– အစာအာဟာရချို့တဲ့နေတဲ့သူ
– HIV ပိုး ကူးစက်ခံရပြီး ကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုး ပမာဏ အရမ်းများနေတဲ့သူ တွေထဲက တစ်မျိုးမျိုး ဖြစ်နေမယ်ဆိုရင် အမေကနေ ကလေးကို ရောဂါကူးနိုင်ခြေ ပိုများသွားပြီ ဖြစ်ပါတယ်။
တကယ်လို့ ကိုယ်ဝန်ဆောင်မိခင်မှာ HIV ပိုး ရှိတာ သေချာသွားပြီဆိုရင် ကလေးကို ရောဂါပိုး မကူးဖို့နဲ့ အဆင်ပြေပြေ မီးဖွားနိုင်ဖို့ ဆေးကုသမှု၊ စိတ်ပိုင်းဆိုင်ရာ အားပေးမှု၊ ကျန်းမာရေး အသိပညာပေးမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။ မိခင်ကနေ ကလေးဆီရောဂါပိုးမကူးစက်အောင် သောက်ဆေးတချို့လည်းသောက်ဖို့လိုအပ်မှာဖြစ်ပါတယ်။ အတိုကောက် ZDV (zidovudine) လို့ခေါ်တဲ့သောက်ဆေးကို ကိုယ်ဝန် ၄လလောက်ကစပြီး သောက်ဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်က ဘာဆေးမှမသောက်ထားဘဲ ကလေးမွေးဖွားချိန်မှ ဆေးစသောက်မယ်ဆိုရင်တော့ ZDV ဆေးအပြင် တခြားဆေးဝါးတွေပါ ပူးတွဲသောက်သုံးရမှာပါ။
ကလေးမွေးဖွားတဲ့နည်းလမ်းကလည်း ရောဂါကူးစက်မှုအပေါ်သက်ရောက်ပါတယ်။ HIV ပိုး ရှိတဲ့ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ရိုးရိုးမွေးတာထက် ခွဲစိတ်မွေးဖွားရင် မိခင်ကနေ ကလေးဆီရောဂါကူးစက်နိုင်ခြေ ပိုနည်းတာကြောင့် ခွဲစိတ်မွေးဖွားနည်းကို ရွေးချယ်သင့်ပါတယ်။ မိခင်နို့တိုက်တာနဲ့ပတ်သက်ရင်တော့
– HIV မရှိဘူး ဒါမှမဟုတ် ပိုး ရှိ၊ မရှိမသေချာခဲ့ရင် ကလေးအသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းပဲ တိုက်ကျွေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။