backup og meta

မွေးကင်းစကလေးထွားခြင်းက တကယ်ပဲ ပိုကောင်းတာလား


Dr . Phyu Mon Latt မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးကင်းစကလေးထွားခြင်းက တကယ်ပဲ ပိုကောင်းတာလား

    ကြီးမားတဲ့ (ကိုယ်အလေးချိန်များတဲ့) ကလေးမွေးနှုန်းဟာ မကြာသေးမီ နှစ်များအတွင်းက လျင်မြန်စွာ မြင့်တက်ခဲ့ပါတယ်။ မျိုးရိုးဗီဇ၊ ကိုယ်ဝန်ဆောင်စဉ် အသက်၊ မိခင်ကျန်းမာရေးအခြေအနေ တွေနဲ့အတူ ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်က အကြောင်းရင်းတွေက ကလေးရဲ့ကိုယ်အလေးချိန်များခြင်းက ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရှိတယ်ဆိုတဲ့ ယုံကြည်ချက်ထက် မပိုပါဘူး။ ဒါပေမယ့် ကြီးမားတဲ့ ကလေးတွေဟာ တကယ်ပဲ ကောင်းမွန်ပါသလား။

    ကြီးမားတဲ့ကလေးတွေရဲ့ အကျိုးကျေးဇူးများ

    ရောဂါဖြစ်ပွားနှုန်းနိမ့်ခြင်း

    မိခင်ရဲ့ သားအိမ်အခြေအနေ၊ ကလေးရဲ့ မွေးကင်းစ ကိုယ်အလေးချိန်နဲ့ နောက်ပိုင်းဖြစ်နိုင်တဲ့ နာမကျန်းမှုတွေ ဆက်စပ်မှုကို ရှာဖွေတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တဲ့ Cambridge Univerisity ရဲ့ သုတေသန တစ်ခုမှာတော့ မွေးကင်းစမှာ ကိုယ်အလေးချိန်များတဲ့ ကလေးတွေဟာ ကိုယ်အလေးချိန်နည်းတဲ့ ကလေးတွေနဲ့ ယှဉ်ရင် ရောဂါတိုက်ဖျက်နိုင်တဲ့ DNA patterns တွေ ပါရှိတယ်လို့ ဆိုပါတယ်။ Dr. Claire Quilter, of the University’s Department of Pathology က ဒီအသစ်ရှာဖွေ တွေ့ရှိမှုဟာ မွေးကင်းစကလေးငယ်ရဲ့ အရွယ်အစားနဲ့ နောင်တစ်ချိန်ဖြစ်လာမယ့် ရောဂါတွေရဲ့ ဆက်နွယ်မှုဟာ ငြင်းဆန်မရဘူးဆိုတာ သက်သေပြခဲ့ပါတယ်။ အတိအကျပြောရရင်တော့ မွေးကင်းစမှာ ကိုယ်အလေးချိန်များတဲ့ကလေးတွေဟာ ကလေးငယ်ဘဝနဲ့ အရွယ်ရောက်တဲ့ အချိန်တွေမှာ ရောဂါဖြစ်ပွားနှုန်းနည်းတယ်လို့ ဆိုပါတယ်။ ဒီလေ့လာမှုကို Federation of American Societies for Experimental Biology journal မှာ ထုတ်ဝေခဲ့ပါတယ်။

    ပညာရေးပိုင်းမှာ ပိုမိုထူးချွန်ကြပါတယ်။

    ကလေးငယ် ယောက်ျားလေးနဲ့ မိန်းကလေး ၃၉၀၀ ကို သူတို့ရဲ့ ဘဝတစ်လျှောက် အဆင့်ငါးဆင့်မှာ စမ်းစစ်ခဲ့တဲ့ British လေ့လာမှုတစ်ခုမှာ (မွေးကင်းစ၊ အသက် ၈ နှစ်၊ ၁၁ နှစ်၊ ၁၅ နှစ်၊ ၂၆ နှစ်) သုတေသီတွေက မွေးကင်းစ ကိုယ်အလေးချိန်များတဲ့ကလေးတွေဟာ မှတ်ဉာဏ်ပိုကောင်း ကြပြီး ပညာရေးမှာ အရွယ်တူတွေနဲ့ ယှဉ်ရင် အမှတ်ပိုကောင်းကြတယ်လို့ ဆိုပါတယ်။ ဒါဟာ သူတို့ရဲ့ လူမှုရေးနောက်ခံအခြေအနေနဲ့ ဆက်နွယ်မှု မရှိပါဘူး။ ဥပမာ အလုပ်လုပ်တဲ့ နောက်ခံအခြေအနေရှိတဲ့ အမျိုးသားတွေမှာ မွေးကင်းစ ကိုယ်အလေးချိန်များတဲ့ ကလေးတွေဟာ အတန်းပညာထူးချွန်နှုန်း ၄၅%နဲ့ ယေဘုယျအားဖြင့် ဆက်စပ်နေပါတယ်။ ဒါဟာ မွေးကင်းစ ကိုယ်အလေးချိန်နည်းတဲ့ကလေးတွေမှာတော့ ၃၁% သာ ရှိပါတယ်။

    ကြီးမားတဲ့ကလေးတွေရဲ့ ဆိုးကျိုးများ

    ကိုယ်ဝန်ဆောင်စဉ် အခက်အခဲဖြစ်ခြင်း

    ကြီးမားတဲ့ကလေးတွေဟာ မိန်းမကိုယ်မှ ကလေးမွေးဖို့ ခက်ခဲစေပြီး မွေးဖွားစဉ် ဒဏ်ရာရရှိနိုင်ပါတယ်။ ကလေး ကိုယ်အလေးချိန် ၄ ကီလိုထက်များတဲ့ မိခင်တွေဟာ မီးဖွားရာနေရာ ပြဲခြင်း၊ သွေးအလွန် ဆုံးရှုံးခြင်း၊ မီးညောင့်ရိုး ပျက်စီးခြင်းတွေ ဖြစ်နိုင်ပါတယ်။ ကလေးကြီးတွေဟာ သဘာဝအတိုင်းမွေးဖို့ ခက်ခဲတာကြောင့် ခွဲမွေးရနှုန်းလည်း မြင့်မားပါတယ်။ ညှပ်နဲ့ မွေးခြင်း၊ လေစုပ်မွေးခြင်းတွေလည်း လိုအပ်နိုင်ပါတယ်။

    ငယ်ရွယ်စဉ်နဲ့ အသက်ကြီးလာချိန်မှာ အဝလွန်နိုင်ခြင်း

    Archives of Pediatrics and Adolescent Medicine က နိုဝင်ဘာမှာ ထုတ်လုပ်ခဲ့တဲ့ ၁၀ နှစ်စာ အမေရိကန် လေ့လာမှု တစ်ခုက အသက် နှစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် ပုံမှန်ထက်များတဲ့ကလေးတွေမှာ အသက် ၅-၁၀ နှစ်အတွင်း အဝလွန်ရောဂါဖြစ်ဖို့ အခွင့်အလမ်းများတယ်လို့ ဆိုပါတယ်။ ကလေးဘဝမှာ ကိုယ်အလေးချိန် များလေလေ လူကြီးဘဝမှာလည်း လိုက်များလေလေဖြစ်နိုင်ပါတယ်။ ဒီလေ့လာမှုရဲ့အဖြေဟာ ၄၄၀၀၀ ကလေးတွေကို မွေးကင်းစကနေ သူတို့အသက် ၁၀နှစ်အထိ ကောက်ထားတဲ့ အချက်အလက်တွေပေါ် အခြေခံထားတာဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် အဝလွန်နေတဲ့ကလေးငယ်တွေဟာ ဒီအခြေအနေကနေ လွတ်မြောက်သွားမှာပဲ ဆိုပြီး မှားယွင်းစွာ ယုံကြည်ချက်မျိုး မရှိသင့်ကြောင်း Elsie Taveras က ပြောပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement