backup og meta

ကိုဗစ်ရောဂါအချိန်အတွင်း သားသားမီးမီးလေးတို့ကိုဘယ်လိုစောင့်ရှောက်သင့်သလဲ


Ye Zon Aung မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်ရောဂါအချိန်အတွင်း သားသားမီးမီးလေးတို့ကိုဘယ်လိုစောင့်ရှောက်သင့်သလဲ

    ကလေးတစ်ယောက်ကို ထိန်းသိမ်းစောင့်ရှောက်ရတာလွယ်ကူတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ပုံမှန်အချိန်မှာတောင် ပြုစုစောင့်ရှောက်ရတာ ခက်ခဲအတွက် ဒီလိုကိုဗစ်ရောဂါအချိန်ကျောင်းတွေပိတ်ပြီး အိမ်မှာပဲနေရတဲ့အခါ စောင့်ရှောက်ရတာပိုတောင်ခက်ခဲပါသေးတယ်။ စိုးရိမ်ပူပန်မှုတွေကို လျော့ချပြီး လုပ်သင့်လုပ်ထိုက်တာတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်တော့ သားသားမီးမီးတို့နဲ့အတူ အဆင်ပြေပြေ ကျော်ဖြတ်နိုင်မှာပါ။

    သင့်ကိုယ်သင်အရင် ဂရုစိုက်ပါ။

    လေယာဉ်ပေါ်မှာ အရေးပေါ်အခြေအနေရောက်ရင် မိမိကိုယ်ကိုယ် အောက်စီဂျင်အရင်တပ်ပြီးမှ သူများကိုတပ်ပေးဖို့အတွက် သတိပေးလေ့ရှိပါတယ်။ ဒီလိုပါပဲ သူများကိုဂရုစိုက်ပေးဖို့အတွက် အရင်ဆုံးကိုယ့်ကိုယ်ကိုဂရုစိုက်ရပါမယ်။ ကလေးငယ်တွေကို ဂရုစိုက်နိုင်ဖို့အတွက် ကိုယ်ကကျန်းမာနေမှဖြစ်မှာပါ။

    ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့်အပြင်သွားရတိုင်း ဂရူစိုက်ပြီး ပြန်လာရင်လည်း ကလေးငယ်တွေကို မပွေ့ချီပဲ လက်အရင်ဆေးကြောရပါမယ်။ ကလေးတွေက ကိုယ့်ဆီပြေးလာရင်တောင်ငြင်းပယ်ပြီး အရင်ဆုံးသန့်စင်အောင်လုပ်ရပါမယ်။

    ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာလည်း အကောင်ဆုံးဖြစ်နေမှ ကလေးတွေကို ပိုပြီးကောင်းမွန်အောင်ထိန်းကြောင်းနိုင်မှာဖြစ်လို့ မှန်ကန်တဲ့သတင်းအချက်အလက်တွေနဲ့ ကျန်းမာရေးဗဟုသုတတွေရှိနေအောင်လုပ်ထားရပါမယ်။

    ကလေးတွေကိုကောင်းကောင်း ဂရုစိုက်ပေးချင်တယ်ဆိုရင် အရင်ဆုံးမိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းနဲ့စပေးရပါမယ်။

    စိတ်ခံစားချက်ကိုထိန်းချုပ်ပါ။

    စိုးရိမ်ပူပန်တာ၊ စိတ်အလိုမကျဖြစ်တာမျိုးက ဒီလိုအချိန်တွေမှာ လူတိုင်းနီးပါးဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် စိတ်ခံစားချက်နောက်ကို အလွန်အကြူးလိုက်ပါမယ်ဆိုရင်တော့ အိမ်အတွက်ပုံမှန်လုပ်နေကြအလုပ်တွေ လစ်လပ်သွားတဲ့အခါ ကိုယ်သာမက ကလေးငယ်တွေအတွက်ပါ ဆိုးကျိုးရှိစေနိုင်တဲ့အတွက် အထူးဂရုပြုရပါမယ်။

    ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းတွေကိုသေချာလေ့လာပါ၊ နားထောင်ပါ။ ကောလဟာလတွေကို နားယောင်မိခြင်းက အစိုးရိမ်လွန်ကဲစေနိုင်ပါတယ်။

    သင့်ကျန်းမာရေးကိုသာမက ကလေးရဲ့ကျန်းမာရေးကိုပါ ဂရုစိုက်ပါ။ သံသယဖြစ်ဖွယ် လက္ခဏာတွေ့ရှိရင် သက်ဆိုင်ရာကျန်းမာရေးဌာနကိုအကြောင်းကြားသင့်သလို သာမာန်ရောဂါတွေအတွက်လည်း ဆေးရုံ၊ ဆေးခန်းအထိသွားစရာမလိုတဲ့ တယ်လီဖုန်းနဲ့ဆက်သွယ်ဆွေးနွေးကုသမှုတွေကို ခံယူလို့ရနေပြီဖြစ်ပါတယ်။

    ကလေးတွေရဲ့အမူအကျင့်တွေကိုသတိထားပါ။

    ကလေးတော်တော်များများက သူတို့ရဲ့ခံစားချက်တွေကို တိတိကျကျမဖော်ပြတတ်ကြပါဘူး။ သုံးနှစ်အောက် ကလေးတွေဆိုရင် စကားတောင်ပြည့်စုံအောင် မပြောတတ်တဲ့အတွက် သူတို့ရဲ့အမူအကျင့်ပြောင်းလဲမှုတွေကို သတိထားဖို့လိုပါတယ်။

    ကလေးကိုကစားလို့ရအောင်လုပ်ပေးပါ။

    ကလေးတစ်ယောက်ရဲ့ ကျန်းမာရေးအတွက်ဆော့ကစားခြင်းကလည်း အရေးပါပါတယ်။ အပြင်သွားဖို့မဖြစ်နိုင်တော့တဲ့အခါ သူ့ကိုအိမ်ထဲမှာပဲ ပျော်ရွှင်စွာကစားနိုင်အောင် နည်းလမ်းတွေဖန်တီးပေးထားသင့်ပါတယ်။

    ကူးစက်မှုရောဂါဆိုင်ရာစည်းကမ်းများကိုလိုက်နာပါ။

    အကြောင်းအမျိုးမျိုးကြောင့်ကိုယ်တိုင်အပြင်ထွက်ရတာဖြစ်ဖြစ်၊ ကလေးကိုအပြင်ထွက်ပေးရတာမျိုးဖြစ်ခဲ့ရင် ပြန်လာတာနဲ့ လက်ကိုသေချာဆေးကြောပေးပါ။

    လူအများနဲ့ကလေးကိုဖြစ်နိုင်သလောက်မထိစေပါနဲ့။

    အခြားကလေးတွေနဲ့ အတူတူဆော့ကစားခြင်းကို လျှော့ချပါ။

    ကပ်ရောဂါအချိန်မှာ တွေကိုပြုစုစောင့်ရှောက်ရတာ ပုံမှန်ထက်ပိုခက်ခဲပေမယ့် စည်းကမ်းတစ်ကျပြုလုပ်သွားမယ်ဆိုရင် လွယ်လွယ်ကူကူ အောင်အောင်မြင်မြင်နဲ့ပဲကျော်လွှားသွားနိုင်ကြမှာပါ။ ။

    ရေးသားသူ မောင်မျိုးအောင် ( ဆေး-၁ )

    [covid_19]

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement