ဘာတွေ ရှောင်သင့်သလဲ။
- တစ်ယောက်တည်း ခရီးမသွားပါနဲ့။
- လေကြောင်းခရီးနဲ့ နာရီကြာကြာ ခရီးမသွားပါနဲ့။ သွေးခဲပိတ်ဆို့မှု ဖြစ်ပွားနိုင်ခြေ များလို့ပါ။ မဖြစ်မနေ သွားရမယ်ဆိုရင် မကြာခဏ လမ်းထလျှောက်ပါ။
- ပေ ၇,၀၀၀ ထပ်မြင့်သော အမြင့်သို့ ခရီးမသွားသင့်ပါ။
- ကိုယ်ဝန် ပထမ သုံးလပိုင်းမှာ ပျို့အန်ခြင်းတွေ ဖြစ်တတ်တာကြောင့် အဲ့ဒီလတွေမှာ ခရီးသွားခြင်းက ပျော်ရွှင်မှုနဲ့ စိတ်အပန်းပြေမှုထက် ပင်ပန်းနွမ်းနယ်မှုနဲ့ မအီမသာဖြစ်ဖို့ ပိုများပါတယ်။
- ကိုယ်ဝန် ၃၆ ပတ်နောက်ပိုင်းမှာ တစ်ယောက်တည်း ခရီးထွက်ခြင်း (သို့မဟုတ် အမြွာကိုယ်ဝန်ဆောင်ဆိုရင် ၃၂ပတ် နောက်ပိုင်းတွင် ခရီးသွားခြင်း) ကို သတိထားသင့်ပါတယ်။ ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်သင့်ပါတယ်။
- ယာဉ်မထွက်ခွာခင်နဲ့ ယာဉ်စီးနေစဉ်အတွင်းမှာ ဂတ်စ်ပါသော အအေးနဲ့ အစားအသောက်များ မစားသုံးပါနဲ့။
- လေအဝင်အထွက်မကောင်းဘဲ လူထူထပ်တဲ့ နေရာများကိုလည်း ရှောင်ပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ခရီးသွားလို့ ရပါတယ်။ ဘယ်လမှာပဲဖြစ်ဖြစ် မသွားခင်မှာ ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။ ဘာနဲ့ သွားမှာလဲ၊ လမ်းမှာ ဘယ်လောက်ကြာမှာလဲ စတာတွေကို ဆရာဝန်ကို ပြောပြထားပါ။ ဒါမှ ကိုယ့်ရဲ့ ကိုယ်ဝန်အခြေအနေပေါ် မူတည်ပြီး သွားသင့် မသွားသင့် ဆုံးဖြတ်ပေးနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။