ကိုယ်ဝန်ဆောင်ဆီးချိုရှိတိုင်းတော့ ကလေး အသေ မမွေးပါဘူး။ ဒါပေမယ့် သွေးတွင်းသကြားဓာတ်တွေ ထိန်းမရအောင် တက်နေရင်တော့ ကလေးကို ထိခိုက်တတ်ပါတယ်။
များသောအားဖြင့်တော့ မိခင်ရဲ့ မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်တဲ့အခါ သားအိမ်ထိရောက်ပြီး ကလေးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အဖြစ်အများဆုံး ပိုးဝင်ခြင်းတွေကတော့ group B streptococcus၊ အီကိုလိုင်၊ Klebsiella၊ Enterococcus၊ Haemophilus influenza၊ ကလိုင်မိုင်ဒီးယား၊ Mycoplasma၊ Ureaplasma စတဲ့ပိုးတွေကြောင့် အဖြစ်များပါတယ်။
အဲ့ဒီထဲမှာမှ ကလိုင်မိုင်ဒီးယား၊ Mycoplasmaနဲ့ Ureaplasmaက လိင်ကနေတဆင့် ကူးစက်တတ်တဲ့ ပိုးတွေ ဖြစ်ပါတယ်။ သူတို့ကို အတူနေတဲ့အခါ ကွန်ဒုံးသုံးပြီး ကာကွယ်လို့ ရပါတယ်။
ဒါတွေအပြင် ကလေး အသေ မွေးခြင်း ကို ဖြစ်စေတဲ့ တခြားကူးစက်ရောဂါပိုးတွေကတော့
- ဂျိုက်သိုး (ဂျာမန်ဝက်သက်)
- ရာသီတုပ်ကွေး− ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။
- ပါဗိုဗိုင်ရပ်စ် B19 − ကလေးတွေမှာ ဖြစ်ပေမယ့် သူတို့ကနေ ကိုယ်ဝန်ဆောင်ကို ကူးပြီး ဗိုက်ထဲက ကလေးကို ဒုက္ခဖြစ်စေတတ်ပါတယ်။
- Coxsackie ဗိုင်းရပ်စ် − ကလေးတွေမှာ ခြေလက်ပါးစပ်ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပါ။
- Cytomegalovirus – ခန္ဓာကိုယ်ကထွက်တဲ့ ဆီး၊ တံတွေးတွေကနေ ကူးစက်တတ်ပါတယ်။
- ရေယုန် − လိင်အင်္ဂါရေယုန်ရော နှုတ်ခမ်းရေယုန်ရော ပါပါတယ်။
- လစ်စတီးယားပိုး − အဲ့ဒီ ဘက်တီးရီးယားပါတဲ့ အစားအစာတွေကို စားမိရာကနေ ကူးစက်တာပါ။
- Toxoplasmosis – ကြောင်ချေးကနေ ကူးတဲ့ ဘက်တီးရီးယား ဖြစ်ပါတယ်။
- လိုင်းမ် ရောဂါ − Ticksလို့ခေါ်တဲ့ အကောင်ငယ်လေးတွေကနေ ကူးစက်တာ ဖြစ်ပါတယ်။
- Q fever – ဆိတ်၊ သိုး၊ နွားတွေကနေတဆင့် ကူးစက်တာ ဖြစ်ပါတယ်။
- Leptospirosis − ကြွက်တွေကနေ ကူးစက်တာ ဖြစ်ပါတယ်။
- ငှက်ဖျားရောဂါ
ကလေးအသေ မွေးနိုင်ခြေ များသူများ
အပေါ်ကအချက်တွေအပြင် ဒီလိုကိုယ်ဝန်ဆောင်တွေကလည်း ကလေးအဖတ်မတင်ဖို့ အခွင့်အလမ်းများပါတယ်တဲ့။
- အမြွာကိုယ်ဝန်
- ကြီးသင့်သလောက် မကြီးထွားတဲ့ သန္ဓေသားကို ကိုယ်ဝန်ဆောင်ထားတဲ့အခါ
- အသက် ၃၅နှစ်နဲ့အထက်
- ကိုယ်ဝန်ဆောင်ချိန်မှာ အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးသုံးတဲ့အခါ
- အဝလွန်တဲ့ ကိုယ်ဝန်ဆောင် (အထူးသဖြင့် BMI ၃၀နဲ့အထက်)
- အတက်ရောဂါလိုမျိုး ရောဂါအခံတစ်ခုခု ရှိတဲ့ မိခင်တွေပဲဖြစ်ပါတယ်။
ကလေးအသေ မွေးခြင်း က တစ်ခါတလေမှာ အကြောင်းရင်းမရှိဘဲ ဖြစ်တတ်ပေမယ့် အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေကို တတ်နိုင်သမျှ မဖြစ်အောင် ကာကွယ်ထားပါ။ ဒါ့ပြင် ကိုယ်ဝန်ရက်ချိန်း ပုံမှန်ပြပါ။ ဒါမှ ကလေးမှာ တစ်ခုခု ဖြစ်တဲ့အခါ ကြိုတင်သိရှိနိုင်မှာ ဖြစ်ပါတယ်။
ရေးသားသူ − Dr K. Zin Thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။