ဒုတိယ သုံးလပတ်

ကိုယ်ဝန်ဆောင်ကာလ ဒုတိယ သုံးလပတ် သည် သန္ဓေသားအတွက် အင်မတန်အရေးကြီးတဲ့ ကာလဖြစ်တာကြောင့် ကိုယ်ဝန်ဆောင် မေမေတို့ သိသင့်သိထိုက်သည်များကို လေ့လာနိုင်ပါသည်။

ကျန်းမာရေးဗဟုသုတ

ဒုတိယ သုံးလပတ်

ဗိုက်ထဲက ရင်သွေးလေး လှုပ်နေပြီလား မေမေတို့ ။ ။

ကိုယ်ဝန်ဆောင်နေတဲ့ မေမေတိုင်း ဗိုက်ထဲက ကလေးလေးလှုပ်ပြီဆိုတာနဲ့ စိတ်လှုပ်ရှား ဝမ်းသာကြတဲ့ သူချည်းပါ။ ဗိုက်ထဲက ကလေးလေးက အရမ်းကန်တယ်ဟ ယောက်ျားလေးများလား၊ ကြီးလာရင် ဘောလုံးသမားများဖြစ်မလားဟ ဆိုပြီး တွေးတွေးပြီး ပျော်တတ်ကြတာ မိဘတိုင်းပါ။ ဗိုက်ထဲက ကလေးလေးက မလှုပ်သေးလို့၊ ဘယ်တော့လှုပ်မှာလဲ၊ အရင်ကလှုပ်နေကျ ခု မလှုပ်တော့လို့ဆိုပြီး စိုးရိမ်ကြီးခဲ့ရတဲ့ အခိုက်အတန့်တွေလည်း မိဘတိုင်းမှာ ရှိခဲ့ပါတယ်။ ဒီတော့ ဗိုက်ထဲက ရင်သွေးလေး လှုပ်နေပြီလား ။ လှုပ်နေပြီဆိုရင် ဗိုက်ထဲက ရင်သွေးလေး လှုပ်ခြင်း ( fetal quickening) အကြောင်း ကြည့်လိုက်ရအောင် ။ ။ ဗိုက်ထဲက ရင်သွေးလေး လှုပ်နေပြီလား မေမေတို့ ။ ။ ကလေးစလှုပ်တာကို ကိုယ်ဝန်သက် ၁၆ပတ်ကနေ ၂၅ ပတ်အတွင်းမှာ မေမေတို့ ခံစားရမှာပါ။ […]

ဒုတိယ သုံးလပတ် ကို ရှာဖွေမည်။

ဒုတိယ သုံးလပတ်

သင့်ရင်သွေးလေး သားသားလား၊ မီးမီးလား ဘယ်တော့ခွဲခြားနိုင်ပြီလဲ

ဝမ်းဗိုက်ထဲရှိ ရင်သွေးလေး သားသားလား၊ မီးမီးလား မသိရသော သံသယစိတ်သည် မိဘတွေကို နှိပ်စက်နေသော အရာတစ်ခုဖြစ်သည်။ ဤအကြောင်းနှင့် ပတ်သက်ပြီး အာထရာဆောင်း ဆရာဝန်က သင့်ကို ပြောပြနိုင်ပါသည်။ သို့သော် သူတို့သည်လည်း မှားနိုင်ပါသေးသည်။ တကယ့်အမှန်ကို မသိရသေးခင် သင့်ရင်သွေးလေး၏ လိင်အမျိုးအစားကို ခန့်မှန်းဖို့ ဆန်းကြယ်ပြီး ပျော်စရာကောင်းသော နည်းလမ်းအချို့ကို ဤဆောင်းပါးတွင် ဖတ်ရှုလေ့လာကြည့်ပါ။ သင့်ရင်သွေးလေး သားသားလား၊ မီးမီးလား ဘယ်တော့ခွဲခြားနိုင်ပြီလဲ သင့်ရင်သွေးလေး သားသားလား၊ မီးမီးလား ဘယ်တော့ခွဲခြားနိုင်ပြီလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ သင့်ကလေး၏ လိင်ကို ဘယ်အချိန်၊ ဘယ်လို သိနိုင်ပါသလဲ။ ကိုယ်ဝန်သည်အများစုသည် ကိုယ်ဝန်ဆောင်ကာလ အလယ်ပိုင်းတွင်ရိုက်သော အာထရာဆောင်းတွင် ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာကို သိနိုင်ပါသည်။ များသောအားဖြင့် ၁၆ ပတ်နှင့် အပတ် ၂၀ အတွင်း အာထရာဆောင်းမှာပေါ့။ သို့သော် […]


ဒုတိယ သုံးလပတ်

၃၂ ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သူမ၏ စိတ်ခံစားမှုသည် ပိုပြီးရှင်းလင်းလာပါသည်။ နောက်လာမည့် လများတွင် သင့်ကလေးသည် နှစ်သက်ခြင်း၊ သူများငိုလျှင် လိုက်ငိုခြင်းကဲ့သို့သော စိတ်ခံစားမှုများ အမူအရာများကို အတုခိုးတတ်လာပါလိမ့်မည်။ ရှေ့ဆက်၍ သင့်ကလေးသည် သင် အခြားသူများကို မည်သို့ဆက်ဆံသည်ကို သူမြင်သည့်အတိုင်း သင်ယူပါလိမ့်မည်။ ၇လ၏ နောက်ဆုံးပတ်တွင် သင့်ကလေးသည် ထိုင်ရာမှ ထရပ်နိုင်သည်။ ဝမ်းလျားမှောက်နေရာမှ ထထိုင်နိုင်သည်။ လက်ခုပ်တီးတတ်ပြီး လက်ကိုဝှေ့ရမ်းနှုတ်ဆက်တတ်သည်။ ပစ္စည်းများကို လက်ဖြင့် ကောက်ယူတတ်သည်။ အိမ်နှင့် အနီးတဝိုက်ကို စူးစမ်းတတ်သည်။ မေမေ၊ ဖေဖေ ခေါ်တတ်ပြီဖြစ်သည်။ ကလေးကို မည်သို့ ကူညီသင့်ပါသလဲ။ သင့်ကလေးသည် အခြားအခန်းတွင် သီးခြားအိပ်လျှင် သင်နှင့်ခွဲရမည်ကို စိုးရိမ်စိတ်ရှိလျှင် အိပ်ရာမဝင်ခင် သင့်ကလေးကို စာဖတ်ပြခြင်း၊ ပုခက်လွှဲပေးခြင်း၊ သီချင်းဖွင့်ပြခြင်းများလုပ်ပေးပြီး သူ့အနားတွင် အချိန်ပိုနေပေးပါ။ အိပ်ရာမဝင်ခင် ပုံမှန်လုပ်တတ်သောအရာများကို လုပ်ပေးခြင်းဖြင့် သင့်ကလေးကို […]


