိုယ်ဝန်စရှိတဲ့အချိန်ကစပြီး မွေးတဲ့အထိ  အရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်နေရတာပါ။ ၉လလုံးလုံး ကလေးလေးကို မထိခိုက်အောင်ကိုယ်ဝန်လွယ်ထားရုံနဲ့ မပြီးသေးပါဘူး။ နောက်ဆုံး မွေးခန်းထဲရောက်တဲ့အထိ ဗိုက်ထဲကနေ ကလေးလေး ကျန်းကျန်းမာမာနဲ့ ထွက်သွားနိင်ဖို့လည်း လိုပါတယ်။ ဒါက နောက်ဆုံးပန်းတိုင်ပါ။ ဒါပေမယ့် ကလေးမီးဖွားချိန် နာရီပိုင်းလောက်မှာလည်း မေမေတို့ အခက်အခဲတွေ၊ မျှော်လင့်မထားတာတွေ ဖြစ်နိုင်ပါသေးတယ်။ ဒါတွေက ဘာတွေလဲ။ မေမေတို့ ဘယ်လိုတွေ ဖြေရှင်းကြမလဲ။ ကလေးမီးဖွားချိန် မှာ ကြုံရနိုင်တဲ့ အခက်အခဲများ မမွေးနိုင်တော့တာ အမေက ပန်းနေပြီ၊ မညှစ်နိုင်တော့ဘူးလို့ ပြောတာ ကြားဖူးမှာပါ။ ကလေးမီးဖွားချိန် မှာ မွေးချိန်က ထင်ထားတာထက် ကြာတဲ့အခါ အမေမညှစ်နိုင်တော့ဘူးလို့ ထင်ကြပါတယ်။ မညှစ်နိုင်တာထက် တခြားအကြောင်းအရင်းတွေ ရှိနေလို့ ကလေးက အပြင်ကို ထွက်မလာသေးတာပါ။ American Pregnancy Association ရဲ့ […]

မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ ကို ရှာဖွေမည်။

မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

မီးဖွားရခက်ပြီး မီးဖွားချိန်ကြာ တဲ့အခါ မိခင်နဲ့ကလေးမှာ ဘာတွေဖြစ်လာမလဲ။ ။

Prolonged Labour လို့ခေါ်တဲ့ မီးဖွားချိန် ကြာတဲ့ပြဿနာဟာ မီးဖွားခန်းထဲ ဝင်တဲ့ မိခင်တိုင်း စိုးရိမ်ကြတဲ့ပြဿနာတစ်ခုပါ။ မီးဖွားနေရင်း ကလေးက ဆက်ဆင်းမလာတာ၊ မိခင်က ဆက်မညှစ်နိုင်တော့တာတွေက မီးဖွားချိန်ကြာ တဲ့ ပြဿနာတွေပါ။ လူတိုင်းနီးပါးသိကြပါတယ်။ မီးဖွားတာ ကြာသင့်တဲ့ အချိန်ထက် ပိုကြာသွားရင် ကလေးရော မိခင်ရောကို ထိခိုက်နိုင်တယ်ဆိုတာ သိကြပေမယ့် ဘာတွေ ဘယ်လိုထိခိုက်သွားမလဲဆိုတာကိုတော့ သိတဲ့သူရှားမယ်လို့ထင်ပါတယ်။ မီးဖွားချိန်ကြာနေပြီဆိုတဲ့ လက္ခဏာတွေက ဘယ်လိုမျိုးလဲ ။ ဒီအချက်က လူတိုင်းသိထားသင့်တဲ့အချက်ပါ။ မီးဖွားချိန်ကြာတဲ့ လက္ခဏာတွေကတော့ ခုပြောမယ့် အချက်ထဲက အနည်းဆုံး ၃ ချက်လောက်ပါရမှာပါ။ ဗိုက်နာတာ ၁၄-၂၀ နာရီလောက်ကြာနေပြီ အမေကလည်း ဆက်မညှစ်နိုင်တော့ဘဲ နှုတ်ခမ်းတွေခြောက် အသက်ရှူမဝသလိုမျိုးတွေ ခံစားနေရလိမ့်မယ် မွေးလမ်းကြောင်းထဲ ကလေးဆက်မဆင်းတော့လို့ တစ်ဆို့ဆို့ ဖြစ်နေရာကနေ ခါးတွေ အောက်ပိုင်းတွေ နာလာမယ် […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

