သားအိမ်ခြစ်ပြီး ရက်ပိုင်းလောက်မှာဗိုက်အောင့်တာ ၊ သွေးနည်းနည်းဆင်းတာတွေဖြစ်တတ်ပါတယ်။
သားအိမ်ခြစ်တယ်ဆိုတာ အခြား ကြီးကြီးမားမား ဘေးထွက်ဆိုးကျိုးတွေ မရှိသလောက်ရှားတဲ့ ခွဲစိတ်မှုတစ်ခုပါ။ ဒါပေမယ့်လည်း အခန့်မသင့်ရင်တော့ ဖြစ်တတ်တဲ့ တစ်ချို့ဆိုးကျိုးလေးတွေရှိပါတယ်။ ဒါတွေကတော့
- သားအိမ်ပေါက်ခြင်း
- သားအိမ်ခေါင်းကို ထိခိုက်မိခြင်း
- Asherman’s syndrome လို့ခေါ်တဲ့ သားအိမ်ခြစ်ခြင်းကြောင့် သားအိမ်မှာ အမာရွတ်တစ်ရှူးကျန်ခဲ့ခြင်း – Asherman’s syndrome ကြောင့် ရာသီလာချိန် ကိုက်ခဲတာတွေ ဖြစ်နိုင်တဲ့အပြင် နောက်ပိုင်း ကိုယ်ဝန်ဆောင်တိုင်း သန္ဓေသားမခိုင်တော့ဘဲ ကိုယ်ဝန်ပျက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဝမ်းသာစရာတစ်ခုကတော့ Asherman’s syndrome ဟာ မဖြစ်သလောက်ကိုရှားတဲ့ ဆိုးကျိုးတစ်ခုပါ။
- သားအိမ်ခြစ်ပြီး သားအိမ်တွင်း ပိုးဝင်တာကလည်း ဖြစ်တတ်ပေးမယ့် ရှားတဲ့ အရာတစ်ခုပါ။
သားအိမ်ခြစ်ပြီးတာ ကြာနေတာတောင် ကလေးပြန်မရသေးရင် ဘယ်လိုလုပ်ရမလဲ ။ ။
သားအိမ်ခြစ်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲမှာ Asherman’s syndromeလည်း အပါအဝင်ဖြစ်ပါတယ်။ Asherman’s syndrome ဆိုတာ သားအိမ်ခြစ်ပြီး ကျန်ခဲ့တဲ့ အမာရွတ်လေးကြောင့် ကိုယ်ဝန်မခိုင်တာတွေ၊ ကိုယ်ဝန်မရတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် Asherman’s syndromeဟာ မဖြစ်သလောက်ရှားတဲ့ အရာတစ်ခုပါ။ ဒါ့ကြောင့် သားအိမ်ခြစ်ပြီးတာနဲ့ ငါကိုယ်ဝန်ရတော့မှာ မဟုတ်ဘူးဆိုတဲ့ အတွေးကို ခေါင်းထဲဖယ်ထားလိုက်ပါ။
သားအိမ်ခြစ်ပြီးနောက်ပိုင်း ကြိုးစားတာတောင် ကိုယ်ဝန်မရသေးဘူးဆိုရင်
ဆရာဝန်ဆီ သေချာသွားပြီး ကိုယ့်ဆီမှာ ကိုယ်ဝန်မရနိုင်တဲ့ ဘယ်လို ချို့ယွင်းချက်တွေရှိလဲဆိုတာကို အဖြေရှာပါ။ ကိုယ်ဝန်မရနိုင်သေးတဲ့ အကြောင်းအရင်းဟာ Asherman’s syndrome ကြောင့် မဟုတ်ဘဲ အခြား အကြောင်းအရာတွေလည်း ရှိနိုင်သေးတာကြောင့်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။