ဒုတိယ သုံးလပတ်

ကိုယ်ဝန်ဆောင်စဉ် ခရီးသွားခြင်း

ကိုယ်ဝန်ဆောင်နေစဉ် မှာ မိခင်အနေနဲ့ အစစအရာရာ ဂရုစိုက်ရမယ်ဆိုတာ မှန်ပါတယ်။ ဒီလိုဆိုပေမယ့် ကိုယ်ဝန်ဆောင်တွေက မွေးဖွားမယ့်အချိန်ထိ ကိုးလကျော်နီးပါး အိမ်မှာပဲ ငြိမ်ငြိမ်လေးထိုင်နေရမယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ထားပေမယ့် တခြားအမျိုးသမီးတွေလိုပဲ လုပ်ငန်းခွင်ဝင်တာ၊ အပြင်ထွက်လည်တာ၊ သွားသွားလာလာတွေ လုပ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ခရီးသွားခြင်း ကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။ ဆောင်ရန်၊ ရှောင်ရန်တွေကို သေချာနားလည်ထားရင် အန္တရာယ်ကင်းကင်းနဲ့ အပန်းဖြေနိုင်မှာပါ။ ကိုယ်ဝန်ဆောင်စဉ် ခရီးသွားခြင်း အတွက် ဆောင်ရန် ရှောင်ရန်များ ကိုယ်ဝန်ဆောင်စဉ် ခရီးသွားခြင်း လုပ်မယ်ဆိုရင် ဘာတွေ လိုက်နာသင့်သလဲ။ ကိုယ်သွားမယ့်နေရာမှာ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန် ရှိ မရှိ၊ ရှိရင်လည်း ဘယ်နေရာမှာလဲ၊ ကိုယ်တည်းတဲ့နေရာနဲ့ ဘယ်လောက်ဝေးလဲဆိုတာကို သေချာစုံစမ်းထားပါ။ ဒါမှ မတော်တဆ ကိုယ်ဝန်နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာခဲ့ရင် ဖြေရှင်းနိုင်မှာပါ။ သောက်လက်စ ဆေးဝါးတွေကို […]


ဒုတိယ သုံးလပတ်

ယောက်ျားလေးကိုယ်ဝန်ရမလား၊ မိန်းကလေးကိုယ်ဝန်ရမလား ဆိုတာ စားသောက်မှုပုံစံနဲ့ ဆိုင်သလား

ယောက်ျားလေးကိုယ်ဝန်ရမလား၊ မိန်းကလေးကိုယ်ဝန်ရမလား ဆိုတာ စားသောက်မှုပုံစံနဲ့ ဆိုင်သလား ........ ဆိုတာကို လေ့လာလိုက်ရအောင်နော်။ ဖန်ပြွန်သန္ဓေဆောင်ခြင်း၊ သုက်ပိုးထည့်သွင်းပြီး ကိုယ်ဝန်ဆောင်စေခြင်းစတဲ့ နည်းပညာကို အသုံးပြုပြီး ကိုယ်ဝန်ဆောင်ရင်တော့ ယောက်ျားလေးကိုယ်ဝန်ရမလား၊ မိန်းကလေးကိုယ်ဝန်ရမလားဆိုတာ ရွေးလို့ ရကောင်းရနိုင်ပါတယ်။ ဒါပေမယ့် သဘာဝအတိုင်း ကိုယ်ဝန်ဆောင်မယ် ဆိုရင်တော့ ယောက်ျားလေးမွေးမလား၊ မိန်းကလေးမွေးမလား ဆိုတာ ကံကြမ္မာအရပါပဲ။ တချို့လေ့လာချက်တွေမှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရဲ့  စားသောက်မှုပုံစံက ဘာလေးမွေးမလဲ ဆိုတာအပေါ် သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ ဒါကို တိတိပပတော့ သက်သေမပြနိုင်ပေမယ့် ဗဟုသုတအနေနဲ့တော့ လေ့လာထားသင့်ပါတယ်။ ယောက်ျားလေးကိုယ်ဝန်ရမလား၊ မိန်းကလေးကိုယ်ဝန်ရမလား ဆိုတာ နဲ့ စားသောက်မှုပုံစံ Sir Jules Thorn Charitable Trust ထူထောင်ခဲ့တဲ့ ဗြိတိန်က သုတေသနတစ်ခုမှာ သားဦး ကိုယ်ဝန်ဆောင်သူ ၇၂၁ဦးကို သူတို့ရဲ့ ကိုယ်ဝန် မဆောင်မီနဲ့ […]


ဒုတိယ သုံးလပတ်

သားသားလေးလား မီးမီးလေးလား ဘယ်လိုသိနိုင်မလဲ

ကိုယ်ဝန်ဆောင်နေချိန်မှာ သားသားလေးလား မီးမီးလေးလား ခန့်မှန်းနေရတာက အတော်ကို စိတ်လှုပ်ရှားစရာကောင်းပါတယ်။ အရပ်ထဲက မိရိုးဖလာနည်းလမ်းတွေနဲ့ ခန့်မှန်းနေကြတဲ့ လူပြောသူပြောတွေအပြင် ကလေးဟာ ဘာလေးဖြစ်မလဲဆိုတာ ရှာဖွေနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒီခေတ်မှာဆိုရင်တော့ အယ်ထွာဆောင်းရိုက်ပြီး ဘာလေးလဲဆိုတာကို အလွယ်တကူသိနိုင်နေပါပြီ။ ကဲ .... သားသားလေးလား မီးမီးလေးလား ဘယ်လိုသိနိုင်မလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။ ဒီဆောင်းပါးလေးမှာတော့ ဟိုးအရင်တုန်းက သားသားလေးလား မီးမီးလေးလား ဆိုတာကို ဘယ်လိုခန့်မှန်းကြလဲ။ ဒီခေတ်မှာရော ဘယ်လိုတွေ သိနိုင်လဲဆိုတာ ပြောပြပေးသွားမှာပါ။ သားသားလေးလား မီးမီးလေးလား ဆိုတာကို အရင်က ဒီလိုခန့်မှန်းကြတာပါ။ ဒီနည်းလမ်းတွေကတော့ လုံးဝကို လူပြောသူပြောများတဲ့ ဒဏ္ဍာရီတွေပါပဲ။ ဘာပဲဖြစ်ဖြစ် ပျော်စရာတော့ ကောင်းပါတယ်လေ။ ကိုယ်ဝန်ဆောင်ရဲ့ ဗိုက်ပုံစံ လူကြီးတွေ ပြောတာတော့ ဗိုက်ကလေးက ဘောလုံးလို လုံးနေမယ်ဆိုရင်၊ အောက်စိုက်နေမယ်ဆိုရင် ယောက်ျားလေးမွေးပါမယ်တဲ့။ တကယ်လို့ ဗိုက်က ကားကားလေးဖြစ်နေမယ်ဆိုရင် မိန်းကလေး […]


ဒုတိယ သုံးလပတ်

22 ပတ်

22 ပတ် မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် 22 ပတ် မှာ သင်္ဘောသီးအရွယ် ၂၇.၆၈ စင်တီမီတာ ၄၅၃ ဂရမ် ရှိပါပြီ။ နှုတ်ခမ်းလေးတွေ၊ မျက်ခွံလေးတွေ၊ မျက်ခုံးမွေးလေးတွေ ထင်ရှားလာရင် မွေးကင်းစလေးနဲ့ တူတော့မှာပါ။ ကမ္ဘာကြီးအကြောင်းသင်ယူဖို့ အာရုံခံအင်္ဂါတွေ စဖွံ့ဖြိုးပါပြီ။ အရသာခံဖုတွေလည်း လျှာမှာပေါ်လာပါပြီ။ မျက်နှာကိုင်တာ၊ လက်မစုပ်တာ၊ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေ လှုပ်ရှားတာကအစ မေမေတွေ သိနိုင်ပါပြီ။ လိင်အင်္ဂါလေးကလည်း ဖွံ့ဖြိုးဆဲပါ။ ယောက်ျားလေးဆို လိင်တံလေးက ဗိုက်အောက်ကနေ တွဲကျလာပြီး မိန်းကလေးဆို သားအိမ်နဲ့ သားဥအိမ်တွေ နေရာယူပြီး မိန်းမကိုယ် စဖွံ့ဖြိုးမှာပါ။ ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် မကြာခင်မှာ သားအိမ်က ကျုံ့လို့ တစ်ချက် တစ်ချက် အောင့်တောင့်တောင့်လေးဖြစ်တာကို သတိထားမိလာမှာပါ။ ဗိုက်ကို ညှစ်ကြည့်ရင် ကျုံ့တာကို သိရမှာပါ။ ဒါက […]


ဒုတိယ သုံးလပတ်

23 ပတ်

23 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် 23 ပတ် ကျတော့ ကလေးက သရက်သီးအလုံးလောက် ရှိလာမှာဖြစ်ပြီး ၄၅၃ ဂရမ် ၂၈.၉၅ စင်တီမီတာရှိမှာပါ။ ကလေးလေးကိုယ်မှာ အဆီတွေပေါ်လာပေမယ့် အရေပြားကတော့ လျော့ရဲပြီး အရေးအကြောင်းတွေတော့ ရှိတုန်းပါ။ ကလေးလေးရဲ့ နေစဉ်လှုပ်ရှားမှုမှာ ခြေချောင်းလက်ချောင်းတွေ လက်မောင်းတွေ ခြေထောက်တွေရဲ့လှုပ်ရှားမှုတွေ ပါပါတယ်။ လှုပ်ရှားတာ ပိုပြင်းလာတာ သတိထားမိကြလားမေမေတို့ရေ။ ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် မွေးခါနီးလေ အိပ်ရခက်လာလေပါ။ ခဏခဏဆီးသွားတာ၊ စိုးရိမ်စိတ်တွေများတာ၊ မအီမသာဖြစ်တာ၊ ခြေထောက်နာတာ၊ စိတ်မသက်မသာဖြစ်တာတွေက ကိုယ်ဝန်ဆောင်တွေအတွက် အိပ်လို့မရစေတဲ့ အဓိကအကြောင်းအရာတွေပါ။ ဒါပေမယ့် ကလေးလေးရဲ့ကျန်းမာရေးက မေမေတို့ အနားယူချိန်လုံလောက်မှုရှိမရှိပေါ် မူတည်နေတော့ ရေနွေးနွေးလေးနဲ့ချိုးတာ၊ သီချင်းအေးအေးလေးတွေ နားထောင်တာ၊ စာအုပ်ဖတ်တာ၊ နို့ပူပူလေးတစ်ခွက်လောက် သောက်ပြီးတော့ဖြစ်ဖြစ် အိပ်လို့လွယ်အောင် ကြိုးစားကြည့်လိုက်ရအောင်နော်။ ဆရာဝန်တွေညွှန်ကြားချက်အရတော့ ကိုယ်ဝန်ဆောင်တွေ တစ်ခြမ်းစောင်းပြီးအိပ်တာ (အထူးသဖြင့် […]


ဒုတိယ သုံးလပတ်

24 ပတ်

24 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် 24 ပတ် မှာကျတော့ ကလေးက ဂရိတ်ဖရုအသီးအရွယ်လောက် ရှိပြီး အရှည်က ၂၇.၉၇ စင်တီမီတာလောက် ဖြစ်နေပါပြီ။ ကလေးက အောက်ဆီဂျင်ကို အချင်းကနေ ရနေပါတယ်။ ဒါပေမယ့် မွေးလာတာနဲ့ အဆုတ်လေးက စအလုပ်လုပ်မှာဖြစ်ပြီး အောက်ဆီဂျင်တွေနဲ့ ပြည့်လာမှာပါ။ ဒါကို ပြင်ဆင်ဖို့ ကလေးလေးရဲ့ အဆုတ်ကနေ Surfactant လို့ခေါ်တဲ့ ပြန့်တင်းအားလျှော့ချတဲ့ ပစ္စည်းတွေ စထုတ်ပါတယ်။ ဒီပစ္စည်းက အသက်ရှူထုတ်တဲ့အခါ ပုံမှန်ရှူထုတ်လို့ရအောင်၊ အဆုတ်ထဲက လေအိတ်တွေ ကပ်မသွားအောင် လုပ်ပေးပါတယ်။ ဒီအချိန်မှာ နားအတွင်းပိုင်းမှာရှိတဲ့ ဟန်ချက်ထိန်းနိုင်အောင် လုပ်ပေးတဲ့နေရာက ဖွံ့ဖြိုးပြီးပြီဆိုတော့ ကလေးလေးက သူ့ကိုယ်သူအပေါ်အောက်ပြောင်းပြန် ဖြစ်နေလားဆိုတာလည်း သိနေပါပြီ။ ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် ဂလူးကိုးစ် စစ်ဆေးတာကို ပုံမှန်ဆို ၂၄-၂၈ ပတ်ကြားမှာ လုပ်ပါတယ်။ […]