မီးဖွားပြီးနောက် အမျိုးသားနဲ့ အတူပြန်နေတဲ့အခါ သွေးဆင်းခြင်း

မီးဖွားတယ်ဆိုတာ အမျိုးသမီးတွေအတွက်တော့ အပြောင်းအလဲကြီးတစ်ခုနဲ့ ရင်ဆိုင်ရတဲ့ ကိစ္စပါပဲ။ ကိုယ်ဝန်စလွယ်တည်း မီးဖွားချိန် နဲ့နောက်ပိုင်း မီးဖွားပြီးတဲ့အချိန်တွေအထိ ပြောင်းလဲမှုတွေနဲ့ချည်း ရင်ဆိုင်ရတာပါ။ ဒီအထဲမှာ မီးဖွားပြီးနောက်ပိုင်း အမျိုးသားနဲ့ အတူနေတဲ့ ကိစ္စလည်းပါတာပေါ့။ မီးဖွားပြီးနောက် အိမ်ထောင်သည်အမျိုးသမီးတိုင်း ကြုံတွေ့ရတဲ့ ကိစ္စတွေထဲမှာ အမျိုးသားနဲ့ အတူနေတဲ့အချိန် သွေးဆင်းတဲ့ ပြဿနာဟာ စိတ်ညစ်စရာ အကောင်းဆုံးပါ။ ဘာ့ကြောင့် ဖြစ်ရတာလဲ။ စိုးရိမ်ရလားပေါ့။ မီးဖွားပြီးနောက် အမျိုးသားနဲ့ အတူနေတဲ့အခါ ဘာ့ကြောင့် သွေးဆင်းရတာလဲ။ မီးဖွားပြီးနောက် ဘယ်အချိန်အမျိုးသားနဲ့အတူပြန်နေသင့်တာလဲ ဆိုတာကို အရင်သိထားဖို့လိုပါတယ်။ မီးဖွားပြီး ၄၅ ရက်နောက်ပိုင်းမှသာ အမျိုးသားနဲ့အတူပြန်နေသင့်ပါတယ်။ ဒီမတိုင်ခင် အတူပြန်နေတဲ့အခါ နောက်ကိုယ်ဝန် ထပ်ရသွားနိုင်သလို နုနယ်နေတဲ့ သားအိမ်အတွက်လည်း အန္တရာယ်ရှိပါတယ်။ ဒီတော့ မီးဖွားပြီးနောက်ပိုင်း အမျိုးသားနဲ့ အတူပြန်နေတဲ့ခါ သွေးဆင်းရတာ ဘာ့ကြောင့်လဲ။ ( ၁ ) မီးဖွားပြီးနောက်ပိုင်း ပုံမှန်ဆင်းတဲ့သွေး […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

သားအိမ်ခြစ်ပြီးတာနဲ့ ကိုယ်ဝန် ပြန်ယူဖို့ ဘယ်လောက်စောင့်ရမှာလဲ ။ ။

သားအိမ်ခြစ်တယ်ဆိုတာ မတော်တဆ ကိုယ်ဝန်ပျက်ကျသွားတဲ့အခါ သားအိမ်ထဲ ကျန်နေခဲ့တဲ့ သန္ဓေသား အကြွင်းအကျန်ကို ဖယ်ထုတ်ပေးတဲ့ အသေးစားခွဲစိတ်မှု တစ်ခုဖြစ်ပါတယ်။ ဒီလို သားအိမ်ခြစ်ပြီးတာနဲ့ အားလုံးသိချင်ကြတာက အချိန်ဘယ်လောက်စောင့်ပြီးမှ အတူနေလို့ရမလဲ၊ ကိုယ်ဝန်ပြန်ဆောင်လို့ ရမလဲဆိုတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ သားအိမ်ခြစ်ပြီးတာနဲ့ ကိုယ်ဝန် ပြန်ယူဖို့ ဘယ်လောက်စောင့်ရမှာလဲ ဆိုတာကို ပြောပြပေးချင်တာပါ။ သားအိမ်ခြစ်တယ်ဆိုတာဘာလဲ ။ ။ သားအိမ်ခြစ်တယ် ဆိုတာ ကိုယ်ဝန်ပျက်ကျတဲ့သူ အများစု ခံယူဖူးတဲ့ကုသမှုတစ်မျိုးပါ။ ဆေးပညာအရ သားအိမ်ခြစ်တာကို dilation and curettage D & C လို့ခေါ်ပါတယ်။ dilation ဆိုတာ ချဲ့ထွင်တာလို့ အဓိပ္ပာယ်ရပြီး curettage ကတော့ ဇွန်းပုံသဏ္ဍာန်ရှိတဲ့ ကိရိယာနဲ့ခြစ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီတော့ dilation and curettage ဆိုတာသားအိမ်ခေါင်းကို ကျယ်သွားအောင် […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

