backup og meta

ကလေးခေါင်းနှင့် မိခင် တင်ပါးဆုံအရိုးကွင်း အချိုးမကျခြင်း၏ စိုးရိမ်စရာများ


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးခေါင်းနှင့် မိခင် တင်ပါးဆုံအရိုးကွင်း အချိုးမကျခြင်း၏ စိုးရိမ်စရာများ

    ကလေးခေါင်းနဲ့တင်ပါးအဆုံရိုးကွင်း အချိုးမကျမှုဟာ ကလေးရဲ့ခေါင်း ဒါမှမဟုတ် ခန္တာကိုယ်ကအရမ်းကြီးနေပြီး မိခင်ရဲ့တင်ပါးဆုံရိုးနဲ့မဆန့်တဲ့ အခြေအနေမျိုးပါ။ ဒီကိစ္စမျိုးဟာရှားပါးပေမယ့် မီးဖွားစဉ်ဆက်မမွေးနိုင်တော့တဲ့ အခြေအနေတွေ တော်တော်များများက ကလေးခေါင်း နဲ့ မိခင်တင်ပါးဆုံရိုးကွင်း အချိုးမကျမှုကြောင့်ဖြစ်တတ်ပါတယ်။ ကလေးခေါင်းပိုကြီးနေမှန်း အချိုးမညီမှန်း သေချာပေါက်သိပြီဆိုရင်တော့ မိခင်ရောကလေးရော အန္တရာယ်ကင်းဖို့အတွက် ခွဲမွေးတာကအကောင်းဆုံးပါပဲ။

    ဘာကြောင့်ဖြစ်ရသလဲ

    ဖြစ်နိုင်ချေရှိတဲ့အကြောင်းအရင်းတွေကတော့

    • မျိုးရိုးလိုက်တတ်တဲ့ရောဂါပြဿနာရှိခြင်း ၊ မိခင်မှာဆီးချိုသွေးချိုရောဂါရှိခြင်း၊ မီးဖွားရက်လွန်ခြင်း၊ ကလေးများခြင်း(ကိုယ်ဝန်ခဏခဏယူခြင်း) များကြောင့် ကလေးကြီးနေတာကြောင့်ဖြစ်နိုင်သလို

    • ကလေးအနေအထား မမှန်ခြင်း

    • မိခင်ရဲ့တင်ပါးဆုံအရိုးကွင်းကျဉ်းခြင်း၊ သေးခြင်း

    • တင်ပါးဆုံအရိုးကွင်း ပုံစံမမှန်ခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

    ဘယ်လိုစစ်ဆေးတွေ့ရှိနိုင်မလဲ

    ကလေးခေါင်းနဲ့တင်ပါးဆုံအရိုးကွင်း အချိုးမကျမှုဟာ မီးဖွားစဉ်နှောင့်နှေးသောအခါ၊ ဒါမှမဟုတ် မီးဖွားမှုကိုကူညီရန်ပေးသော သားအိမ်ညှစ်ဆေးများ အကျိုးသက်ရောက်မှုမရသောအခါတွေမှာ စစ်ဆေးတွေ့ရှိတတ်ပါတယ်။ တကယ်လို့ ကလေးခေါင်းကြီးနေတာကြောင့် ဒါမှမဟုတ် မိခင်တင်ပါးဆုံအရိုးကွင်းသေးနေတာကြောင့် အချိုးမကျမှုတွေဖြစ်ရတာဆိုရင် မီးဖွားတဲ့အချိန်မရောက်မချင်း သိနိုင်ခဲပါတယ်။ မီးဖွားစဉ်မှာ ကလေးရဲ့ဦးခေါင်ခွံရိုးလေးတွေထပ်သွားပြီး မိခင်တင်ပါးဆုံရိုးအဆစ်တွေက ကားသွားကာ ကလေးထွက်သွားဖို့ နေရာချဲ့ပေးပါတယ်။

    အာထရာဆောင်းဟာ သန္ဓေသားရဲ့အရွယ်အစားကို ခန့်မှန်းပေးနိုင်သော်လည်း အလေးချိန်အတွက်တော့ လုံးဝယုံကြည်ထားလို့မရပါဘူး။ မိခင်တင်ပါးဆုံအရိုးကွင်း ပုံစံကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုနည်းတစ်မျိုးနဲ့ စစ်ဆေးခြင်းကသာ အတိကျဆုံးနည်းဖြစ်ပါလိမ့်မယ်။ တကယ်လို့ အချိုးကျမကျ သေချာမသိနိုင်ဘူးဆိုရင်တော့ မီးဖွားမှုကိုကူညီပေးဖို့ သားအိမ်ညှစ်ဆေးထိုးပေးနိုင်ပြီး ထိုဆေးဟာ ကလေးအနေအထားကိုလည်း အလိုအလျောက် လည်ပြီး မှန်သွားစေနိုင်ပါတယ်။