ဒုတိယ သုံးလပတ်

25 ပတ်

25 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် 25 ပတ် မြောက်မှာတော့ ခရမ်းသီးအရွယ် ၆၈၀ ဂရမ် ၃၄.၅၄ စင်တီမီတာလောက်ရှိပါပြီ။ ကလေးလေးက ခဏပဲနိုးပြီး အမြဲတမ်းအိပ်နေတာ သတိထားမိမှာပါ။ ဒီအတိုင်းလေး ငြိမ်နေမယ်ဆို ကလေးလေး ဘာလုပ်နေလဲဆိုတာ ပိုသိပါတယ်။ အကြားအင်္ဂါက ဆက်ပြီးဖွံ့ဖြိုးနေမှာဖြစ်ပြီး မေမေတို့ ပြောတာကို ကြားနေပါပြီ။ ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် အစာမကြေတာတွေကြောင့် ကိုယ်ဝန်ရှိချိန်မှာ မသက်မသာဖြစ်တတ်ပါတယ်။ ပရိုဂျက်စတုန်းဟော်မုန်းက အစာရေမျိုပြွန်နဲ့ အစာအိမ်နဲ့ကြားက အဆို့ရှင်ကို လျော့ရဲစေတာကြောင့် အဆို့ရှင်မလုံတော့ပါဘူး။ ဒီတော့ အစာအိမ်အက်စစ်တွေက အစာရေမျိုအထိ ပြန်တက်သွားပါတယ်။ ရလဒ်အနေနဲ့ ရင်ပူတာ၊ မအီမသာဖြစ်တာတွေ ခံစားရပါတယ်။ ဆက်ပြီးကြီးလာနေဆဲဖြစ်တဲ့ သားအိမ်ကလည်း အစာအိမ်ကို ပိုပြီးသွားဖိသလို ဖြစ်တတ်ပါတယ်။ ဒီတော့ အစာကို နည်းနည်းစီနဲ့ မကြာမကြာစားပေးတာ၊ အဆီတွေ၊ အစပ်တွေ […]


ဒုတိယ သုံးလပတ်

26 ပတ်

26 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် 26 ပတ် အရွယ်ကလေးလေးက ကိုက်လန်ရွက်အရွယ် ၃၅.၅၆ စင်တီမီတာ ၇၇၀ ဂရမ် လောက်ရှိပါပြီ။ ကလေးလေးရဲ့ မျက်စိက အခုချိန်ထိပိတ်နေပေမယ့် မကြာခင်မှာ ပွင့်လာပြီး မျက်စိအဖွင့်အပိတ်လုပ်လို့ ရတော့မှာပါ။ လူမျိုးပေါ်လိုက်ပြီး ကလေးလေး မျက်ဆံတွေက ညိုတာ၊ မည်းတာဆိုပြီး ကွဲပြားနိုင်ပါတယ်။ မျက်လုံးအရောင်က မွေးပြီး ပထမတစ်နှစ်အတွင်း အရောင်ပြောင်းပါတယ်။ တချို့လည်းမွေးကတည်းက ညိုတာ၊ နက်တာ ပါလာပြီးသားပါ။ မျက်တောင်နဲ့ ဆံပင်တွေလည်း ရှည်လာမှာပါ။ ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် မမွေးခင်အထိ မေမေ့သားအိမ်က သားသားမီးမီးတွေအတွက် အလုံခြုံဆုံးနေရာပါ။ ဒါပေမယ့် မွေးလာရင်တော့ ကလေးက နေရာပြောင်းရတော့မှာပါ။ ဒီတော့ ကိုယ့်အိမ်ကို ကလေးအတွက် လုံခြုံတဲ့နေရာဖြစ်အောင် စပြီးပြင်ဆင်သင့်ပါပြီ။ ကလေးလေး လုံခြုံဖို့အတွက် နည်းလမ်းလေးတွေရှိပါတယ်။ ပလက်ပေါက်တွေကို ဖုံးထားပါ။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း