ခါးထုံဆေးနဲ့ ဗိုက်ခွဲကလေးမွေးပြီး ခါးနာရတာ ဘာကြောင့်လဲ ။ ။

ခါးထုံဆေးနဲ့ ဗိုက်ခွဲကလေးမွေးပြီး ခါးနာရတာ ဘာကြောင့်လဲ ။ ။ ဆိုတာကို ဆောင်းပါးလေးထဲမှာ ကြည့်ကြည့်လိုက်ပါနော်။ ဗိုက်ခွဲပြီး ကလေးမွေးဖူးတဲ့ မိခင်တွေရှိကြမှာပါ။ ရိုးရိုးမွေးရင် နာမှာကြောက်လို့၊ ရိုးရိုးမွေးလို့မရလို့ဆိုပြီး ဗိုက်ခွဲပြီး ကလေးမွေးဖူးတဲ့သူတွေရှိမှာပါ။ ကလေးမွေးတဲ့အချိန်မှာတော့ အားမစိုက်ရဘဲ သက်သက်သာသာ ကလေးမွေးသွားတယ်ဆိုပေမယ့် ခွဲမွေးပြီးချိန်မှာတော့ ခံစားရမယ့် ဝေဒနာတွေ က အများကြီးပါ။ ချုပ်ရိုးကနာတာတစ်မျိုး၊ ခွဲထားလို့ဆီးမသွားနိုင်တာကတစ်မျိုး၊ ထုံဆေးကြောင့် ရတဲ့ ဘေးထွက်ဆိုးကျိုးတွေကတစ်မျိုး နဲ့ အမျိုးမျိုးခံစားရမှာပါ။ ဒီလို ဗိုက်ခွဲမွေးပြီးနောက်ပိုင်း ခံစားရတဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာ ခါးနာတာ အဆိုးဆုံးနဲ့ အဖြစ်အများဆုံးပါ။ ဒီဆောင်းပါးထဲမှာတော့ ဗိုက်ခွဲမွေးပြီးတဲ့သူတွေ ဘာကြောင့် ခါးနာရတာလဲဆိုတဲ့ အကြောင်းကို ပြောပြပေးတော့မှာပါ။ ခါးထုံဆေးနဲ့ ဗိုက်ခွဲကလေးမွေးပြီး ခါးနာရတာ ဘာကြောင့်လဲ ။ ။ ခါးထုံဆေးနဲ့ ဗိုက်ခွဲကလေးမွေးပြီး ခါးနာရတာ ဘာကြောင့်လဲ ။ ။ […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

အချင်းကပ်ခြင်း

အချင်းကပ်ခြင်း အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။ အချင်းကပ်ခြင်းဆိုတာ ဘာလဲ။ အချင်းကပ်ခြင်း ဆိုသည်မှာ အချင်းသည် မိခင်၏ သားအိမ်နံရံထဲတွင် တွယ်ကပ်နေခြင်းဖြစ်ပြီး ထိုသို့ဖြစ်ခြင်းသည် ကိုယ်ဝန်ဆောင်ချိန်တွင်ကြီးမားသော နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်ပေါ်စေပါသည်။ ယေဘူယျအားဖြင့် ကလေးမွေးပြီး ချိန်တွင် အချင်းသည် သူ့ အလိုလို ကွာကျပါသည်။ သိုကသော် အချင်းကပ်နေသူများတွင်မူ အချင်းစများသည် သားအိမ်နံရံတွင် ကပ်နေပြီး သွေးထွက်လွန်ခြင်း၊ အသက်အန္တရာယ်ထိခိုက်ခြင်းတို့ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် သင့်ဆရာဝန်က သင့်ကို အချင်းကပ်နေကြောင်း သံသယရှိပါက ကလေးကို ခွဲမွေးပြီး သားအိမ်ကိုပါ ခွဲစိတ်ဖြတ်ထုတ်ရမည်ဖြစ်သည်။ အချင်းကပ်ခြင်း၏ရောဂါလက္ခဏာများက ဘာလဲ။ အချင်းကပ်ခြင်းသည် သေနိုင်သော အခြေအနေဖြစ်သော်လည်း သိသာသော လက္ခဏာများ မတွေ့ရပါ။ တစ်ခါတရံတွင် ကလေးမွေးပြီးသည့်တိုင်အောင် မတွေ့ရသည်များလည်းရှိပါသည်။ အချို့သော မိခင်လောင်းများတွင် အသံလှိုင်းဓာတ်မှန်ရိုက်ခြင်း၊ ကိုယ်ဝန် လနှောင်းပိုင်းတွင် မိန်းမကိုယ်မှ သွေးထွက်ခြင်း စသည့် အရေးကြီးသော ရောဂါလက္ခဏာများကို တွေ့ရတတ်သည်။ ထို့ကြောင့် သင်သည် […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

မွေးဖွားပြီးနောက် ဆီးမထိန်းနိုင်ခြင်းကို ကုသနည်းများ

ဆီးမထိန်းနိုင်ခြင်း ဟာ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကိုယ်ဝန်ဆောင်ပြီးချိန်တွေမှာ ပုံမှန်ဖြစ်ပါတယ်။ ဒါဟာ အန္တရာယ်မရှိပေမယ့် သက်တောင့်သက်သာတော့ မရှိစေပါဘူး။   ကိုယ်ဝန်ဆောင်ချိန်နဲ့ ကိုယ်ဝန်ဆောင်ပြီးချိန်တွေမှာ ဆီးမထိန်းနိုင်ခြင်းဟာ ပုံမှန်ဖြစ်ပါသလား။ ဆီးမထိန်းနိုင်ခြင်းဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ လူအချို့မှာတော့ ကလေးမွေးပြီးသည်အထိ ဖြစ်တတ်ပါတယ်။ အမျိုးသမီးအချို့အတွက်ကတော့ မပြင်းထန်ပေမယ့် အချို့အတွက်ကတော့ ပြင်းထန်တတ်ပါတယ်။ ပုံမှန်အားဖြင့် ကလေးမွေးပြီး ၃-၄ လအကြာမှာ ဆီးအိမ်နဲ့ သားအိမ်ဟာ ပုံမှန်အခြေအနေတွေကို ပြန်ရောက်သွားရင် ဆီးမထိန်းနိုင်ခြင်းလည်း ပျောက်သွားတတ်ပါတယ်။ ဆီးမထိန်းနိုင်ခြင်း ဘာကြောင့်ဖြစ်တာလဲ။ ကိုယ်ဝန်ဆောင်အပြီး ဆီးမထိန်းနိုင်ခြင်းဟာ ဆီးအိမ်ပေါ်မှာ ဖိအားများတာကြောင့် ဆီးထွက်ကျခြင်းကို ဆိုလိုပါတယ်။ ဆီးအိမ်ရဲ့ အဝက ကြွက်သားဟာ ဆီးကို ကောင်းကောင်းထိန်းပေးဖို့အတွက် အလုပ်မလုပ်နိုင်တော့ပါဘူး။ များသောအားဖြင့် အာရုံကြော၊ အရွတ်နဲ့ တင်ပါးဆုံကြွက်သားတွေက ဆီးမထွက်ကျအောင် ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းကို အထောက်အပံ့ပေးထားကြပါတယ်။ ဒီနေရာတွေ အဆန့်လွန်ခြင်း (သို့) […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

ကလေးခေါင်းနှင့် မိခင် တင်ပါးဆုံအရိုးကွင်း အချိုးမကျခြင်း၏ စိုးရိမ်စရာများ

ကလေးခေါင်းနဲ့တင်ပါးအဆုံရိုးကွင်း အချိုးမကျမှုဟာ ကလေးရဲ့ခေါင်း ဒါမှမဟုတ် ခန္တာကိုယ်ကအရမ်းကြီးနေပြီး မိခင်ရဲ့တင်ပါးဆုံရိုးနဲ့မဆန့်တဲ့ အခြေအနေမျိုးပါ။ ဒီကိစ္စမျိုးဟာရှားပါးပေမယ့် မီးဖွားစဉ်ဆက်မမွေးနိုင်တော့တဲ့ အခြေအနေတွေ တော်တော်များများက ကလေးခေါင်း နဲ့ မိခင်တင်ပါးဆုံရိုးကွင်း အချိုးမကျမှုကြောင့်ဖြစ်တတ်ပါတယ်။ ကလေးခေါင်းပိုကြီးနေမှန်း အချိုးမညီမှန်း သေချာပေါက်သိပြီဆိုရင်တော့ မိခင်ရောကလေးရော အန္တရာယ်ကင်းဖို့အတွက် ခွဲမွေးတာကအကောင်းဆုံးပါပဲ။ ဘာကြောင့်ဖြစ်ရသလဲ ဖြစ်နိုင်ချေရှိတဲ့အကြောင်းအရင်းတွေကတော့ • မျိုးရိုးလိုက်တတ်တဲ့ရောဂါပြဿနာရှိခြင်း ၊ မိခင်မှာဆီးချိုသွေးချိုရောဂါရှိခြင်း၊ မီးဖွားရက်လွန်ခြင်း၊ ကလေးများခြင်း(ကိုယ်ဝန်ခဏခဏယူခြင်း) များကြောင့် ကလေးကြီးနေတာကြောင့်ဖြစ်နိုင်သလို • ကလေးအနေအထား မမှန်ခြင်း • မိခင်ရဲ့တင်ပါးဆုံအရိုးကွင်းကျဉ်းခြင်း၊ သေးခြင်း • တင်ပါးဆုံအရိုးကွင်း ပုံစံမမှန်ခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဘယ်လိုစစ်ဆေးတွေ့ရှိနိုင်မလဲ ကလေးခေါင်းနဲ့တင်ပါးဆုံအရိုးကွင်း အချိုးမကျမှုဟာ မီးဖွားစဉ်နှောင့်နှေးသောအခါ၊ ဒါမှမဟုတ် မီးဖွားမှုကိုကူညီရန်ပေးသော သားအိမ်ညှစ်ဆေးများ အကျိုးသက်ရောက်မှုမရသောအခါတွေမှာ စစ်ဆေးတွေ့ရှိတတ်ပါတယ်။ တကယ်လို့ ကလေးခေါင်းကြီးနေတာကြောင့် ဒါမှမဟုတ် မိခင်တင်ပါးဆုံအရိုးကွင်းသေးနေတာကြောင့် အချိုးမကျမှုတွေဖြစ်ရတာဆိုရင် မီးဖွားတဲ့အချိန်မရောက်မချင်း သိနိုင်ခဲပါတယ်။ မီးဖွားစဉ်မှာ ကလေးရဲ့ဦးခေါင်ခွံရိုးလေးတွေထပ်သွားပြီး မိခင်တင်ပါးဆုံရိုးအဆစ်တွေက ကားသွားကာ ကလေးထွက်သွားဖို့ နေရာချဲ့ပေးပါတယ်။ အာထရာဆောင်းဟာ […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

ကလေးမွေးရင်ဖြစ်တတ်တဲ့ ခါးနာခြင်းကို သက်သာအောင် ဘယ်လိုလုပ်ရမလဲ

ကလေးမွေးပြီဆိုရင် မိခင်ဟာပြင်းထန်တဲ့ခါးနာကျင်မှုကိုခံစားရတတ်ပါတယ်။ အဲဒီလိုနာကျင်ခြင်းကိုကလေးမွေးခြင်းကြောင့်ဖြစ်တဲ့ နောက်ကျောနာကျင်မှု (back labor) လို့ခေါ်ပါတယ်။ ထိုသို့ ဖြစ်ရခြင်းမှာကလေးမွေးချိန် ကလေးရဲ့ ခေါင်းကမိခင်ခါးကိုဖိအားသက်ရောက်မှု ရှိနေတာကြောင့် ဖြစ်နိုင်သလိုအခြားအကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သက်သေမပြနိုင်ပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ သီအိုရီတစ်ခုကတော့ သားအိမ်နာကျင်မှုကခါးဆီကိုသွားရောက် သက်ရောက်ခြင်းကြောင့် ခါးနာခြင်းပဲ ဖြစ်ပါတယ်။ အမျိုးသမီးအတော်များများဟာကလေးမွေးဖွားခြင်းနဲ့ပတ်သက်ပြီးပိုခံနိုင်ရည်ရှိအောင်လေ့ကျင့်ခန်းတွေ ပိုပြီးကြိုးစားလုပ်တတ်ကြပါတယ်။ ဒါပေမယ့် ဘယ်အရာကမှ ဒီကလေးမွေးဖွားခြင်းကြောင့်ဖြစ်တဲ့ ခါးနာခြင်းကိုမရှောင်လွှဲပေးနိုင်ပါဘူး။ မရှောင်လွှဲနိုင်ပေမယ့် အဲဒီအနာကိုသက်သာစေနိုင်တဲ့ နည်းလမ်းအချို့တော့ ရှိပါတယ်။ ၎င်းတို့ကိုအောက်တွင် ဖော်ပြထားပါတယ်။   ကျွမ်းကျင်သူတွေပြောပြချက်အရမွေးဖွားစဉ် အချိန်အတွင်းမှာစိတ်ကိုလျှော့ထားဖို့ကအရေးကြီးဆုံးအရာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ နာမှာကိုကြောက်တဲ့အခါ စိတ်ကိုတင်းထားတာမျိုးဖြစ်တတ်ပြီးအနာကိုပိုဆိုးစေနိုင်လို့ပါ။ ခြေ၊လက် လေးချောင်းလုံးထောက်ထားတဲ့ အနေအထားကကလေးရဲ့ ခေါင်းကမိခင်ကျောရိုးအပေါ်သက်ရောက်တဲ့ ဖိအားကိုလျော့နည်းစေနိုင်တဲ့အတွက် အနာသက်သာနိုင်ပါတယ်။ လှုပ်လှုပ်ရှားရှားနေပါ။   လမ်းလျှောက်ခြင်း၊ခါးကိုဘယ်ညာစောင်းပြီးလေ့ကျင့်ခန်းလုပ်ပေးခြင်း၊အနေအထားပြောင်းပေးခြင်း၊နှင့် ယောဂလေ့ကျင့်ခန်းလုပ်ခြင်းစတာတွေကအနာကိုသက်သာစေနိုင်ရုံသာမကကမ္ဘာမြေဆွဲအားစနစ်ကိုကောင်းစွာအသုံးချပြီးမွေးတဲ့အချိန်မှာတင်ပါးဆုံရိုးခွေထဲသို့ကလေးကောင်းစွာဆင်းသက်လာဖို့နဲ့ ကလေးခေါင်း၊ကိုယ် လှည့်နိုင်ဖို့ကူညီပေးနိုင်ပါတယ်။ တင်ပါးဆုံကိုလှည့်ပေးခြင်းဖြင့်လည်းကျောရိုးပေါ်သက်ရောက်တဲ့ ဖိအားကိုလျော့နည်းစေနိုင်ပါတယ်။ မွေးပေးမည့် သူကိုလည်းသားအိမ်ညှစ်တဲ့အချိန်မှာ (သို့) အဲဒီအချိန်ကြားတွေမှာ(သို့) နှစ်ချိန်လုံးမှာသင်ပိုသက်သာတယ်လို့ […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

မိခင်နို့တိုက်ခြင်းက ရင်သားတွဲကျခြင်းကို မလွဲမသွေဖြစ်စေနိုင်သလား

ကလေးနို့တိုက်ခြင်းဟာ ရင်သားတွဲကျစေမယ်ဆိုတဲ့ ယုံတမ်းစကား ရှိခဲ့ပြီး ဒါဟာ မိခင် အသစ်တွေအတွက် ကြောက်မက်ဖွယ် ကောင်းပါတယ်။ တကယ်လို့ သင်ဟာ ကလေးကို နို့တိုက်ချင်ပေမယ့် ဒါကို စိတ်ပူနေတယ်ဆိုရင် စိတ်မပူပါနဲ့တော့။ သုတေသနတွေက ကလေးနို့တိုက်ခြင်းဟာ ရင်သားရဲ့ ပုံပန်းသဏ္ဍာန်ကိုရော၊ အရွယ်အစားကိုပါ အကျိုးသက်ရောက်မှု မရှိဘူးလို့ ဆိုကြပါတယ်။ ဘာကြောင့် သိပ္ပံပညာကဒီလို ပြောတာလဲ။ သင်ဒါကို သတိထားမိပြီး ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ရင်သားတွေကို ထောက်ပံ့ပေးရတဲ့ အရွတ်တွေဟာ ဆန့်လာတာကြောင့် ရင်သားတွေဟာ ပြည့်လာပြီး လေးလံလာပါလိမ့်မယ်။ ဒီလို ဆွဲဆန့်ခြင်းဟာ သင်ကလေးကို နို့တိုက်သည်ဖြစ်စေ၊ မတိုက်သည်ဖြစ်စေ ကလေးမွေးပြီးချိန်မှာ ရင်သားတွဲကျခြင်းရဲ့ အဓိက တရားခံဖြစ်နိုင်ပါတယ်။ နောက်တစ်ကြိမ် ကိုယ်ဝန် ရှိတိုင်းမှာ ဒါဟာ ပိုပြီး သိသာ ထင်ရှားလာနိုင်ပါတယ်။ အသက်ကြီးခြင်းနဲ့ ဆေးလိပ်သောက်ခြင်းဟာလည်း အရေပြားရဲ့ […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

မွေးကင်းစကလေးထွားခြင်းက တကယ်ပဲ ပိုကောင်းတာလား

ကြီးမားတဲ့ (ကိုယ်အလေးချိန်များတဲ့) ကလေးမွေးနှုန်းဟာ မကြာသေးမီ နှစ်များအတွင်းက လျင်မြန်စွာ မြင့်တက်ခဲ့ပါတယ်။ မျိုးရိုးဗီဇ၊ ကိုယ်ဝန်ဆောင်စဉ် အသက်၊ မိခင်ကျန်းမာရေးအခြေအနေ တွေနဲ့အတူ ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်က အကြောင်းရင်းတွေက ကလေးရဲ့ကိုယ်အလေးချိန်များခြင်းက ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရှိတယ်ဆိုတဲ့ ယုံကြည်ချက်ထက် မပိုပါဘူး။ ဒါပေမယ့် ကြီးမားတဲ့ ကလေးတွေဟာ တကယ်ပဲ ကောင်းမွန်ပါသလား။ ကြီးမားတဲ့ကလေးတွေရဲ့ အကျိုးကျေးဇူးများ ရောဂါဖြစ်ပွားနှုန်းနိမ့်ခြင်း မိခင်ရဲ့ သားအိမ်အခြေအနေ၊ ကလေးရဲ့ မွေးကင်းစ ကိုယ်အလေးချိန်နဲ့ နောက်ပိုင်းဖြစ်နိုင်တဲ့ နာမကျန်းမှုတွေ ဆက်စပ်မှုကို ရှာဖွေတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တဲ့ Cambridge Univerisity ရဲ့ သုတေသန တစ်ခုမှာတော့ မွေးကင်းစမှာ ကိုယ်အလေးချိန်များတဲ့ ကလေးတွေဟာ ကိုယ်အလေးချိန်နည်းတဲ့ ကလေးတွေနဲ့ ယှဉ်ရင် ရောဂါတိုက်ဖျက်နိုင်တဲ့ DNA patterns တွေ ပါရှိတယ်လို့ ဆိုပါတယ်။ Dr. […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း