ယောက်ျားလေးရလိုသူများ စားသုံးမှုပုံစံ ဒီစားသုံးမှုမှာ ကယ်လိုရီမြင့်တဲ့ အစားအစာတွေ ပါဝင်ပါတယ်။ ပိုတက်ဆီယမ်နဲ့ ဆားများတဲ့ အစာတွေဖြစ်တဲ့ ဆီရီယယ်၊ ငှက်ပျောသီး၊ အသား၊ ကော်ဖီ စတာတွေ ပါဝင်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကိုယ်ခန္ဓာကို တတ်နိုင်သလောက် အယ်လ်ကာလိုင်းဓာတ်များ ဖြစ်အောင်လုပ်ပြီး ယောက်ျားလေးမွေးစေမယ့်သုက်ပိုးတွေကို ရှင်သန်နိုင်ခွင့် ပိုမိုများစေဖို့ ဖြစ်ပါတယ်။
- မိန်းကလေး ရလိုသူများ စားသောက်မှုပုံစံ
မိန်းကလေး ကိုယ်ဝန်ရချင်ရင်တော့ အထက်မှာ ပြောခဲ့တဲ့ အချက်တွေနဲ့ ဆန့်ကျင်ဘက်တွေကို ရွေးချယ်စားသုံးဖို့ပါပဲ။ ကယ်လိုရီနည်းတဲ့ အစာတွေ၊ အက်ဆစ်ဓာတ်ကဲတဲ့ အစားအစာတွေဖြစ်တဲ့ နို့ထွက်ပစ္စည်းနဲ့ ဘယ်ရီသီးတွေ ပါဝင်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကိုယ်ခန္ဓာရဲ့ အက်ဆစ်ဓာတ်ကို မြင့်တက်စေပြီး ယောက်ျားလေးသုက်ပိုးတွေ ရှင်သန်နိုင်မှု ခက်ခဲစေဖို့ပါပဲ။
ဒါပေမယ့် ဒီစားသောက်မှုပုံစံတွေကို ကိုယ်ဝန်မရခင် လအနည်းငယ်မှာပဲ စားသုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ပြီးချိန်မှာတော့ ကျန်းမာရေးကောင်းမွန်ဖို့ အာဟာရဓာတ်မျှတဲ့ အစားအသောက်တွေ စားသုံးဖို့ လိုအပ်ပါတယ်။
ခုပြောခဲ့တဲ့ စားသောက်မှုပုံစံတွေက ဘာလေးမွေးမလဲဆိုတာကို လွှမ်းမိုးနိုင်တယ်ဆိုတာ မှန်ကန်ကြောင်း သက်သေပြဖို့ လေ့လာချက်တွေ အများကြီး လိုပါသေးတယ်။ ကိုယ်ဝန်မဆောင်ခင်မှာရော၊ ကိုယ်ဝန်ဆောင်ပြီးချိန်မှာရော ကယ်လိုရီနဲ့ တခြားအာဟာရတွေ ပြည့်ဝမျှတဖို့ အရေးကြီးပါတယ်။
ဥပမာ ယောက်ျားလေး မွေးချင်ဇောနဲ့ ကယ်လိုရီနဲ့ ဆားများတာတွေ စားတဲ့အခါ အဝလွန်ပြီး သွေးတိုးတာ ဖြစ်တတ်ပါတယ်။ ဒီကြောင့် ဒီအစားအစာတွေကို သိပ်အစွဲအလမ်း မထားပါနဲ့။ ပုံမှန်တော်သင့်ရုံသာ စားပေးပါ။ ကလေးနဲ့ မိခင်ရဲ့ ကျန်းမာရေးကို ဦးစားပေးဖို့ အကြံပြုလိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။