ဒီမှာတော့ စစ်လေ့စစ်ထမရှိပါဘူး။ သွေးစစ်ပြီး ကလေးမှာ ချို့ယွင်းချက်ပါ မပါကို စစ်တာဖြစ်ပါတယ်။ ကိုယ်ဝန် ၁၀ပတ်လောက်ဆို စစ်လို့ရပါပြီ။ ဒီကနေ ဘာလေးလဲဆိုတာပါ စစ်လို့ရပါတယ်။ ဈေးကြီးတဲ့အတွက် ဘာလေးလဲဆိုတာ သိချင်ရုံသက်သက်တော့ ဒါနဲ့ စစ်လေ့မရှိပါဘူး။ အယ်ထွာဆောင်းပဲ ရိုက်လိုက်ကြပါတယ်။
Amniocentesis
ဒါကတော့ ရေမြွာရည်ကို စစ်ဆေးတာပါ။ ရေမြွာရည်ကို စစ်ပြီး ကလေးမှာ ဒေါင်းရောဂါလိုမျိုး မျိုးဗီဇရောဂါ ပါမပါ စစ်တာပါ။ ကိုယ်ဝန် ၁၅ပတ်ဆို စစ်လို့ ရပါပြီ။ သူက ကလေးရဲ့ မျိုးဗီဇ (ခရိုမိုဇုမ်း)ကို စစ်ဆေးတာပါ။ ဘာလေးလဲဆိုတာကို တိုက်ရိုက်စစ်ဆေးတာ မဟုတ်ပါဘူး။ တချို့ မျိုးဗီဇရောဂါတွေက ယျောက်လေး ဒါမှမဟုတ် မိန်းကလေးမှာပဲ ဖြစ်တာကြောင့် သွယ်ဝိုက်တဲ့ နည်းနဲ့ ဘာလေးလဲဆိုတာ သိနိုင်ပါတယ်။ ဥပမာ Turner’s syndromeဆိုရင် သမီးတွေမှာပဲ ဖြစ်တာပါ။
Chorionic villus sampling (CVS)
အပေါ်မှာ ပြောခဲ့တဲ့ ရေမြွာရည်စစ်သလိုမျိုးပါပဲ။ ကလေးမှာ မျိုးဗီဇချို့ယွင်းချက် ပါ မပါ စစ်တာပါ။ ကိုယ်ဝန်ပတ် ၁၁ပတ်နဲ့ ၁၄ပတ်ကြားမှာ စစ်လို့ရပါတယ်။ သူကတော့ အချင်းအစလေးကို ယူပြီးစစ်ဆေးတာဖြစ်ပါတယ်။ ကလေးမှာ ဖြစ်တဲ့ မျိုးဗီဇရောဂါကို ကြည့်ပြီး ဘာလေးလဲဆိုတာကို သိနိုင်ပါတယ်။
Amniocentesis ရော Chorionic villus sampling (CVS) ရောက ကလေးပျက်နိုင်ခြေရှိတဲ့အတွက် သားသားလေးလား မီးမီးလေးလား ဆိုတာ သိချင်ရုံသက်သက်နဲ့တော့ မစစ်ပါဘူး။
ဒီတော့ ခြုံပြောရရင် ကလေးက ဘာလေးလဲဆိုတာကို အန္တရာယ်ကင်းကင်း သိနိုင်ဖို့ အယ်ထွာဆောင်းပဲ ရိုက်ကြပါတယ်။
ကလေးက ဘာလေးလဲဆိုတာကို သိဖို့ မိရိုးဖလာခန့်မှန်းနည်းတွေနဲ့ ခန့်မှန်းတာဖြစ်ဖြစ်၊ အယ်ထွာဆောင်းအဖြေကို စောင့်ကြည့်တာပဲဖြစ်ဖြစ် အင်မတန် စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ခုနောက်ပိုင်းဆို gender revealဆိုပြီး ပွဲလေးတွေတောင် လုပ်လာကြပါပြီ။ ဘာလေးမွေးမလဲဆိုတာက ၅၀/၅၀ပါ။ ဒါပေမယ့် ဒါကို ခန့်မှန်းနေရတာကိုက ပျော်စရာကောင်းနေတာပါ။
ရေးသားသူ− Wuthun Myat Chal
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။