    ကလေးခေါင်းနဲ့တင်ပါးဆုံရိုးအချိုးမကျမှုဟာ လူသိများတဲ့ပြဿနာတစ်ခုမဟုတ်သလို သင်ဟာ ဒီကိုယ်ဝန်မှာ ထိုအချိုးမကျမှုများရှိတာနဲ့ပဲ၊ နောက်ထပ် ကလေးတွေမှာ ဒီလိုပဲကြုံရမယ်တော့မဟုတ်ပါဘူး။

    ကလေးခေါင်းနဲ့တင်ပါးဆုံရိုးအချိုးမကျမှုနဲ့ပတ်သက်လို့ သင်သိထားသင့်တဲ့အချက် ၃ ချက်

    တင်ပါးဆုံရိုးဟာ ပုံသေတောင့်နေတဲ့အရိုးကြီးတစ်ခု မဟုတ်ပါဘူး။ အရိုးများစွာကို အရွတ်များစွာနဲ့ ချိတ်ဆတ်တွဲထားတာပါ။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ သင့်ခန္တာကိုယ်က Relaxin လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးထုတ်ပြီး ထိုဟော်မုန်းက အရွတ်တွေ၊ အဆစ်တွေကို လျော့စေ၊ပျော့စေကာ မွေးလမ်းကြောင်းမှာ ကလေးရွေ့လျားမှုကို အထောက်အပံ့ပေးပါတယ်။ သင်ကိုယ်ဝန်ဆောင်ချိန်ပြီးခါနီးလေလေ အဆစ်တွေအားနည်းလာသလို နေလို့ထိုင်လို့မကောင်းတော့တာဟာ ဒီဟော်မုန်းကြောင့်ပါ။

    သင့်မီးဖွားမှုပုံစံကပြောင်းလဲမှုအကြီးကြီးဖြစ်စေနိုင်ပါတယ်

    ပတ်လက်အနေအထား သို့မဟုတ် ၄၅ဒီဂရီလှဲနေသောအနေအထားဟာ တင်ပါးဆုံအရိုးကွင်း ကျဉ်းသူတွေကို ကလေးမွေးဖွားမှုမှာ ၃၀ရာခိုင်နှုန်းလောက် အကူအညီဖြစ်စေပါတယ်။ မီးဖွားခြင်းအတွက် ၃၀ရာခိုင်နှုန်းဆိုတာလည်း ပြောင်းလဲမှုအကြီးကြီးကိုဖြစ်စေနိုင်ပါတယ်။ ဆောင့်ကြောင့်ထိုင်ပြီးမွေးတာမျိုး၊ ဘေးတစောင်းလှဲတာ၊ လေးဘက်ထောက်အနေအထားမျိုးမှာ မွေးဖွားတာမျိုးဟာလည်း ကလေးဆင်းဖို့အတွက် လုံလောက်တဲ့နေရာအကျယ်အဝန်းပေးနိုင်ပါတယ်။

    ကလေးအနေအထား

    ကလေးတွေဟာဆင်းလာပြီး မွေးလမ်းကြောင်းထဲဝင်လာတာပါ။ မီးဖွားစဉ်မှာ သူတို့က ကွေးရင်းနဲ့ သင့်တင်ပါးဆုံးရိုး တစ်လျှောက် ရွေ့ဆင်းလာသူတွေပါ။ ဒါကြောင့် တစ်ခါတစ်ရံ ကလေးတွေက ရှိသင့်တဲ့အနေအထားမဟုတ်တဲ့အခါ တင်ပါးဆုံရိုးကွင်း ထဲဝင်ရန်ခက်ခဲပြီး မွေးဖွားရခက်တတ်ပါတယ်။ ထိုအခြေအနေမျိုးမှာ ကလေးအနေအထားမှန်ပြီး ရိုးရိုးမွေးလို့အဆင်ပြေအောင် လုပ်နိုင်တဲ့နည်းအမျိုးမျိုးရှိပါတယ်။ တကယ်လို့ အလွယ်တကူ ပုံစံအမှန်မရောက်နိုင်ဘူးဆိုရင်တော့ ခွဲစိတ်ဖို့လိုအပ်ပါလိမ့်မယ်။ ဒီတစ်ကြိမ်မှာ ခွဲမွေးလိုက်ရပြီဆိုပေမယ့်လည်း နောက်ထပ်ကိုယ်ဝန်တွေမှာ ကလေးပုံစံမှန်မှန် မိခင် တင်ပါးဆုံအရိုးကွင်းနှင့် အချိုးအစားညီရင်တော့ ရိုးရိုးပြန်မွေးလို့ရပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement