သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုယ်ဝန်ရှိနေတာကို မသိလိုက်ဘဲ သန္ဓေတားသောက်ဆေး သောက်လိုက်မိတယ်

ကိုယ်ဝန်ရှိနေတာကို မသိလိုက်ဘဲ သန္ဓေတားသောက်ဆေး သောက်လိုက်မိတယ်

ကိုယ်ဝန်ရှိနေတာကို မသိလိုက်ဘူး။ ပုံမှန်အတိုင်းပဲ တားဆေးကို ဆက်သောက်လိုက်မိတယ်ဆိုတဲ့ လေဒီလေးတွေများရှိလား။ ဒါက ဖြစ်ခဲတယ်ဆိုပေမယ့် ဒီလိုဖြစ်ခဲ့ရင် ဘာတွေများဖြစ်နိုင်မလဲဆိုပြီး တွေးပူနေမိတဲ့လေဒီလေးတွေရေ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

ကိုယ်ဝန်ရှိနေတုန်း တားဆေးသောက်မိတာက ကလေးကို ထိခိုက်နိုင်လား………..

အမျိုးသမီးတော်တော်များများသိချင်ကြတဲ့အကြောင်းက ကိုယ်ဝန်ရှိနေမှန်းမသိလိုက်ဘဲ တားဆေးသောက်လိုက်မိတယ်။ ဒါဆိုရင် ကလေးကိုထိခိုက်မိနိုင်လားဆိုတာပါ။ လေ့လာချက်တွေအရသိရတာက ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ တားဆေးသောက်မိတာကြောင့် သန္ဓေသားအပါ်မှာ ထိခိုက်နိုင်တယ်၊လို့ တိတိကျကျမသိရသေးပါဘူး။

ကလေးမှာ မွေးရာပါချို့ယွင်းချက်ပါလာနိုင်တယ်
လေဒီတော်တော်များများဖြစ်တတ်တာက ကိုယ်ဝန်ရှိနေမှန်းမသိလိုက်ဘဲ တားဆေးသောက်လိုက်မိတာပါ။ ဒီလိုနဲ့ ကိုယ်ဝန်ရှိမှန်းသိလိုက်ရချိန်မှာ ကလေးမှာ မွေးရာပါချို့ယွင်းချက်ပါလာတော့မှာပဲဆိုပြီး စိုးရိမ်တာမျိုးရှိနိုင်ပါတယ်။ ဒါကမဖြစ်နိုင်ဘူးလို့ အတိအကျမပြောနိုင်သလို ဖြစ်နိုင်ပါတယ်လို့လည်း မဆိုနိုင်ပါဘူး။ ကိုယ်ဝန်အစောပိုင်းကာလမှာ တားဆေးသောက်မိတာကြောင့် မွေးလာမယ့်ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေပါလာနိုင်ခြေများတယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက် အထားတွေတော့ မရှိသေးပါဘူး။ ဖြစ်နိုင်ခြေကတော့ တော်တော်နည်းပါတယ်။
တားဆေးတွေက ကိုယ်ဝန်ပျက်ကျနိုင်လားဆိုတော့ ဖြစ်နိုင်ခြေမရှိဘူးလို့ပဲပြောပါရစေ။ အကြောင်းကတော့ ဟော်မုန်းပါတဲ့ သန္ဓေတားဆေးတွေက သားအိမ်ခေါင်းအမြှေးပါးကိုထူစေပြီး သုက်ပိုးတွေ သားအိမ်ထဲကိုဝင်မလာအောင်ကာကွယ်ပေးပါတယ်။ မျိုးအောင်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒီအချက်တွေကြောင့် ကိုယ်ဝန်ပျက်ကျတာကိုမဖြစ်နိုင်ပါဘူး။ အရေးပေါ်သန္ဓေတားဆေးကြောင့်လည်း ကိုယ်ဝန်ပျက်မကျနိုင်ပါဘူး။

တားဆေးအများစုကတော့ ကိုယ်ဝန်ရှိနေချိန်မှာ မသိဘဲသောက်မိလိုက်ရုံနဲ့ သားအိမ်ပြင်ပမှာ သန္ဓေတည်တာမျိုး မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အရေးပေါ်တားဆေးကို မကြာမကြာသောက်တတ်တဲ့ သူတွေ၊ ပရိုဂျက်စတုန်း တစ်မျိုးတည်းပါတဲ့ တားဆေးသောက်တဲ့သူတွေကတော့ ဒါမျိုးပြဿနာ ကြုံရနိုင်ပါတယ်။

တားဆေးသောက်နေချိန်မှာ မထင်မှတ်ဘဲ ကိုယ်ဝန်ရတယ်ဆိုတာက ဖြစ်နိုင်ခြေနည်းပေမယ့် သတိထားတာကတော့ အကောင်းဆုံးဖြစ်မှာပါ။ ဒါကြောင့် ကိုယ်ဝန်ရှိနေတယ်၊လို့ သံသယရှိမယ်ဆိုရင် ဆီးစစ်ကြည့်စေချင်ပါတယ်။ သတိထားတာကတော့ အကောင်းဆုံးဖြစ်မှာပါ။ တကယ်လို့ ဆီးစစ်ကြည့်တဲ့အခါ ကိုယ်ဝန်ရှိနေတယ်လို့ သိရပြီဆိုရင် ဆေးကို ဆက်မသောက်ပါနဲ့တော့။ ဆီးစစ်ချက်အဖြေက သေသေချာချာမသိရသေးခင်မှာလည်း တစ်ပတ်စောင့်ပြီး ဆီးပြန်စစ်ပါ။ ဒီအတောအတွင်းမှာလည်း တားဆေးကို မသောက်ဖို့ ပြောပါရစေ။ ဒီအတောအတွင်းမှာ အတူနေမယ်ဆိုရင်တော့ အကာအကွယ်သုံးစေချင်ပါတယ်။

health-tool-icon

ကိုယ်ဝန်ဆောင်ချိန် ကိုယ်အလေးချိန်တွက်ချက်ခြင်း

ဤကိရိယာသည် အမျိုးသမီးများအတွက် ကိုယ်ဝန်မဆောင်ခင်က ရှိသည့် ကိုယ်အလေးချိန်ပေါ် မူတည်၍ ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်အလေးချိန် မည်မျှရှိသင့်သည်ကို တွက်ချက်ပေးခြင်း ဖြစ်ပါသည်။

28

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Can Taking the Birth Control Pill While Pregnant Hurt My Baby? https://www.verywellhealth.com/will-taking-the-pill-while-pregnant-harm-the-baby-906925 Accessed Date 13 January 2020

Do birth control pills cause birth defects if taken during early pregnancy? https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/expert-answers/birth-control-pills/faq-20058376 Accessed Date 13 January 2020

Taking Birth Control Pills While You Are Pregnant – Are There Any Side-effects? https://parenting.firstcry.com/articles/effects-of-taking-birth-control-while-you-are-unknowingly-pregnant/ Accessed Date 13 January 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 06/07/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။